ရှင်ယောဟန်သြဝါဒစာတတိယစောင် ၁

၁။  နှုတ်ခွန်းချွေလွှာဆုပဏ္ဍာ(:)

          : ပထမဩဝါဒစာစောင်ကဲ့သို့ပင် ယောဟန်က သင်းအုပ်သဖွယ် ရပ်တည်၍ သမ္မာတရား၌ချစ်ခင်လေးစား​သော အချစ်ဆုံးဂါယုကို လိပ်မူ နှုတ်ဆက်ထားသည်။ ရော ၁၆:၂၃ သို့မဟုတ် (တ၂ဝ:၄)မှ ဂါယု ဟုတ်မဟုတ် အသေအချာ မသိရသော်လည်း ဤတိုတောင်းသော ကျမ်းစာအကြားထဲမှ နှုတ်ခွန်းဆက်သခြင်း ခံရသူသည် အံ့ဩဖွယ်ကောင်းသူဖြစ်ပါသည်။ ခရစ်ယာန် မိဿဟာယအဖွဲ့ထဲမှာ ရှင်ယောဟန်၏ ချစ်ခင်လေးစားခြင်း ခံရဆုံးသော ပုုဂ္ဂိုလ်ဖြစ်သည်။

(:) ရှင်ယောဟန်၏ ပေးစာအရ ဆိုလျှင် ထိုသူသည် ဝိညာဉ်ရေးရာတွင် ရင့်ကျက်ကြွယ်ဝသော်လည်း ကျန်းမာရေး ချူချာနေပုံရသည်။ သင်သည် အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည့် အကြောင်း ဆိုသောစကားကို ထောက်ခြင်းဖြင့် ရုပ်ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပိုမိုဆုတောင်းပေးဟန် တူသည်။

စိတ်ဝိညာဉ် ချမ်းသာဖို့ရန် ရုပ်ခန္ဓာကျန်းမာဖို့ လိုအပ်ပါသလား။ စိတ်ဝိညာဉ်ထက် ရုပ်ခန္ဓာကိုယ်ကို ဦးစား ပေးဖို့လိုပါသလား။  FB Meyer ကဤသို့ မှတ်ချက်ပြုထားပါသည်။

”ဤကျမ်းချက်ကို အကျယ်ချဲ့ ပြောစရာလိုမည် မထင်ပါ။ အဘယ်ကြောင့်ဆိုသော ရုပ်ခန္ဓာကိုယ်သည် ဝိညာဉ်ခွန်အား ဖြည့်ဆည်းရန်ဖြစ်သည်ဟု ပြောလျှင် ချက်ချင်းဖျားနာကုန်ကြတော့မည်။ ”

ဤကျမ်းပိုဒ်သည် လူအများပြောနေကြသည့် ယုံကြည်ခြင်းဖြင့် အနာကင်းငြိမ်းခြင်းနှင့် ဆန့်ကျင်နေပါသည်။  အနာရောဂါဟူသမျှသည် အပြစ်ရလဒ်ဖြစ်သည်ဟု ထင်မှတ်ကြသည်။ လူတဦးအနာရောဂါ ရလာလျှင် ယုံကြည်မှု နည်းပါးသောကြောင့် ဖြစ်သည်ဟု စီရင်တတ်ကြသည်။ ထိုစကားသည် ဂါယအသက်တာနှင့် ယှဉ်လျှင် မမှန်ပါ။  ဂါယု၏ဝိညာဉ်ရေးရာသည် ခိုင်မာသော်လည်း ရုပ်ခန္ဓာကိုယ်ကျန်းမာရေး မကောင်းပါ။ ထို့ကြောင့် ဝိညာဉ်ခွန်အားကြီးခြင်းက ရုပ်ခန္ဓာကို မကြီးစိုးနိုင်ကြောင်း နားလည်ရသည်။

