ရှင်ယောဟန်သြဝါဒစာပဌမစောင် ၁

၁။ စကားချီး၊ခရစ်ယာန်မိဿဟာယ (:)

          : စစ်မှန်သောမိဿဟာယများ၏ အခြေခံအုတ်မြစ်သည် သခင်ယေရှုခရစ်တော်ပေါ်၌သာတည်သည်။ ကိုယ်တော်အား ပြစ်မှားသူများသည် ထိုသို့မခံယူနိုင်ကြ။ ပထမအပိုဒ်ငယ်နှစ်ခုတွင် ကိုယ်တော်၏ ထာဝရတည်ရှိမှုနှင့် တကယ့်ရုပ်လက္ခဏာကို ရှင်းပြထားသည်။ အဖခမည်းတော်နှင့် တစ်ပုံစံတည်း ဖြစ်၍ လူ့လောကသို့ ဆင်းသက်လာသူ ဖြစ်သည်။ ကိုယ်တော်၏ ရုပ်သွင်ပြင်လက္ခဏာများကို တပည့်တော်များက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်။ နားဖြင့် စပ်စပ်ကြားသိခဲ့ရသည်။ စေ့စေ့ငှငှ ကြည့်မြင်ခဲ့ကြသည်။ လက်နှင့်လည်း ထိတွေ့ခဲ့ကြသည်။ အသက်ရှင်ရာ နှုတ်ပတ်တော်သည် ပြယုဂ်မျှသာမဟုတ်။ လူသား၏ အသွေးအသားခန္ခာကိုယ်အားဖြင့် ဆင်းသက်လာရာဖြစ်သည်။

:     ခမည်တော်နှင့်အတူ စိုးစံသူ၊ရှင်ယောဟန်ပြောသည့် ထာဝရအသက်ဖြစ်သူ သည် လူ့အသွေးအသား ကိုခံယူ၍ ကျွန်ုပ်တို့အလယ်တွင် တမန်တော်များနှင့်အတူ ကျင်လည်၍ ဤကျမ်းစကားက သက်သေထူပါသည်။

ဤကျမ်းပိုဒ်နှစ်ခုနှင့်ပတ်သက်၍ ပညာရှင်ကြီးက လက်တွေ့ကျနပုံကို အောက်ပါအတိုင်း ရှင်းပြထားသည်။

“ထာဝရအသက်သည် ဒဿနပညာရှင်ကြီးများ၏ အတွေးအခေါ်ပေါ်တွင် မတည်ဘဲ ဒေဝဝါဒီများ ပြောကြားသည့် မျက်စိဖြင့်မြင်၊ နားဖြင့်ကြား၊ စွေးစွေးကြည့်၍ လက်ဖြင့်ကိုင်တွယ်နိုင်သောသူ အပေါ်တွင် တည်မှီသောကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ အိမ်မက်စိတ်ကူးယဉ်မဟုတ်၊ တကယ့်အဖြစ်အပျက် အသေအချာတွေ့မြင်၍ စနစ်တကျ မှတ်တမ်းမှတ်ရာရှိပါသည်။

:    တမန်တော်သည် ဤအံ့ဖွယ်သတင်းစကားကို လျှို့ဝှက်သိမ်းဆည်းမထား၊ လွတ်လပ်စွာကျေညာခဲ့ကြောင်း ဤနေရာတွင် တွေ့ရသည်။ တမန်တော်များသည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာရဖွဲ့ရသကဲ့သို့ ယုံကြည်သူများနှင့်လည်း မိဿဟာရ ဖွဲ့ရသည် ခမည်းတော်နှင့်၎င်း၊ သားတော်နှင့်၎င်း၊ အပြစ်သားများ မိဿဟာရဖွဲ့နိုင်သည်မှာ အံ့ဩဖွယ်ကောင်းပါသည်။ ဤကျမ်းစာအတိုင်း အမှန်တကယ် မိဿဟာယဖွဲ့ ကြပါသည်။

