ရှင်လုကာခရစ်ဝင် ၁၃
(ဇ) နောင်တတရားအရေးကြီးပုံ (၁၃:၁-၅)
၁၃:၁-၃ အခန်း ၁၂တွင် ယုဒလူမျိုးများအား ဘဝအဓိပ္ပါယ်ရှိစွာနေထိုင်ဖို့ အလျင်အမြန် နောင်တရဖို့ သို့မဟုတ်လျှင် ထာဝရပျက်စီးကြမည့် အကြောင်းသတိပေးထားပါသည်။ အခန်း ၁၃တွင် ဣသရေလတမျိုးသားလုံးအား လူတဦးတဖွယ် သဘောထား၍ ပဲ့ပြင်ဆုံးမသည်။ ဘဝအသက်တာပြောင်း လဲရန် ဘေးဒုက္ခရင်းနှီးရသော လူမျိုး(၂)စုရှိသည်။ ပထမအဖွဲ့မျာ ယေရုရှလင်တွင် ဝတ်ပြုစည်းဝေးကြစဉ် ယုဒပြည်အစိုးရမင်းပိလတ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဂါလိလဲပြည်သား ယုဒလူမျိုးများဖြစ် သည်။ ထိုသို့ ဂါလိလဲပြည်သားအသတ်ခံရခြင်းမှာ ကြီးမားသော ဒုစရိုက်ကျူးလွန်ကြသည်ဟု ယေရုရှလင် ယုဒများကထင်ကြသည်။ သခင်ယေရှုက ထိုသူများသည် အပြစ်ပိုဆိုးသူများမဟုတ်။ ယေရုရှလင်သားများ နှင့်တူတူ ဖြစ်သည်။ ယေရုရှလင်သားများလည်း အပြစ်နောင်တမရလျှင် ထိုသူများကဲ့သို့ ပျက်စီးကြလိမ့် မည်ဟု ဆုံးမ သတိပေးလိုက်သည်။
၁၃:၄-၅ နောင်ကြေက်လန့်စရာအဖြစ်ဆိုးတခုမှာ ရှိလောင်မျှော်စင်ပြိုကျခြင်း ဖြစ်သည်။ မျှော်စင်ပြိုကျသဖြင့် လူတဆယ့်ရှစ်ဦး ပွဲချင်းပြီး သေဆုံးကြသည်။ ဤကံကြမ္မာဆိုးကို ဤကျမ်းပိုဒ်မှလွဲ၍ အခြားနေရာတွင် မှတ်တမ်းမှတ်ရာ မတွေ့ရပါ။ အသေးစိတ်အကြောင်းကိုလည်း သိစရာမလိုပါ။ ထိုအဖြစ် ဆိုးနှင့် ကြုံခြင်းသည် ဆိုးသွမ်းလွန်းကြသောကြောင့် အထူးစီရင်ခြင်းမဟုတ်ပါ။ နောင်တမရကြလျှင် ဣသရေလနမူနာပေးခြင်းဖြစ်သည်။ အေဒီ ၇ဝရာစုနှစ်တွင် ယေရုရှလင်သို့ တိတု ရောက်ရှိချိန်၌ ဤကံ ကြမ္မာဆိုးပေါ်ပေါက်ခဲ့သည်။
(ဈ) အသီးမသီးသော သဖန်းပင်ပုံဥပမာ (၁၃:၆-၉)
၁၃:၆-၉ သခင်ယေရှုက ဆက်လက်၍ သင်္ဘောသဖန်းပင် ပုံဥပမာဖြင့် ဩဝါဒပေးသည်။ ထိုသဖန်းပင်သည် ဘုရားသခင်ခြံမြျေမှ ဣသရေလလူမျိုးကို ရည်ညွှန်းခြင်းဖြစ်သည်။ ဘုရားရှင်က တလုံး တလေများ သီးလေမည်လားဟု ကြည့်ရှုရာ တလုံးမှ မတွေ့။ ဤသဖန်းပင်အား သုံးနှစ်သုံးမိုး လာကြည့် သော်လည်း