(:) သမ္မာတရား၌ ကျင်လည်သည့်အတိုင်း သင့်၌ရှိသော သမ္မာတရား၏အကြောင်းကို ညီအစ်ကိုတို့ သည်လာ၍ သက်သေခံကြသောအခါ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ၏ဟုဆိုထားသည်။ ယုံကြည်ခြင်း ခိုင်မာရန်လိုအပ်သကဲ့သို့ သမ္မာတရား ပို၍လိုအပ်သည်။ သမ္မာတရားကို သိရှိဖို့ရန်သာမဟုတ်၊ မိမိအထဲတွင် ရှင်သန် စေရမည်။ ကြားနာခြင်းထက် ဒေသနာဝေမျှခြင်းက ပိုမြတ်သည်။ မိမိအသက်တာတွင် ဘုရားရှင်ထက် ကောင်းသောအရာ အဘယ်မှာရှာမတွေ့နိုင်ပါ။

(:) ငါ၏သားသမီးတို့သည်သမ္မာတရား၌ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ ဝမ်းမြောက်ခြင်းမရှိဟု ဤကျမ်းစာက သွန်သင်အားပေးထားပါသည်။ မိမိသားသမီးများအား အမှောင်လောကထဲမှ ဘုရားသခင် အလင်းထဲသို့ ရောက်ရှိခြင်းသည် ခရစ်ယာန်မိဘများ၏ မဟာအောင်ပွဲဟု အနက်ဖွင့်ဆိုနိုင်ပါသည်။ နောင်တ ရကာ အိမ်ပြန်လာသော သားမိုက်၏ ဝက်စာစားခြင်းကို မြင်ရခိုက် ဖခင်၏စိတ်နာကြင်မှုကို မည်သူတိုင်းတာသိရှိနိုင် မည်နည်း။ တနည်းပြောရလျှင် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ တစ်ခုပြီးတစ်ခုခံစားရမည့် သားသမီးတို့အရေး မြင်ရသော ခံစားမှုသည် စိတ်လှုပ်ရှားဖွယ်ကောင်းပါသည်။ ထိုကဲ့သို့ပင် ဧဝံဂေလိလုပ်ငန်းသည်လည်း အရေးကြီး၍ စိတ်ဝင်စားဖွယ်ကောင်းပါသည်။

၂။  ဘုရားသားဂါယု

          : ဂါယုသည် တရားဒေသနာတော်များကို လိုက်လံဟောကြားသူများအား ယဉ်ကျေးဖော်ရွေစွာ ဧည့်ခံ တတ်သူဖြစ်သည်။ သူသိကျွမ်းသောသူကိုသာလျှင် ထိုကဲ့သို့ဧည့်ခံခြင်းမဟုတ်ပါ။ တစိမ်းတရံဧည့်သည်ဟူ၍ မခွဲခြားပါ။  ဂါယုသည် အမှုတော်အားသစ္စာရှိသူဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် သွန်သင်သည့် ဧည့်ဝတ်ပျူငှာ ကျေပွန်ခြင်း ဖြစ်သည်။  (မ ၂၅:၄ဝ)။ အခြားတစ်ဘက်တွင် ဧည့်ဝတ်မကျေပွန်စိမ်းကားသောသူသည် ကိုယ်တော်အား စိမ်းကားရာရောက်ပါသည်။  (မ၂၅:၄၅)။ ထို့သို့ဧည့်ခံရာတွင် ကောင်းကင်သားများအား ဧည့်ခံတတ်သည်။ (ဟေဗြဲ ၁၃:၂)ဟု ကျမ်းစာက သွန်သင်ထားပါသည်။ ဧည့်ဝတ်ကျေပွန်ခြင်းဖြင့် များစွာစမ်းသပ်ခဲ့ကြောင်း တွေ့ရသည်။ အစားအစာအား ဖြင့်လည်း စမ်းသပ်ခံ ရသည်။ (လု ၂၄:၂၉-၃၅)။ သားသမီးများ၏ အသက်တာပြောင်းလဲလေလေ၊ မိဘသည်လည်း ဘုရားသခင်နှင့် နီးစပ် လေလေဖြစ်သည်။

