ရှင်လုကာခရစ်ဝင် ၅
(င) လူထုပရိသတ်အား သွန်သင်ခြင်း၊ တပည့်တော်များခေါ်ခြင်း (၅:၁-၁၁)
ပေတရုအား တပည့်တော်အဖြစ်ခေါ်ယူခြင်းနှင့် ပတ်သက်၍ အရေးကြီးသော သင်ခန်းစာ များဖော်ထုတ်ရရှိနိုင်သည်။
၁။ ပေတရု၏ လှေအား သခင်ယေရှုက ပလ္လင်တော်အဖြစ် အသုံးပြု၍ လူထုပရိသတ်အား တရားဟောသည်။ အကယ်၍ မိမိကိုယ်ပိုင်ပစ္စည်း များကို ကိုယ်တော်ထံဆက်ကပ်လျှင် ကိုယ်တော်ဘုရားက အံ့ဩဖွယ်ကောင်းအောင် အသုံးပြုနိုင်ပါသည်။ ဆက်ကပ်သူလည်း ဆုလက်ဆောင်များစွာရရှိမည်။ ကံတူအကျိုးပေးမည်။
၂။ ငါးများစွာ ရရှိနိုင်သည့်နေရာကို ပေတရုအား ညွှန်ပြသည်။ ပေတရုနှင့် အဖွဲ့သည် ညဉ့်လုံးပေါက်ပိုက်ချကြသော်လည်း ခြေကုန်လက်ပန်းသာကျသည်။ ငါးတကောင်မှ မရကြ။ အလုံးစုံကိုသိတော်မူသော ကိုယ်တော်ဘုရားသည် ငါးများရှိသည့် နေရာကိုသိသည်။ လူ့အသိဉာဏ်၊ ဦးနှောက်သည် သုံးစားမရပါ။ အမှုတော်လုပ်ငန်းတွင်လည်း ၊ လူ့အတွေးအ ခေါ်အယူအဆနှင့် မလုံလောက်ပါ။ ကိုယ်တော်ပါရှိဖို့လိုသည်။
၃။ တံငါသည်အရင့် အမာကြီးဖြစ်သော်လည်း ပေတရုသည် လက်သမား၏ အကြံပေးချက် ကို ရိုးကျိုးစွာလက်ခံသည်။ “အမိန့်တေ်ာရှိလျှင် ပိုက်ကွန်ကို ရွှေ့ချပါမည်” ဟုဆိုသည်။ ဤကျမ်းချက်က ရိုကျိုးဖို့ သင်ယူနာခံတတ်ဖို့၊ ယုံကြည်ခြင်းရှိဖို့သွန်သင်ပါသည်။
၄။ ကိုယ်တော်ဘုရား ညွှန်ပြသည့်ရေနက်ရာသို့ ရွေ့ကာ ပိုက်ကွန်ကို ချသည်။ ယုံကြည်သူ များသည် ရေတိမ်ကမ်းပါးတွင်ရှိလျှင် လှိုင်းပုတ်တိုက် စားခြင်းခံရမည်။ ယုံကြည်ခြင်းသည် ရေနက်ရာဖြစ်သည်။ ဝမ်းနည်းခြင်း၊ ဆင်းရဲခြင်းကွယ်ပျောက်ရာနေရာဖြစ်သည်။ ပိုက်ကွန် အပြည့်ငါးဖမ်းဆီးမိရာဖြစ်သည်။
၅။ ပိုက်ကွန် ပြဲလုမတတ် လှေနစ်လုလူ (ငယ် ၆-၇)ဖြစ်သွားသည်။ စိုးရိမ်သောက ရောက်ကြ သော်လည်းခရစ်တော်အားဖြင့် ထိုးစိုးရိမ်သောကသည် ဝမ်းမြောက်ခြင်းနှင့် ယှဉ်သော စိုးရိမ် ခြင်းဖြစ်သည်။ အခက်အခဲကြုံတွေ့ကြရသော်လည်း တံငါသည်များအတွက် ရင်ခုန်ဝမ်း မြောက်ခြင်းဖြစ်သည်။
၆။ ပင်ကိုယ်အစွမ်းအစမရှိသော ပေတရု၏ အရည်ချင်းပေါ်တွင် သခင်ယေရှုက စွမ်းဆောင် နိုင်သော အရည်အသွေးထပ်လောင်းပေးသည်။ (ဟေရှာ ၆:၅) ကျမ်းပိုဒ်အတိုင်းဖြစ်သည်။ ဘုရင်အဖြစ်သိမှတ်သူတိုင်း ကိုယ်တော်ဘုရား၏ မင်္ဂလာတရားကို တွေ့မြင်ကြရသည်။