သားတော်ယေရှုခရစ်ယေရှုနှင့် ခရစ်တော်သည် အတူတူဖြစ်၍ တစ်ဦးတစ်ယောက်တည်း ဖြစ်သည်။ ဘုရားသခင်၏ သားတော် လူသားဖြစ်သည်။ ယေရှုသည် ဖွားမြင်တော်မူစဉ်က မှည့်သောနာမည်ဖြစ်၍ ကိုယ်တော်၏ လူသားအစစ် အမှန်ကို ပြသခြင်း ဖြစ်သည်။ ခရစ်တော်ဆိုသည်မှာ ဘုရားသခင် ဘိသိတ်မင်္ဂလာပေးထားသူ၊ မေရှိယသခင်ဟု အဓိပ္ပါယ်ရှိသည်။ သို့ကြောင့် ယေရှုခရစ်တော်ဟု ခေါ်လျှင် လူ့ဇာတိနှင့် ဘုရားဇာတိတော်ရှိသည်ဟု သက်သေခံသည်။ ယေရှုသည် ”ဘုရားသားအစစ်မှအစစ်” (Nicence Creed ) ဖြစ်သည်။ လူသားအစစ်လည်း ဖြစ်သည်။

:သို့ဖြစ်လျှင်ဤကျမ်းစာတွင်မိဿဟရအကြောင်းဘာကြောင့်ရေးသားသနည်း။ကျွန်ုပ်တို့ပျော်ရွှင်မှု ပြည့်စုံစေရန် ဖြစ်သည်။ ဤလောကသည် လူ့နှလုံးသား၊ သမ္မာတရားနှင့် ပျော်ရွှင်ခြင်းများ ကြာရှည်တည်တံ့အောင် မပေးနိုင်။ ထိုပျော်ရွှင်မှုသည် ဘုရားသခင်နှင့် တစ်ဦးချင်းဆက်ဆံခြင်း၌ မူတည်သည်။ ဘုရားသခင်နှင့် ဖြစ်စေ။ သခင်ယေရှုနှင့် ဖြစ်စေ မိဿဟာရဖွဲ့ခြင်းသည် ဤလူ့လောကီတရားများနှင့် တိုင်းဆ၍ မရှိနိုင်သော ပျော်ရွှင်ခြင်း ရရှိပါသည်။ ကဗျာဆန်ဆန်ပြောရလျှင် ပျော်ရွှင်ခြင်းအသံသည် ဝေဟင်မိုးမြင့်အထက်မှာ ပျံလွင့်နေသည်ဟု ဆိုရမည်။

၂။   မိဿဟာရထိန်းသိမ်းစောင့်ရှောက်ရေးနိယာမ(::)

          :    မိဿဟာရဆိုသည်မှာ နှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုသောလူများ၊ အတူတကွပေါင်းသင်းဆက်ဆံခြင်း ဖြစ်သည်။ စုပေါင်းဘုံဖွဲ့ခြင်း သို့မဟုတ် လုပ်ဖော်ဆောင်ဖက်ပြုခြင်း ဟု ဆိုနိုင်သည်။ ယောဟန်ကမူ စာဖတ်ပရိသတ်အား ဘုရားသခင်နှင့် မိဿဟာရဖွဲ့စေချင်သည်။ ထို့သို့ဖြင့် ယေရှုလူ့လောကတွင် ရှိနေစဉ် လုပ်ဆောင်ခဲ့ပုံများကို သွန်သင်သည်။ ကိုယ်တော်၏ သွန်သင်ချက်များမှာ ဘုရားသခင်သည် အလင်းဖြစ်၍ သူ့၌တည်လျှင် အားလုံး လင်းမည့်အကြောင်း ဖြစ်သည်။ ဤကျမ်းစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားကို တစ်လုံးချင်း အတိအကျ ကိုးကားထားသည် မဟုတ်သော်လည်း” ဘုရားသခင်သည် အကြွင်းမဲ့ မြင့်မြတ်သည်၊ စင်ကြယ်သည်၊ တရား မျှတသည်၊ ဖြူစင်သည် ဟု ဆိုလိုသည်။ ဘုရားသခင်သည် အပြစ်ကို အလျဉ်းမမြင်ပါ။ ဘုရားသခင်ရှေ့တော်မှောက်တွင် မည့်သည့်အရာမှ ဖုံးကွယ်၍ မရပါ။ ” ငါတို့ကို စစ်ကြောစီရင်တော်မူသော သူရှေ့၌ မထင်ရှားသောအရာ တစုံတစ်ခုမျှမရှိ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာမရှိဘဲ မျက်မှောက်တော်၌ လှန်ထားလျှက်ရှိကြသည်။” (ဟေဗြဲ၄:၁၃) ဟု ကျမ်းစကားရှိပါသည်။