:ထိုသူများအတွက် ဆုလက်ဆောင်များစွာ ပြင်ဆင်ထားပါသည်။ ဂါယု၏သနားကြင်နာမှုကို အသင်းတော် တိုင်းက ကြားသိကြသည်။ သို့သော်ဂါယု၏ အိမ်နှင့် နှလုံးသားတံခါးအား ဘုရားရှင်အတွက် ဖွင့်လှစ်ခြင်း၊ ဘုရားသခင်၏ သန့်ရှင်းသော နှုတ်ကပတ်တော်က ကိန်းဝပ်ခြင်း ကပိုမိုတောက်ပပါသည်။ ခရစ်တော်၏ ပလ္လင်ဖြူ တရားခုံရှေ့တွင် ဆုလက်ဆောင်ရယူမည်မှာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက်မျက်နှာကိုထောက်၍ ပရောဖက်ကို လက်ခံသူသည် ပရောဖက်၏အကျိုးကိုဖြစ်ထွန်းလတ္တံ။ (မ ၁ဝ:၄၅)ဟု ကျမ်းစာလာသတည်း ။ ဧည့်ဝတ်ကျေပွန်ခဲ့ သမျှသော ဒေသနာဆရာများ၏ အကျိုးဆုလက်ဆောင် အမှန်ခံစားရမည်။ ထိုဒေသနာများကို ပြုစုရသော အခွင့်ထူးသည် အရေးကြီးသော အချက်ဖြစ်ကြောင်း မှတ်သားရမည်။ ခရစ်တော်၏ နာမတော်မြတ်၌ သင်ကြားသော ဒေသနာရှင်များ၏ ဆုလက်ဆောင်များကို ရရှိခဲ့သည်။ ဧည့်ဝတ်ကျေပွန်သူများ၏ အဖိုးအခကို ဘုရားသခင်က ဆုလက်ဆောင်ပြန်ပေးပါသည်။ ကြင်နာသနားမှုအတွက် သရဖူလည်း အပ်နှင်းခြင်းခံရဦးမည်။

ထိုသူတို့သည် ဂါယု၏ချစ်ခြင်းမေတ္တာ အကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင် ကောင်းသောအမှုကိုပြုလိမ့်မည် ဟုဆိုထားပါသည်။ ထိုသို့ပြုခြင်းသည် ခင်မင်ရင်းနှီးမှုသာမက လေးစားကြည်ညိုသောအားဖြင့် ပံ့ပိုးခြင်း လည်းဖြစ်သည်။ ထို့ကြောင့်တရားဒေသနာရှင်များအား ဥစ္စာပစ္စည်းဖြင့်ဖြစ်စေ၊နဝကမ္မအလှူငွေဖြင့်ဖြစ်စေ ပေးကမ်း ချီးမြှင့်ခြင်းသည် ယုံကြည်မှုအဆင့်မြင့်မားခြင်း သက်သေဖြစ်သည်။

:တရားဒေသနာရှင်များကို အဘယ်ကြောင့်ပေးလှူထိုက်သနည်းဆိုသော် ထိုသူတို့သည် နာမတော်ကို ထောက်၍ သာသနာပလူတို့တွင် အလှူမခံဘဲ သွားကြ၏ဟု အကျိုးအကြောင်းရှင်းပြထားပါသည်။ ဘုရားသခင်က သူတို့လိုအပ်ချက်များကို ဖြေရှင်းပေးကြောင်း ဆိုလိုသည်။ မယုံကြည်သူများထံမှ မျှော်လင့်ချက် မထားကြပါ။ သူတို့ အရှင်သခင်သည် ထိုဒေသနာရှင်များအား မထောက်ပံ့နိုင်လောက်အောင် ဆင်းရဲမွဲတေသူ မဟုတ်ပါ။  သို့ကြောင့်မယုံကြည်သူများထံသို့လည်း မပူမပန်မကြောင့်မကြပဲ သွားဝံ့သည်။ ယနေ့ခေတ်ကာလ ခရစ်ယာန်လောက တွင် ငွေကြေးအသုံးများလာခြင်းသည် အပြစ်ဖို့စရာ မဟုတ်ပါ။ ဘုရားသခင်၏ အမှုတော်ဆောင်၍ မယုံကြည်သူများ ထံသို့ သွားရောက်ဟောပြောသူ၏ ပြဿနာများကို မည်သူကမှ မသိရှိကြသော်လည်းဘုရားသခင်ကသိရှိပါသည်။