၇။ ပေတရုအား တံငါသည်ဘဝမှ လူများကိုဖမ်းသောတံငါသည်ကြီးဘဝသို့ သခင်ယေရှုက ခေါ်တော်မူသည်။ ကိုယ်တော်၏ လမ်းညွှန်မှုကို မျှော်လင့်နေလျှင် သင့်လက်များက အလိုလို လုပ်ဆောင်သွားမည်။ ရှိသမျှခွန်အားဖြင့် လုပ်ဆောင်ပါ။ စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ပါ။ သင်္ဘောကြီးဦးတည်ရာကို ပဲ့ကထိန်းသကဲ့သို့ သင့်အနာဂတ်ခရီးကို ဘုရားရှင်က ပဲ့ပြင်ထိန်း ကျောင်းသည်။
၈။ ခရစ်တော်က ပေတရုအား လူဖမ်းသောတံငါဖြစ်စေသည်။ ပို၍ ပြောရလျှင် လူများအား အရှင်ဖမ်ဆီးခြင်း ဖြစ်သည်။ ပင်လယ်သမုဒ္ဒရာထဲရှိငါးများသည် ရေတွက်၍ မကုန်နိုင်သကဲ့ သို့ လူ့ဝိညာဉ် တန်ဖိုးသည်လည်း မနှိုင်းသာအောင်တန်ဖိုးကြီးပါသည်။
၉။ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် သူတို့လှေကြီးကို ကမ်းပါးသို့ ဆွဲတင်ပြီး၊ ထားပစ် ခဲ့ကြသည်။ ယေရှုနောက်တော်သို့ ဘဝတသက်တာလုံး ဆက်ကပ်ကြသည်။ အဘယ် ကြောင့် ထိုသို့ဆုံးဖြတ်ကြသနည်း။ သူတို့လှေကို သံယောဇဉ်ထား၊ ခင်တွယ်ခြင်းမရှိကြပါ။ ထိုထက်ဘဝတသက်တာကိစ္စက အရေးကြီးသည်။
(စ) ကုဋိနူနာသည်အား ကျန်းမာစေခြင်း (၅:၁၂-၁၆)
၅:၁၂ ဤလူနာသည် တကိုယ်လုံးဝဲစွဲနူနာပေါက်သူဖြစ်သည်။ အရပ်စကားအရပြောရလျှင် မျှော်လင့်ချက်မရှိတော့ပါ။ ရောဂါကျွမ်းနေပြီ။ ထိုလူနာ၏ ယုံကြည်ခြင်းသည် မှတ်သားလောက်သည်။ “ကိုယ်တော်သည် အကျွန်ုပ်ကို သန့်ရှင်းစေနိုင်သည်”ဟု ဆိုသည်။ ထိုစကားမျိုးပြောဘူးသူမရှိပါ။ ကိုယ်တော်ဘုရားကို အကြွင်းမဲ့လုံးဝဥဿုံ ယုံကြည်သည်။ အလိုတော်ရှိလျှင် ဟူသောစကားမှာ ခရစ် တော်အားယုံမှားးသံသယမရှိခြင်းကို ဖော်ပြသည်။ ထိုသူမှာ ပြန်လည်ကျန်းမာဖို့ မျှော်လင့်ချက်မရှိတော့ပါ။ ဘုရားသခင်၏ ကျေးဇူးတော် တခုတည်းကိုသာ မျှော်လင့်သည်။
၅:၁၃ နူနာစွဲသူအား ကိုင်တွယ်ထိတွေ့ရန်မှာ ရွံ့စရာ၊ စိုးရိမ်စရာ၊ မသတီစရာဖြစ်သည်။ သို့သော် ကိုယ်တော်ဘုရားသည် ထိုကဲ့သို့ မခံယူပါ။ လက်တော်နှင့် ကိုင်တွယ် ထူမသည်။ ထိုခဏခြင်း တွင် အနာရောဂါပျောက်ကင်းသည်။ မျှော်လင့်ရာမဲ့၊ ကူဖော်လောင်ဖက်မရှိသူ အနူရောဂါသည်တဦး၊ တမဟုတ်ခြင်း၊အကောင်းပကတိ ကျန်းမာသွားသောအခါ အဘယ်မျှ ဝမ်းသာမည်နည်း။