: သို့ကြောင့် ဘုရားသခင်နှင့် မိဿဟာရ ပြုရာတွင်လည်း တစုံတစ်ခုမှဖုံးကွယ်၍ မရပါအခန်း တစ်ခန်းထဲတွင် မီးထွန်းထားလျှင် အလင်းနှင့် အမှောင်ကန့်သတ်၍ မရနိုင်သော်လည်း လူအသက်တာတွင်လည်း အလင်းနှင့်အမှောင် ဒွန်တွဲ၍ မဖြစ်နိုင်ပါ။ အကယ်၍ အမှောင်ထဲတွင် လျှောက်လှမ်းနေလျှင် ထိုသူသည် ဘုရားသခင်နှင့် မိဿဟာယ မဖွဲ့နိုင်။ ဘုရားနှင့် မိဿဟာယဖွဲ့ ပါသည်ဟု တဖွဖွပြောပါလျှက်နှင့် အမှောင်ထဲမှာ လျှောက်နေသူသည် ဘယ်သော အခါမှ ကယ်တင်ခြင်းမရနိုင်။

          :    တစ်နည်းအားဖြင့် အလင်းထဲမှာ လျှောက်လှမ်းသူသည် သခင်ယေရှုနှင့် မိဿဟာယဖွဲ့ရသကဲ့သို့ အခြား ယုံကြည်သူ ခရစ်ယာန်များလည်း မိဿဟာယဖွဲ့သူဖြစ်သည်။ ဤကျမ်းစာတွင် လူသည်အမှောင် သို့မဟုတ် အလင်းတွင် လျှောက်လှမ်းသူဖြစ်ကြောင်းကို တစိုက်မက်မက်သွန်သင်ပါသည်။အလင်းထဲမှာရှိသူသည် ဘုရားသခင်၏ အိမ်ထောင်မိသားစုဝင် ဖြစ်သည်။ အမှောင်ထဲကလူသည် ဘုရားသခင်ထဲတွင် အမှောင် မရှိသောကြောင့် မည်သည့်အရာမျှ မတွေ့မမြင်မသက်ဆိုင်ရ။ အလင်းထဲတွင် လျှောက်သူသည် အချင်းချင်း မိဿဟာယဖွဲ့သော ခရစ်ယာန်၊ ယေရှုအသွေးတော်ကြောင့် အပြစ်အားလုံး သန့်ရှင်းစင်ကြယ်သူ ဖြစ်သည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းသည် ကရာနီကုန်းပေါ်တွင် သွန်းလောင်းခဲ့သော အသွေးတော်နှင့် ပတ်သက်သူများသာ အကြုံးဝင်သည်။ ထိုအသွေးတော်သည် ဖြောင့်မတ်ခြင်း ဖြစ်စေ၍ အပြစ်များကို လွှတ်ပေးသည်။ “အသွေးတော်သည် ဘယ်သောအခါမှ တန်ခိုးမကုန်”  ဟူသော သီချင်းအတိုင်း ကျွန်ုပ်တို့၏ အပြစ်များကို ရှင်းလင်းစင်ကြယ်စေပါသည်။ သို့ကြောင့် ယုံကြည်သူများသည် ခွင့်လွှတ်ခြင်း မပြုမီ၊ မိမိတို့ အပြစ်များကို ဝန်ချရသည်။ ထိုအကြောင်းကို အခန်းငယ် ၉ တွင် သွန်သင်ထားသည်။