: သို့ကြောင့် ငါတို့သည် ကိုယ်ပြုစုသောအရာ မပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည့်အကြောင်း သင်တို့သည်ကိုယ်ကိုကိုယ် သတိပြု၍ စောင့်ရှောက်ကြလော့ဟု သွန်သင်သည်။ စုံလင်သောအကျိုးရမည့် အကြောင်းဆိုသည်မှာ တတ်နိုင်သမျှ ကူညီထောက်ပံ့သည်။ ထိုသို့ထောက်ပံ့ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်။

၃။ နိုင်ထက်စီးနင်းသမားဒရောတရပ်(:၁၁)

          : အသင်းတော်အား စိတ်သဘောထားကျယ်ပြန့်စွာ ထားရှိရမည့်အကြောင်း သွန်သင်နေစဉ်မှာ နိုင့်ထက် စီးနင်းသမား ဒရောတရပ်ကလာ၍ ဆွမ်းဆန်ထဲကြွက်ချေးရောသည့်ပမာ အရုပ်ဆိုးစေပါသည်။ ထိုသူသည် အသင်းတော်ထဲတွင် နိုင်လိုမင်းထက်လုပ်လိုသည်။ သူ့အပြစ်မှာ ရာထူးနေရာအတွက် မာနထောင်ခြင်း၊ အတ္တလွန်ကဲခြင်း၊ ရပိုင်ခွင့်ထက်အဆမတန် ရရှိလိုသည်။ ထိုနေရာသည် ဒေသန္တရအသင်းတော် ဖြစ်မှာ သေချာသည်။ ခရစ်တော်အကြောင်း၊ ဒရောထရပ်မေ့ထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခရစ်တော်ကိုယ်စား အသင်းတော်တွင် လှုပ်ရှားနေကြောင်း မေ့နေသည်။

အသင်းတော်တွင် မည်သူနိုင်လိုမင်းထက် အာဏာဆန်ဆန်ဆုံးဖြတ်ခြင်း၊လက်ခံခြင်း၊ရေငုံနှုတ်ပိတ်ခြင်း မပြုရပါ။ ဘုရားသခင်က မုန်းသည်။ ဒရောထရပ်က သူ့လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့်ညီသည်ဟု ထင်ပုံရသည်။  သို့သော်လည်း ဘုရားရှေ့တွင်မူ ထိုသို့ပြုလုပ်ခြင်းသည် မုသာဖြစ်သည်။ တမာန်တော်များ၏ သမ္မာတရားကို ငြင်းပယ် ခြင်းဖြစ်သည်။ ရှင်ယောဟန်သာမက အခြားယုံကြည်သူ ညီအစ်ကိုများလည်း အနိုင်အထက်ပြုခြင်းဖြစ်သည်။