၅:၁၄ အခြားသူများအား မပြောပြရန် ယေရှုက မှာကြားသတိပေးလိုက်သည်။ သခင်ယေရှု သည် လူသိထင်ရှား၊ ပေါ်ပလွှားခြင်းကို မနှစ်သက်၊ လူ့ဘုရင်မမက်မော။ ယဇ်ပုရောဟိတ်ထံသို့သွား၍ အနာရောဂါပျေက်ကင်းကြောင်းသွားပြပါ။ မောရှေထုံးစံအတိုင်း အပြစ်ဖြေပူဇော်သက္ကာသွားလုပ်ပါ။ (ဝတ် ၁၄:၄) ဟုမှာလိုက်သည်။ ထိုသို့ အသေးစိတ်ပြောပြခြင်းမှာ နူနာရောဂါပျောက်ကင်းရန်မှာ ယဇ်ပုရောဟိတ် မတတ်စွမ်းနိုင်ခြင်းအကြောင်းဖြစ်သည်။ နူနာရောဂါလုံးဝပြန်လည်ပျောက်ကင်းကြောင်း ယဇ်ပုရောဟိတ် များမကြုံဘူးကြ။ ဤအဖြစ်အပျက်သည် ထူးခြားသည်။ မေရှိယသခင် ပေါ်ထွန်းကြောင်း သိသာထင်ရှား စေခြင်းဖြစ်သည်။ ယဇ်ပုုရောဟိတ်များက စစ်ဆေးအတည်ပြုကြသော်လည်း စိတ်နှလုံးတွင်မူ ကိုယ်တော် ဘုရားအား ယုံကြည်ခြင်းမရှိကြပါ။
၅:၁၅-၁၆ ကိုယ်တော်ဘုရားက ထိုသတင်းစကားအားမပြောကြားရန် တားမြစ်သော်လည်း ပန်သတင်းလေညှင်းဆောင်၊ လူသတင်းလူချင်းဆောင်၍ သင်းပျံ့သွားသည်။ ကျန်းမာခြင်းလိုလားသော လူအုပ်ကြီးအထံတော်သို့ ရောက်ရှိလာကြသည်။ ကိုယ်တော်ဘုရားသည် တိတ်ဆိတ်စွာ ဆုတောင်းရန် ကန္တာရသို့ တကိုယ်တည်း မကြာခဏ ထွက်သွားလေ့ရှိသည်။ ကိုယ်တော်ဘုရားသည် ဆုတောင်းခြင်းအား ကောင်းသော လူသားတော်ဖြစ်သည်။ ဤခရစ်ဝင်ကျမ်းတွင် ကိုယ်တော်အား လူသားတော်အဖြစ် ဖော်ပြ သည်မှာ ရှင်လုကာ၏ သတင်းကောင်းနှင့် အံဝင်ဂွင်ကျဆီလျော်လှပါသည်။ ကိုယ်တော်ဘုရား၏ ဆုတောင်းခြင်းအသက်တာကို ပိုမိုနားလည် သဘောပေါက်နိုင်ကြပေမည်။
(ဆ) လေဖြတ်သူအားပြန်လည်ကျန်းမာစေခြင်း (၅:၁၇-၂၆)
၅:၁ရ သခင်ယေရှု၏ မင်္ဂလာသတင်းကောင်းသင်းပျံ့နေသဖြင့် အရပ်ရပ်အရွာရွာ မှ ရောဂါ သည်များ အထံတော်သို့ ရောက်လာကြသည်။ ကိုယ်တော်၏ လုပ်ဆောင်ချက်များကို ရန်မူလိုသောစိတ် ဖြင့် ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုများလည်း ရောက်လာကြသည်။ ထိုရန်မူလိုသူများသည် ဂါလိလဲတွင်လည်း ရန်မူခဲ့ကြသူများဖြစ်သည်။ ကို်ယ်တော်ဘုရားသည်နာမကျန်းဖြစ်သူများ အဖျားအနာကင်းငြိမ်းစေသည်။ ကိုယ်တော်သည် အချိန်မရွေးအနာရောဂါကင်းငြင်းစေသောသူဖြစ်သော်လည်း နာဇရက်သားများက မနှစ် မြို့ကြ။ ယုံကြည်ခြင်းမရှိကြသောကြောင့် ကိုယ်တော်သည် နာဇရက်တွင် အထွေအထူးတန်ခိုးတော်ပြသ ခြင်းမရှိခဲ့ (မ ၁၃:၅၈)။