တခါမှ အသီးမတွေ့သဖြင့် ဥယျာဉ်မှူး (သခင်ယေရှု) အား ခုတ်ပစ်ခိုင်းသည်။ သုံးနှစ်သုံးမိုး သည် သခင်ယေရှု၏ လူ့လောကအမှုတော်ဆောင်ခြင်းကာလကို ရည်ညွန်းသည်။ ဤကျမ်းပိုဒ်၏ အာ ဘော်မှာ အသီးသီးဖို့ရန် လုံလောက်သောအချိန်ကာလ ပေးထားသော်လည်း သီးချိန်တန်မသီး၊ ပွင့်ချိန် တန်မပွင့်ခြင်းကို ထောက်ပြသည်။ သုံးနှစ်သုံးမိုးကြာ၍ အသီးမသီးလျှင် နောင်တွင်လည်း သီးပွင့်ဖို့ မျှော် လင့်စရာမရှိ။ ဘုရားသခင်က ဆန်ကုန်ပြေလေးကို ခုတ်ပစ်ခိုင်းသည်။ ဥယျာဉ်မှူးက တနှစ်လောက်စောင့် ကြည့်ဖို့ အခွင့် အရေးထပ်တောင်းသည်။ လုံလောက်သောအချိန်ကာလအခွင့်အရေးပေးပါလျက်နှင့် အသီး မတွေ့လျှင် ခုတ်လှဲပစ်မည်။ ထိုအတိုင်း အမှန်တပယ်ဖြစ်လာသည်။ နောက် တနှစ်တွင်မူကား ဣသရေလ များက သခင်ခရစ်တော်ကို ငြင်းပယ်၍ ကားစင်ပေါ်သို့ ပို့ကြသည်။ ထို ဥပမာအရ ထိုလူမျိုး၊ ထိုသဖန်းပင် သည် ပျက်စီးခြင်းသို့ ရောက်ရချေပြီ။ ထိုအကြောင်းကို G.H. Lang က ဤသို့ရှင်းပြသည်။
ဘုရားသားတော်က ဥယျာဉ်ခြံပိုင်ရှင် ခမည်းတော်ဘုရား၏ အလိုတော်ကိုသိသည်။ ခုတ်ပစ်ဖို့ အမိန့်လည်းရထားည်။ ဣသရေလလူမျိုးသည် ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ချီးမွမ်းခြင်းတည်း ဟူသော အသီးအပွင့် ဖြစ်ထွန်းခြင်း မရှိ။ လူသည် ဖန်ဆင်းရှင်သခင်၏ စိတ်တော်နှင့် တို့ထိဖို့ အသက်ရှင် ရသည်။ ဥယျာဉ်မှူးအရှင်သခင်အား အလုပ်အကျွေးမပြုလျှင်မူ ကားခုတ်ထစ်ပိုင်းဖြတ်၍ အခြားအပင်အ စား ထိုးစိုက်ပျိုးရမည် မဟုတ်ပါလား၄၄
(ည) မသန်စွမ်းဒုကိ္ခတသည်မအား သန်စွမ်းစေခြင်း (၁၃:၁၀-၁၇)
၁၃:၁၀-၁၃ ယုဒတရားစရပ်တွင် ပရိသတ်ကြီးအား ကိုယ်တော်ဘုရားက တရားဟော သည်။ ထိုသို့ဥပုသ်နေ့တွင်တရားဟောစဉ်၊ တဆယ့်ရှစ်နှစ် ပတ်လုံးခါးကုန်းနေသော အမျိုးသမီးနှင့် တွေ့ဆုံသည်။ ထိုအမျိုးသမီးသည် ခါးကျောရိုးကွေးနေသဖြင့် ခါးမဆန့်နိုင်။ ကိုယ်တော်ဘုရားသည် ထိုအမျိုးသမီးကို တွေ့ရှိသော အခါ စကားအထွေအထူး မေးမြန်းပြောဆိုခြင်းမပြုဘဲ လက်တော်ကို ကျော ကုန်းပေါ်တင်၍ ကျန်းမာ စေလိုက်သည်။