:၁ဝ ထိုသို့ပြုမူခြင်းသည် တကယ်ယုံကြည်သူများကို ငြင်းပယ်ခြင်း ဖြစ်သကဲ့သို့ လက်ခံသူများကိုလည်း မထေလေးစားခြင်း ဖြစ်သည်။ အာဏာရှုးဖြစ်၍ ဘုရားသခင်၏ အစေခံများကို ငြူစူသောစကားဖြင့် ကဲ့ရဲ့ဆန့်ကျင်သူ ဖြစ်သည်။ ထိုအသင်းတော်သို့ ယောဟန်နောက်တဖန် ရောက်သောအခါ မှတ်မိပါလိမ့်မည်။ ထိုကဲ့သို့သော အတ္တ အပြုအမူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဗြောင်ကျကျ ကျူးကျော်ရာရောက်ပါသည်။ ထိုအပြစ်ဆိုးသည် လျို့ဝှက်စည်းဝေးခြင်း၊ခြိမ်းခြောက်ခြင်း၊ခြောက်လှန့်ခြင်း အစဉ်ဖြစ်စေတတ်သည်။

:၁၁ ထို့ကြောင့်ဂါယုအား ထိုဒုစရိုက်မျိုးမှ ကင်းလွတ်၍ ကောင်းသော အကျင့်ကို လိုက်ခြင်းငှာ တိုက်တွန်းထားသည်။ ကောင်းသောအမှုသည် ဘုရားသခင်အား သက်သေခံခြင်းဖြစ်သည်။ သို့ကြောင့် ယောဟန်က ဒေမေတရီ၏ ဝိညာဉ်ရေးရာကို ပူပန်သောကြောင့် သတိပေးခြင်းဖြစ်သည်။

၄။  ဆပ်ကပ်ကိုးကွယ်သူ ဒေမေတရီ(:၁၂)

          ဒေမေတရိသည် ဤစာအားယူဆောင်ပေးသူ ဖြစ်နိုင်သည်။ လူအပေါင်းသည် ဒေမေတရီ၏သက်သေ ဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏ သက်သေဖြစ်၏။ ထို့ကြောင်းကို FB Hole ကဤသို့ဆိုသည်။

”ထိုသူကသမ္မာတရားကို ယူဆောင်လာသည် မတွေ့ရသော်လည်း သမ္မာတရား၏ဆန်းစစ်ခြင်း ခံရသူမဟုတ်။  သမ္မာတရားကဆန်းစစ်သည်။ ဆန်းစစ်ခံရသကဲ့သို့ ရပ်တည်ကြသည်။

၅။  တမာန်တော်၏စီမံချက်နှင့်ကောင်းကြီးမင်္ဂလာ(:၁၃၁၄)

          ဒုတိယဩဝါဒစာစောင်ကဲ့ သို့ နိဂုံးအဆုံးသတ်သည်။ မျက်နှာချင်းဆိုင်သည့်အခါ၊ပြန်လည်သွေးစည်း ကြမည်ဟုဆိုသည်။ ကျွန်ုပ်တို့သည် ဤဩဝါဒစာအား လိုက်နာရန် ကြွေးမြီရှိပါသည်။ ခရစ်ယာန်များ၏ ရှေးဦး ရက်များအတိုင်း စိတ်နှလုံးထဲတွင်လည်းကောင်း၊ အသက်တာတွင်၎င်း၊ ဘုရားသခင်၏ သားသမီးများ ပီပီနာခံခြင်း ရှိရမည်။ မကြာသောကာလမှာ ကောင်းကင်နိုင်ငံ၌ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ဆုံတွေ့သောအခါ သာ၍ နားလည်မှုရှိလျှက် ပိုမိုရင်းနှီးချစ်ခင်ကြမည်။ ဘုရားသခင်၌ တလုံးတဝတည်း ဖြစ်ကြမည့်အကြောင်းတည်း။

မှတ်စု

          (V.2)F.B.Meyer,Through the Bible Day by Day,VII:164,165.

(V.5) အဓိက NUကျမ်းတွင်” especially (Gk  touto,lit this ” ) Stranger

          (V.8) အဓိကNU ကျမ်းတွင် ‘”receive”(abolambanein) အစားSupport”(hupolambanein) ကိုအသုံးပြုသည်။

(V.12) F.B.Hole, အခြားအကြောင်းအချက်များရှာမရပါ။

Previous Article
Next Article