၅:၁၈-၁၉ သခင်ယေရှုတရားဟော သွန်သင်နေစဉ်လူလေးယောက်သည် လူမမာအား ခုတင်ဖြင့် သယ်ဆောင်လာကြသည်။ လူအုပ်ကြီးအား မတိုးနိုင်သဖြင့် လှေကားထောင်၍ အိမ်ခေါင်မိုးပေါ် သို့တက်ကြသည်။ အိမ်ခေါင်မိုးတွင် အပေါက်ဖောက်၍ လူနာအားထမ်းစင်ဖြင့် သခင်ယေရှုထံသို့ လျှောချ ကြသည်။
၅:၂၀-၂၁ သခင်ယေရှုသည် ထိုသူများ၏ ယုံကြည်ခြင်းကို အသိအမှတ်ပြုလိုက်သည်။ မိတ်ဆွေလေးဦးလူနာ၏ ယုံကြည်ခြင်းကို မြင်သောအခါ “အချင်းလူသင့်အပြစ်များကို ဖြေလွှတ်လိုက်ပြီ”ဟု ဆိုလိုက်ရာ ဘုရားသခင်တပါးတည်းသာလျှင် အပြစ်ဖြေလွှတ်ပိုင်ခွင့်ရှိသည် ဟုခံယူကြသော ကျမ်းတတ် ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများက ရေနွေးအိုးပမာထပွက် ကြသည်။ သခင်ယေရှုကို ဘုရားသခင်အဖြစ် လက်မခံ နိုင်ကြသောကြောင့် သခင်ယေရှုအား အပြစ်တင်ကြသည်။
၅:၂၂-၂၃ ထိုကြောင်သူတော်များ၏ စိတ်သဘောကို ကိုယ်တော်ဘုရား ထိုးဖောက်သိမြင် သောကြောင့် သင့်အပြစ်ကိုခွင့်လွှတ်သည် ဟူသောစကားနှင့် ထလော့၊ လမ်းလျှေက်လော့ဟူသော စကား တွင် အဘယ်စကားအပြောလွယ်သနည်းဟု ထောက်ပြသည်။ အမှန်စင်စစ်မည်သည့် စကားအပြောလွယ် သည်ဖြစ်စေ၊ ထိုစကားနှစ်ခွန်စလုံးသည် လူ့အတွေးဖြင့် လက်ခံနိုင်ဖွယ်ရာမရှိ။ ထိုမေးခွန်း၏ အဖြေမှာ သင့်အပြစ်ကို ခွင့်လွှတ်သည်ဟူသော စကားဖြစ်သည်။ အပြစ်သားအတွက် အပြစ်လွှတ်သည်ဟူသော စကားမှလွဲ၍ အခြားအဓိကကျသောစကားမရှိပါ။ ထလော့၊ လမ်လျှောက်လော့ဟုပြောလျှင် လူနာအား အနူရောဂါ ကင်းငြိမ်းစေခြင်းဖြစ်သည်ဟု အလွယ်တကူနားလည်နိုင်သည်။
ဖာရိရှဲများသည် အပြစ်ခွင့်လွှတ်ခြင်းကို သဘောမပေါက်သဖြင့် အယုံအကြည်မရှိကြ။ ထို့ကြောင့် လူသားများ၏ အပြစ်ဒုစရိုက်များကို အမှန်တကယ်ခွင့် လွှတ်ပိုင်ခွင့် ရှိကြောင်း၊ သိမြင်သဘော ပေါက်ကြစေရန် ထိုသို့ဆိုခြင်းဖြစ်သည်။ လေဖြတ်သူသည် ကျန်းမာထူထောင်လျက် လမ်းလျှောက်ကာ အိမ်ပြန်သွားသည်။