၁၃:၁၄ သခင်ယေရှု၏ အပြုအမူကို တွေ့သော အခါ တရားစရပ်မှူးသည် လူထုပရိသတ် အား ခြောက်ရက်ပတ်လုံး မလာကြဘဲ၊ အဘယ်ကြောင့် ကပ်သီးကတ်သပ် ဥပုသ်နေ့မှ အနာရောဂါပျောက် ကင်းဖိုလာကြသနည်းဟု အော်လွှတ်လိုက်သည်။ ထိုတရားအုပ်မှူးသည် ဘာသာရေးလုပ်စားသူဖြစ်သ ဖြင့် ပရိသတ်ကိုလည်း နင်းကန်မပြောရဲ။ အခြားခြောက်ရက်နေ့မှာ ဂီလာနများ လာကြလျှင်လည်း ကုသ ပေးနိုင်သည်မဟုတ်။ ပညတ်တရားကို ကြပ်တည်းစွာစောင့် ထိန်းသူဖြစ်သော်လည်း မေတ္တာ၊ ကရုဏာ တရားခေါင်းပါးသူဖြစ်သည်။ အကယ်၍ မေတ္တာစေတနာရှိသူမှန်လျှင် (၁၈)နှစ်လုံးလုံး ဒုက္ခရောက်သူ ကျန်းမာလာသူအား ထိုသို့စိတ်အနှောင့် အယှက်ဖြစ်အောင် ပြောရက်မည်မဟုတ်။
၁၃:၁၅-၁၆ သခင်ဘုရားသည် အပေါ်ယံဟန်ဆောင်ပန်ဆောင် လုပ်တတ်သူမဟုတ်။ သင်တို့သည်လည်း ဥပုသ်နေ့တွင် နွားလားမြည်းများကို ရေတိုက်ရန် ရေချောင်းသို့ခေါ်သွားကြသည် မဟုတ်လားဟု ကိုယ်တော်ဘုရားက ထောက်ပြသည်။ ထိုအဟိတိရစာ္ဆာန်များကိုပင်လျှင် ကရုဏာထား စောင့်ရှောက်ကြလျှင် အာဗြဟံ၏ သမီး ဤသူငယ်မကိုလည်း မကျန်းမာ စေသင့်ဘူးလား။ အာဗြဟံ၏ သမီးဆိုရာတွင် ယုဒလူမျိုးဖြစ်ခြင်းကို သာဆိုလိုသည်မဟုတ်။ အမှန်တကယ်ယုံကြည်သူဖြစ်ကြောင်းဆိုလို သည်။ ထိုသို့ ခါးကုန်းကုန်းကြီးဖြစ်ရခြင်းမျာ စာတန်၏ လက်ချက်ဖြစ်သည်။ အချို့သော မကျန်းမမာ ဖျားနာခြင်းနှင့် ဒုက္ခရောက်ခြင်းများသည် စာတန်၏ လက်ချက်ဖြစ်ကြောင်း၊ ကျမ်းစာက ပြောပါသည်။ ယောဘ အသက်တာကိုလည်း စာတန်က မွှေနှောက်ဗြောင်းဆန်ခဲ့သည်။ ပေါလု၏ ခန္ဓာကိုယ်ထဲမှ ဆူး သည်စာတန်၏ လက်ချက်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ ခွင့်ပြုချက်မရရှိဘဲ စာတန်သည် ယုံကြည် သူများကို မထိပါးနိုင်။ ဖျားခြင်း၊ နာခြင်း၊ ဆင်းရဲခြင်းဟူသမျှ ကိုယ်တော်ဘုရားအုပ်စိုးသည်။