:    ဘုရားသခင်နှင့် မိဿဟာယပြုရာတွင် မိမိတို့ဘက်မှ ယုံကြည်မှုရှိရန် လိုအပ်သည်။ မိမိတွင် အပြစ် အနာအဆာများ ရှိကြောင်း ဝန်ခံရသည်။ အခန်းငယ်(၈)ပါ အပြစ်နှင့် အခန်းငယ်(၉)ပါ ဒုစရိုက်များ၏ ထူးခြားပုံကို သတိထားပါ။ အပြစ်သည် ပျက်စီးခြင်း၊ ဆိုးယုတ်သော သဘာဝကို ရည်ညွှန်းသည်။ ဒုစရိုက်ဆိုသည်မှာ ပြုမှားခဲ့မိသော အပြစ်များကို ဆိုလိုသည်။ အမှန်စင်စစ်လူသည် မိမိတို့ပြုသော အမှုထက် ပိုမိုဆိုးသွမ်းပါသည်။ သို့သော်သခင်ယေရှု ခရစ်တော်က ကျွန်ုပ်တို့ အပြစ်နှင့် ဒုစရိုက်များအတွက် အသေခံပြီး ဖြစ်သောကြောင့် ထိုယေရှုအား ချီးမွမ်းကိုးကွယ် သင့်သည်။

ပြောင်းလဲခြင်း ဆိုသည်မှာ ပြုမှားခဲ့သော အပြစ်များကို သင်ပုန်းခြေခြင်း မဟုတ်ပါ။ ဘုရားသခင်၏ ဘုန်းတန် ခိုးတော်အားဖြင့် ဖန်ဆင်းခြင်း အသစ်ဖြစ်ပါသည်။

: နေ့ရက်စဉ်ဆက် ဘုရားသခင်နှင့်၎င်း၊ ယုံကြည်သူအချင်းချင်းနှင့်၎င်း မိဿဟာယဖွဲ့ရာတွင် မိမိ အပြစ်များကို ဝန်ချဖို့ ဤကျမ်းပိုဒ်က အမိန့်ရှိထားပါသည်။ ကျူးလွန်သောအပြစ်များ၊ မနောကံအပြစ်၊ မှားယွင်းသော အပြုအမူ၊ လျှို့ဝှက်သော အပြစ်နှင့် လူသိရှင်ကြား အပြစ်များအားလုံး ဝန်ချရသည်။ ဘုရားသခင်ရှေ့တွင် ပြစ်မှား၊ ပြုမှားသောအချက် တစ်ခုစီရေတွက်၍ တောင်းပန်ရသည်။ အမှန်တကယ် ဝန်ချတောင်းပန်သူအတွက် အပြစ်လွှတ်ခြင်းရှိ ပါသည်။” မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ၊ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကို ခံရလိမ့်မည်”(သု၂၈:၁၃)။

ထိုကဲ့သို့ ဘုရားသခင်သည် အပြစ်ခွင့်လွှတ်ရန် ကတိတော် ပြည့်စုံသူ ဖြစ်သည်။ အပြစ်ခွင့်လွှတ်မည်ဟု ကတိတော်ရှိထားသောကြောင့် ကတိတော်၌ တည်မှီနိုင်ပါသည်။ ကျွန်ုပ်တို့ကိုယ်စား လက်ဝါးကပ်တိုင်ပေါ်၌ သခင်ခရစ်တော် အသေခံတော်မူသည့်တိုင်အောင် ဖြောင့်မတ်စင်ကြယ်သောကြောင့် ကျွန်ုပ်တို့အပြစ်များကို ခွင့်လွှတ် မည်မှာ သေချာသည်။ အပြစ်များကို ခွင့်လွှတ်မည်ဟု အာမခံပေးရုံသာမက ဖြောင့်မတ်စင်ကြယ်ဖို့ရန် အပြစ်များကို လည်းဆေးကြောပေးပါသည်။