၅:၂၄ “လူသားတော်သည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့်ရှိသည်ကို သင်တို့ သိစေခြင်း ငှာ ထလော့”ဟုဆိုခြင်းမှာ သခင်ယေရငသည် လူ့ဇာတိအပြည့်အဝရှိကြောင်းဆိုလိုသည်။ ယုံကြည်သူများ သည်လည်း လူသားများဖြစ်ကြပါသည်။ လူသားတော်ဆိုသည်မှာ နိစ္စထာဝရအသက်ရှင်၍ လူ့ဇာတိခံယူ တော်မူခြင်းကို ရည်ညွန်းပါသည်။ ကိုယ်ကျင့် သက္ခာမြင့်မြတ်ပြည့်စုံသူ၊ ဆင်ရဲဒုက္ခခံစားတတ်သူသွေးထွက် သံယိုရင်းသေနိုင်သူ၊ ဘုရားသခင်၏ ဦးဆောင်မှုကို ခံယူသူဟု အနက်ရသည်။
၅:၂၅ ကိုယ်တော်ဘုရား၏ နှုတ်စကားတော်အတိုင်း ထိုလေဖြတ်သူသည် ငုတ်တုတ်ထထိုင် သည်။ ပြီးနောက် ချက်ချင်းထ၍ မိမိထမ်းစင်ကို မကာဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်အိမ် ပြန်သွားသည်။
၅:၂၆ တွေ့မြင်နေသော ပရိသတ်ကြီးသည်လည်း အံ့ဩဝမ်းသာစွာ ဘုရားသခင်၏ ကျေးဇူး တော်အားချီးမွမ်းကြသည်။ အံ့ဘွယ် သောအမှုအရာများကို ယနေ့မြင်ခွင့်ရကြသည်။ အပြစ်ခွင့်လွှတ်ခြင်း အံ့ဖွယ်နိမိတ်၏ အကျိုးရလာဒ်ကို သိမြင်ကြရပြီဟု ဆိုကြသည်။
၅။ လူသားတော်မှ သူ၏ အမှုတော်အား ရှင်းပြခြင်း (၅:၂၇-၆:၄၉)
(က) လေဝိက်ိုဆင့်ခေါ်ခြင်း (၅:၂၇-၂၈)
၅:၂၇-၂၈ လေဝိသည် ရောမအစိုးရအခွန်အခကောက်ပေးသော ယုဒလူမျိုးဖြစ်သည်။ ရောမ အစိုးရ၏ ခါးပိုက်ဆောင်ဖြစ်သောကြောင့် လူမျိုးချင်းဖြစ်သည့် အခြားယုဒများက မုန်းတီးကြသည်။ တနေ့ ၌ လေဝိအခွန်ကောက်နေစဉ် ယေရှုက တွေ့ရှိသဖြင့် နောက်တော်သို့လိုက်ရန် ခေါ်လိုက်သည်။ အံ့ဩဖွယ် ကောင်းသည်မှာ ထိုလေဝိသည် စကားကြောမရှည်ဘဲကောက်ကာငင်ကာ ချက်ချင်းထလိုက်သွားသည်။ ထိုလေဝိသည် ပထမဦးဆုံး ခရစ်ဝင်ကျမ်းကို စီရင်ရေးသားသော ရှင်မြဖြစ်လာသည်။ အသံတော်ကြား၍ အထံတော်နောက်သို့လိုက်သွားသည်။
(ခ) အပြစ်သားများကို လူသားတော်ခေါ်ရခြင်း (၅:၂၉-၃၂)
၅:၂၉-၃ဝ လေဝိသည် ရည်ရွယ်ချက် (၃)ခုဖြင့် ညစာပွဲတော်ပြင်ဆင်သည်။ သခင်ဘုရားကို ကြည်ညိုသည်။ အသက်သာအသစ်ကို ဝန်ခံပြသချင်သည်။ လုပ်ဖော်ဆောင်ဖက် မိတ်ဆွေများကို သခင် ယေရှုနှင့် မိတ်ဆက်ပေးချင်သည်။ ယုဒလူအများစုသည် အခွန်ခံများအား ဆေးဖော်ကြောဖက် မလုပ်ကြ။ ထမင်းဝိုင်းတွင် အတူတူမထိုင်ကြ။ သခင်ယေရှုသည် ထိုအခွန်ခံများနှင့် အတူတကွထိုင်၍ ညစာသုံးဆောင်သည်။ ထိုသူများ၏ အပြစ်ဒုစရိုက်များကို အပြစ်မမြင်၊ ကိုယ်တော်၏ အမှုတော်နှင့် မရော ယှက်။ သွန်သင်စရာဆုံးမစရာ၊ ကောင်းကြီးပေးစရာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ထိုသူများနှင့် ယေရှုသခင်ရောနှောဆက်ဆံသည်ကို တွေ့ကြသောအခါ ကျမ်းတတ်ပုဂ္ဂိုလ် များနှင့် ဖာရိရှဲများက ပြစ်တင်ကြသည်။ ဖာရိရှဲများက အခွန်ခံများကို လူအမိုက်၊လူဗာလာဟု သိမှတ်ကြ သည်။