၁၃:၁ရ ကိုယ်တော်ဘုရား၏ စကားတော်ကြောင့် မူလက ရာရာစစပြောချင်သူများသည် အရှက်ရကြသည်။ ကိုယ်တော်ဘုရား ပြုတော်မူသောအမှုအရာအပေါ်တွင် ကြွရောက်လာသော ပရိသတ် များသည် ရွှင်လန်းဝမ်းမြောက်ကြသည်။
(ဋ) နိုင်ငံတော်ပုံဥပမာ (၁၃:၁၈-၂၀)
၁၃:၁၈-၁၉ ကိုယ်တော်ဘုရား၏ အံ့ဖွယ်နိမိတ်လက္ခဏာကို တအံ့တဩတွေ့မြင်ကြသော အခါ တရားနာပရိသတ်သည် ဘုရားသခင်၏ နိုင်ငံတော်တည်လုပြီလောဟု တွေဝေကြသည်။ ထိုသို့ မိန်းမောတွေဝေခြင်းမရှိဘဲ စိတ်သက်သာရာရရှိကြစေရန် ဘုရားသခင်၏ နိုင်ငံတော်ကို ပုံဥပမာ (၂)ခုပေး ရှင်းပြသည်။ အမှန်တကယ် ယုံကြည်သူများနှင့်ယုံကြည်သယောင်ရှိသူ များဖြင့် ခရစ်ယာန်လောက ကြီးမားလာပုံ (၈:၁-၃ကိုလည်း ကြည့်ပါ)ကို ဖော်ပြထားသည်။
ပထမဦးဆုံး ပုံဥပမာမျာ ဘုရားသခင်၏ နိုင်ငံတော်ကို အစေ့တကာတွင် အသေးဆုံးဖြစ် သောမုန်ညင်းစေ့နှင့် ခိုင်းနှိုင်းထားသည်။ မုန်ညင်းစေ့ကို မြေသို့ ချလျှင် အပင်ပေါက်လာသည်။ အပင်ကြီး ပေါက်လာသည်ဆိုခြင်းမှာ သစ်ပင်ကြီးကဲ့သို့ ပေါက်သည်ဟု မဆိုလို။ အစေ့နှင့် မတန်လေမှာ ပျံဝဲသော ငှက်များနားနိုင်လောက်သည်ဟု ဆိုလိုသည်။ ခရစ်ယာန်အသက်တာ လောက်သည်ဟု ဆိုလိုသည်။ ခရစ်ယာန်အသက်တာသည်လည်း ထိုမုန်ညင်းစေ့သေးငယ်သကဲ့သို့ နှိမ့်ချအောက်ကျို့ရမည်။ ထိုမုန်ညင်း စေ့အပင်ပေါက်ကြီးထွားသကဲ့သို့ပင် ယနေ့ခေတ်ကာလတွင်လည်း ခရစ်ယာန်အသိုင်းအဝန်းကြီးထွားလာ ပါသည်။ ခရစ်ယာန်ဆိုသည်မျာ သခင်ခရစ်တော်နှင့် မဟာမိတ်ဖွဲ့သူများဖြစ်သည်။ အသက်တာပြောင်းလဲ ခြင်းရှိသူ မရှိသူအားလုံးသည်။ အသက်တာပြောင်းလဲခြင်းရှိသူ မရှိသူအားလုံး ပါ၀င်သည်။ လေမှာပျံသော ငှက်ဆိုသည်မှာ လင်းတ၊ စွန်ကဲ့သို့သော အသားစားစာတန်၏ သင်္ကေတအမှတ်အသားများဖြစ်သည်။ တွေ့ရာနေရာ၊ အချိန်တိုင်းမှာ ပုံစံအမျိုးမျိုးဖြင့် ဖျက်ဆီးသူများဖြစ်သည်။