အပြစ်ခွင့်လွှတ်ခြင်းဟု ဆိုရာတွင် တရားဥပဒေအရ ခွင့်လွှတ်ခြင်းမျိုး မဟုတ်ဘဲ မိဘသားသမီးကို ခွင့်လွှတ် ခြင်းမျိုးဖြစ်သည်။ ဥပဒေအရ ခွင့်လွှတ်ခြင်းဆိုသည်မှာ အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးခြင်းဖြစ်သည်။ ယေရှုခရစ်တော် ကိုယ်တိုင်ရုံးထိုင် အပြစ်စီရင်မည်ဖြစ်သည်။အကယ်၍ အကြင်သူသည် ပြောင်းလဲပြီးမှ တဖန်အပြစ်လုပ်မိလျှင် မည် သို့ရှိမည်နည်း။အဖိုးအခသည် ကရာနီကုန်းပေါ် လက်ဝါးကပ်တိုင်၌ သခင်ယေရှုက ပေးဆပ်ခဲ့သောကြောင့် အပြစ်ဒဏ်သာ ခံစားရမည်။ သို့သော် ဘုရားသခင်၏ သားသမီးပီပီ မိဿဟာယ ဖွဲ့နေသောကြောင့်မိဘ၏ ခွင့်လွှတ်ခြင်းမျိုး လိုအပ်သည်။ ထိုအမှုကို ဘုရားသခင် တတ်စွမ်းနိုင်သည်။ မိမိအပြစ်ဝန်ချ တောင်းပန်ခြင်း ရှိမှသာလျှင် ခွင့်လွှတ်နိုင်သည်။ အတိတ်ပစ္စုန်၊ အနာဂတ်အပြစ်များကို အားလုံးကင်းလွတ်ခွင့်ရရန် ဥပဒေအရ အပြစ်လွှတ်ခြင်းမျိုး တစ်ကြိမ်တစ်ခါသာ ရရှိနိုင်သည်။ သို့သော်မိဘ၏ အပြစ်ခွင့်လွှတ်ခြင်းမျိုးကိုမူ တစ်သက်တာလုံးတွင် အမြဲတမ်းရှိသည်။

ဘုရားရှင် နှုတ်တော်ကို ယုံကြည်၍အပြစ်များကို ဝန်ချတောင်းပန်လျှင် ဘုရားသခင်က ခွင့်လွှတ်တော်မူသည်။ ထို့အပြင် ဘုရားသခင်က ခွင့်လွှတ်လိုက်သကဲ့သို့ မိမိကိုယ်ကိုမိမိလည်း အပြစ်လွှတ်ရမည်။

:၁ဝ  နောက်ဆုံးမှာမူ မိမိအပြစ်ဒုစရိုက်များကို မှတ်မထားဘဲ ဘုရားသခင်နှင့် မိဿဟယ ပြုရပါမည်။ အပြစ် မရှိကင်းစင်ပြီး ကြောင်းဘုရားရှင်တော်က ထပ်ခါတလဲလဲ ပြောပါသည်။ သို့ကြောင့် မိမိအပြစ်ကို ငြူစူခြင်းသည် ဘုရားသခင်ကို မုသားသုံး ရာရောက်သည်။ အပြစ်ဟူသမျှ အကုန်အစင်ဘုရား နှုတ်ကပတ်တော်မှာ လျှော်ဖွတ် သန့်စင်ဆေးကြောပြီးပါပြီ။ သခင်ယေရှုဝေဒနာ ဒုက္ခခံစားရ၍ အသွေးတော်ချောင်းစီးခြင်းဖြင့် အပြစ်အားလုံး ဆေးကြောပြီးပါပြီ။

ထိုဘုရားသခင်နှင့် မိဿဟယပြုဖို့ရန် အပြစ်စင်ကြယ်သန့်ရှင်းပြီးမှ လာရောက်ခွင့်ရှိသည် မဟုတ်ပါ။ ရှိရင်းစွဲ ဘဝအတိုင်းလာနိုင်သည်။ သို့သော် မိမိအပြစ်များကို အထံတော်ပါးသို့ ရောက်လာရာတွင် မော်ကြွားစရာ မရှိသကဲ့သို့ အပြစ်များကိုလည်းဖုံးကွယ်ခြင်း မပြုရပါ။

Previous Article
Next Article