၅:၃၁ သခင်ယေရှုလူ့လောကသို့ သူကြွလာခြင်းအကြောင်းကို “နေမကောင်း၊ မကျန်းမာသူ များကသာလျှင် ဆရာဝန်တမ်းတကြ၍ လူကောင်းများက ဆေးဆရာအသုံးမလို”ဟု ထင်မှတ်ခံယူကြ သည်။
၅:၃၂ ဖာရိရှဲများသည် သူတို့ကို သူတို့ဖြောင့်မတ်စင်ကြယ်သူများဟု ထင်မှတ်ခံယူကြသည်။ အပြစ်၏ အတိမ်အနက်ကို မသိနားမလည်ကြ။ ထို့ကြောင့်သမားတော်ကြီးလိုအပ်နေကြမှန်းလည်း နားမ လည်ကြ။ အခွန်ခံများနှင့် လောကသားများကမူ မိမိတို့ အပြစ်ကို သိရှိဝန်ခံကြသောကြောင့် ကယ်တင် ရှိ လိုအပ်ကြောင်း သဘောပေါက်ကြသည်။ ထိုသူများအတွက် ကယ်တင်ရှင်သခင် အမှန်တကယ် ရောက်လာပါပြီ။ စင်စစ် အားဖြင့် ဖာရိရှဲများသည် စင်ကြယ်သူများမဟုတ်ပါ။ အခွန်ခံများနည်းတူ အပြစ်သားဖြစ်ပြီး။ ကယ်တင်ခြင်းလိုအပ်သူများဖြစ်သည်။ သို့သော သိလျက်သားနှင့် မိမိတို့အပြစ်ကို ဝန်မခံချင်ကြ။ အသဲအတန်ဖျားနာသူများအတွက် ရောက်လာသော သမားတော်ကြီးကိုသာ ဝေဖန်လေ ကန်နေကြသည်။
(ဂ) တပည့်တော်များအစာရှောင်ခြင်းအား ရှင်းပြချက် (၅:၃၃-၃၅)
၅:၃၃ အစာရှောင်ခြင်းနှင့် ပတ်သက်၍ ဖာရိရှဲများက သခင်ယေရှုအား မေးခွန်းထုတ်ကြ သည်။ ဗတ္တိဇံယောဟန်၏ တပည့်များသည်လည်း သခင့်လမ်းစဉ်အတိုင်းအစာရှောင်ကြသည်။ ဖာရိရှဲများ သည်လည်း ဘာသာရေးထုံးစံအတိုင်း အစာရှောင်လေ့ရှိသည်။ သို့သော် ယေရှု၏ တပည့်တော်များမှာ အစာရှောင်ခြင်းမပြုကြ။ အဘယ်ကြောင့်နည်း။
၅:၃၄-၃၈ သခင်ယေရှုက သူ့တပည့်တော်များသည် သခင်ယေရှုနှင့် အတူရှိနေသရွေ့ကာလ ပတ်လုံးအစာရှောင်ခြင်းသည် ဝမ်းနည်းခြင်း၊ လွမ်းဆွေးအားနည်းခြင်းနှင့် ဆက်နွယ်သည်။ တပည့်တော် များသည်လည်း သခင်ယေရှုနှင့် ဝေးကွာကြသည့်အခါ အစာရှောင်ကြပါလိမ့်မည်ဟု ဆိုသည်။ ထိုစကား မှာ ကိုယ်တော်ဘုရား အသေခံပြီးသည့်နောက်ပိုင်းတွင် တပည့်တော်များ ဝမ်းနည်းလွမ်းဆွေးသော အားဖြင့်အစာရှောင်ကြမည့်အကြောင်းဖြစ်သည်။
(ဃ) ပုံဆောင်ခြင်း (၃)ခုဖြင့် ရှင်းပြခြင်း (၅:၃၆-၃၉)