၁၃:၂၀-၂၁ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းပုံဥပမာတခုမှာ မုန့်သုံးလုံးတွင် ခွဲဖဲ့ထည့် မွှေသော အမျိုးသမီး၏ တဆေးဖြစ်သည်။ သမ္မာကျန်းစာတွင် တဆေးကို မကောင်းဆိုးဝါး၊ အဖျက်အ မှောက်ဖြင့် ပုံဖော်လေ့ရှိသည်။ ဤနေရာတွင်မူ ဘုရားသခင်၏ လူများမှီဝဲသော အာဟာရအစစ်အမှန်ဖြင့် ပြသထားသည်။ ပျံ့နှံ့ တိုးပွားပုံကိုယူထားသည်။ စာတန်၏ မကောင်းသော အကျင့်ကို ယူခြင်းမဟုတ်။ တန်ခိုးအစွမ်းကို ရည်ညွန်းခြင်းဖြစ်သည်။
(ဌ) အဝင်ဝကျဉ်းသော ဘုရားသခင်နိုင်ငံတော် (၁၃:၂၂-၃၀)
၁၃:၂၂-၂၃ ယေရုရှလင်သို့ကိုယ်တော်ဘုရား ကြွတော်မူစဉ် ပရိသတ်တဦးက အဘယ် ကြောင့် လူအနည်းငယ်သာ ကယ်တင်ခြင်းရမည့်အကြောင်း၊ ထမေးသည်။ မေးသင့်မေးထိုက်သော မေး ခွန်းဖြစ်သည်။
၁၃:၂၄ သခင်ဘုရားက ထိုမေးခွန်းရှင်ကို သင်လည်း ထိုတံခါးကျဉ်းထဲသို့ဝင်ရန်ကြိုးစား ပါ ဟုတိုက်ရိုက်ပြန်လည် ဖြေကြားခဲ့သည်။ ထိုသို့ တံခါးပေါက်ထဲသို့ ဝင်ရန်ခက်ခဲသည်ဆိုသည်မှာ ကယ်တင်ခြင်းရရှိဖို့မလွယ်ဟုဆိုလိုခြင်းမဟုတ်။ ကယ်တင်ခြင်းရရှိဖို့ကြိုးစားအားထုတ်ပါဟုမဆိုလို။ တံခါး ကျဉ်းဆိုသည်မှာ အသစ်တဖန်မွေးဖွားခြင်းဖြစ်သည်။ ကယ်တင်ခြင်းကိုယုံကြည်ခြင်းဖြင့် ရရှိနိုင်ကြပါသည်။ “လူပေါင်းများစွာသည်လည်း ထိုတံခါးသို့ဝင်ရန် ကြိုးစားကြမည်။ သို့သော် ဝင်နိုင်စွမ်းရှိကြလိမ့်မည်မဟုတ် ဟု ထပ်မံသတိပေးထားသည်။ တံခါးပိတ်သော အချိန်ရှိလိမ့်မည်ဟုဆိုရာတွင် တံခါးပိတ်သောကြောင့် ပြူတင်းပေါက်မှ ဝင်ရောက်ရန် ကြိုးစားခိုင်းခြင်းမဟုတ်၊ သို့သော် အလွန် နောက်ကျသွားမည်။ ယနေ့ ကျေးဇူးတော်ကာလသည် သာလျှင် ဘဝဆုံးထက်တိုင် အသက်ရှင်ဖို့ အခွင့် အခါ ကောင်းဖြစ်သည်။
၁၃:၂၅-၂ရ အိမ်ရှင်သည် တံခါးထပိတ်လိမ့်မည်။ ထိုအချိန်ကာလတွင် ယုဒလူမျိုးများ သည် သခင်ဘုရားအားတံခါးဖွင့် ပေးရန် တောင်းဆိုကြမည်။ ထိုသူများကို မသိကြောင်း ငြင်းပယ်မည်။ ကိုယ်တော်ဘုရားနှင့် အတူတူနေခဲ့ကြောင်း ဟန်ဆောင်ပြောကြမည်။ သို့သော် ဟန်ဆောင်သူများ ဆိုးညစ်သူများဖြစ်သောကြောင့် ဝင်ခွင့် ရမည်မဟုတ်။