၅:၃၆ အသစ်နှင့် အဟောင်း မရောနှောရမည့်အကြောင်း ပုဥပမာ (၃)ခုဖြင့် ရှင်ပြထားသည်။
ပထမဦးဆုံးပုံဥပမာမှာ ဝတ်ရုံဟောင်းနှင့် ဝတ်ရုံသစ်ဖြစ်သည်။ ရှေးထုံးနည်းနာနှင့် ကျေးဇူ တော်ပုံဆောင်သည်။ ထိုနှစ်ခုသည် ရောနှောခိုင်းနှိုင်းဆရာမဟုတ်။ ပညတ်တရားနှင့် ကျေးဇူးတော်ရော နှောလျှင် နှစ်ခုစလုံးပျက်စီးသည်။ ဝတ်ရုံဟောင်းကို ဝတ်ရုံသစ်ဖြင့် မဖာထေးရ။ ထိုသို့ဖာထေးလျှင် ထိုဝတ် ရုံသည် အသစ်မဖြစ်သကဲ့သို့ အဟောင်းကိုလည်း မမြင်ရတော့ပါ။ ထိုအကြောင်းကို J.N. Darby က “သခင်ယေရှုသည် ခရစ်ယာန်ဝါဒဖြင့် ယုဒအစဉ်အလာအား ဖာထေးဖြည့်စွက်ခြင်းမဟုတ်ပါ။ ဇာတိနှင့် ပညတ်တရားသည် တသားတည်းဖြစ်သည်။ ကျေးဇူးတော်နှင့် ပညတ်တရား၊ ဘုရားသခင်၏ ဖြောင့်မတ် စင်ကြယ်ခြင်းနှင့် လူ့ဆန္ဒကို ရောထွေး၍ မရနိုင်” ဟုဆိုသည်။
၅:၃၇-၃၈ ဒုတိယပုံဥပမာရှင်းပြချက်မှာ စပျစ်ဝိုင်သစ်ကို သားရေဗူးဟောင်းထဲသို ထည့်ခြင်း ဖြစ်သည်။ စပျစ်ဝိုင်သည် တွန်းကန်အားရှိသည်။ ရုန်းကန်ကြီးထွားခြင်းမရှိနိုင်သော သားရေဗူးဟောင်း ထဲသို့ ဝိုင်အသစ်ထည့်ပါက သားရေဗူးက ခံနိုင်မည်မဟုတ်။ သားရေပေါက်ထွက်၍ ဝိုင်များထွက်ကျကုန် မည်။ အပြင်ပန်လက္ခဏာသာရှိသော ထုံးတမ်းစဉ်လာရိုးရာအစဉ်အလာ၊ ယုဒဘာသာရေးထုံးစံများသည် မွန်းကြပ်နေသည်။ ဘုရားသခင် ယုံကြည်ခြင်း၌ ပျော်ရွှင်သောအသက်တာကို ထိန်းချုပ်ကန့်ဝတ် ထားသည်။ စပျစ်ဝိုင်သစ်ဆိုသည်မှာ လေဖြတ်ရောဂါသည်ကို ပျော်ရွှင်ခြင်း မိတိသောမနာဿမျိုးဖြစ် သည။် လေဝိ၏ ဘဝသစ်မျိုးဖြစ်သည်။ သားရေဗူးဟောင်းသည် အေးတိအေးစက်ာသံချေးတက်နေသော ဖာရိရှဲများ၏ အစဉ်အလာထိန်းသိမ်းခြင်းဖြစ်သည်။
၃:၃၉ တတိယ ပုံဥပမာ စပျစ်ရည်သောက်သုံးခြင်းဖြစ်သည်။ စပျစ်ရည်ဟောင်းသောက်သူ သည် စပျစ်ရည်သစ်ကို မသောက်ရသေးသဖြင့် စပျစ်ရည်ဟောင်းကကောင်းပါသည်ဟု တင်းတိမ်တက် သည်။ ဤပုံဥပမာသည် လူ့အကျင့် ဟောင်းနှင့် ဘဝသစ်ကို ရည်ညွန်းခြင်းဖြစ်သည်။ ခရစ်ယာန်အရသာ ကို မမြည်းစမ်းဘူးသော ဖာရိရှဲများ ဘာသာရေး၌ မွေ့လျော်ခြင်းကိုဆိုလိုသည်။ Darbyက လူမှုထုံးစ့ နှင့် မိသားစုံရိုးရာ ကိုးကွယ်သူများသည် ဘဝသစ် နိုင်ငံတော်သစ်အကြောင်းကို သိမြင်နိုင်စွမ်းဟု ထောက်ခံ ထားသည်။