၁၃:၂၈-၃ဝ ထိုသို့ငြင်းပယ်ခြင်းခံရသောကြောင့် ငိုကြွေးကြမည်၊ အံ့သွားကြိတ်ကြမည်။ ငိုကြွေးခြင်းဆိုသည်မှာ နောင်တသံဝေဂရခြင်းဖြစ်၍ အံ့သွားကြိတ်ခြင်းဆိုသည်မှာ နာကျဉ်းမုန်းတီးခြင်းဖြစ် သည်။ ထိုငရဲကဲ့သို့ ဆင်းရဲဒုက္ခက လူ့စိတ်နှလုံးကို မပြောင်းလဲစေနိုင်ချေ။ မယုံကြည်သူ ဣသရေလများ သည် ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ ရှေးပရောဖက်များကို လှမ်းမြင် ကြလိမ့်မည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ သွေးသားစဉ်ဆက်များဖြစ်သောကြောင့် ထိုနိုင်ငံတော် ထဲသို့ဝင်ရောက်ကြမည်ဟုမျှော်လင်ခဲ့ကြသော်လည်း ဝင်ခွင့်မရကြ။ ခြံစည်းရိုးအပြင်မျာ ရှိနေကြမည်။ တပါးအမျိုးသားများသည် ကမ္ဘာအရပ်ရပ်မှ ထွက်လာကြလျက် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက် ကောင်းကြီးခံယူကြမည်။ ဘုရားရှင်၏ အစီအမံတွင် ပထမဦးစွာ ယုဒလူများဖြစ်သော်လည်း လက်မခံ ငြင်းပယ်ကြသောကြောင့် အထင်အမြင်သေးခဲ့ကြသော တပါးအမျိုးသားများက နေရာဦးကြမည်။ ခရစ် တော်ဘုရား နိုင်ငံတော်၌ ပျော်ရွှင်စွာကောင်းကြီးခံစားကြရမည်။
(ဍ) ယေရုရှလင်တွင် ပရောဖက်များသေဆုံးကြရခြင်း (၁၃:၃၁-၃၅)
၁၃:၃၁ ထိုကာလနေရာဒေသသည် ဟေရုပ်မင်းဆိုးသွမ်းသောင်းကျန်းချိန်ဖြစ်သည်။ ပရောဖက်အချို့က သခင်ယေရှုအတွက် စိုးရိမ်သောကြောင့် ယေရုရှလင် မှထွက်ခွာရန် တိုက်တွန်းကြ သည်။ အဘယ်ကြောင့်ဆိုသော် ဟေရုဒ်က သခင်ဘုရားအား လုပ်ကြံရန်ကြိုးပမ်းနေသည်။ ဟန်ဆောင် ပန်ဆောင် ပြောခြင်းမဟုတ်။ ခရစ်တော်၏ လုံခြုံရေးကို စိတ်ဝင်စားကြဟန်တူသည်။ သို့မဟုတ် ယေရုရှ လင်သို့ ဟေရုဒ်သောင်းကျန်းရမ်းကားမည်ကို စိုးရိမ်ခြင်းလည်း ဖြစ်နိုင်သည်။
၁၃:၃၂ သခင်ဘုရားသည် ထိုစက္ကူသေနတ်ကို ကြောက်၍ ထွက်ခွာမသွား။ ထိုမြေခွေးကို လည်းသွားပြောကြဟုဆိုသည်။ သခင်ဘုရားက ဟေရုဒ်အားမြေခွေးဟုပြောခြင်းကို အချို့က နားမလည် ကြ။ အုပ်စိုးသူမင်းအား ကဲ့ရဲ့စော်ကားသည့်စကား မပြောရန် တားမြစ်ချက် (ထွက် ၂၂:၂၈) ရှိသော်လည်း ထိုသို့ပြောခြင်းကြောင့် အံ့ဩကြခြင်းဖြစ်သည်။ ကိုယ်တော်၏ စကားသည် သွားပုပ်လေလွင့်စွပ်စွဲခြင်းမ ဟုတ်။ မှန်ကန်သောစကားဖြစ်သည်။ ခဏနေဦးမည့်အကြောင်းနတ်ဆိုးများနှင်ထုတ်ပေးစရာရှိသေး ကြောင်း၊ နောက်မှ သွားမည်ဖြစ်ကြောင်း၊ ကိုယ်တော်ဘုရား မိန့်မှာသည်။ အမှုပြီးသော တတိယနေ့တွင် သွားဖို့ပြင်ဆင်ပြီးဖြစ်သည်။ ကိုယ်တော်၏ စီမံချက်ကို မည်သူကမှ မဟန့်တားနိုင်ပါ။ ကမ္ဘာမြေပေါ်မှာ ကိုယ်တော်ဘုရားအား တိုက်တွန်းနိုုင်သူ၊ ဟန့်တားနိုင်သူမည်သူမှမရှိ။
၁၃:၃၃ ဂါလိလဲတွင်လည်း ကိုယ်တော်ဘုရားအသေမခံနိုုင်၊ ထိုစကားသည် ယေရုရှလင် တွင် အသတ်ခံရမည့်အကြောင်း နိမိတ်ပေးခြင်းဖြစ်သည်။ ယေရုရှလင်သည် အမြင့်ဆုံးသော ဘုရားရှင် အစေခံများအား သတ်ဖြတ်ခဲ့ကြသည်။ ဘုရားသခင်၏ အစေခံပရောဖက်များကို ကွပ်မျက်ခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်ရှင်က “ယေရုရှလင်မှတပါး အခြားသော အရပ်၌ အဘယ်ပရောဖက်မှ မဆုံးရာ”ဟု ဆိုသည်။
၁၃:၃၄-၃၅ ထိုသို့မိန့်တော်မူပြီးနောက်ဆိုးညစ်သော ယေရုရှလင်မြို့အတွက် သခင်ဘုရား ဝမ်းနည်းငိုကြွေးသည်။ ဤမြို့သည် ပရောဖက်များကို သတ်မြဲသတ်၏ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲဖြင့် ပစ်မြဲရှိ၏။ ဘုရားသခင်သည် စေတမန်များစေလွှတ်၍ ချစ်ခြင်းမေတ္တာတော်ကြီးမားပုံကို ပြောပြခိုင်းသည်။ ကြက်မကြီးက ကြက်ကလေးများအတောင်ပံအောက်တွင် စုသိမ်းသကဲ့သို့ ဘုရားလူများ ကို စုသိမ်းချင်သည်။ နွေးထွေးယုယချင်သည်။ သို့သော် ထိုသို့ပြုရအောင် လက်မခံကြ။ ခေါင်းမာနေကြ သည်။ ထို့ကြောင့် ယေရုရှလင်မြို့နှင့် ဗိမာန်တော်သည် ကန္တာရကဲ့သို့ ခြောက်သွေ့လာဦးမည်။ ကာလ ကြာရှည် ညည်းတွားကြဦးမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိသရွေ့ကာလပတ်လုံးသခင်ဘုရားကို တွေ့မြင်ကြရတော့မည် မဟုတ်။ (ငယ် ၃၅) သည် ကိုယ်တော်ဘုရားဒုတိယ အကြိမ်ကြွလာခြင်းအ ကြောင်းဖြစ်သည်။ ဣသရေလ တမျိုးသားလုံးသည် ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသတည်းဟု တနေ့သောအခါ နောင်တ စကားဆိုကြဦးမည်။