သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၂

၃။ သခင်ဘုရားနေ့ရက်အကြောင်း(:၁၂)

(က) ရင့်ကျက်တည်ငြိမ်ဖို့ဆွဲဆောင်စည်းရုံးခြင်း(:)

: သက်သာလောနိတ်သားများက ခရစ်တော်ဘုရား ကြွလာခြင်းနှင့် သခင်ဘုရား၏ နေ့သဘောမပေါက်ကြကြောင်း ရှင်ပေါလုရိပ်မိသည်။ သန့်ရှင်းသူများပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်မှု ခံရခြင်းသည် သခင်ဘုရား၏ နေ့အစပိုင်းရောက်ရှိခြင်း ဖြစ်သည်ဟု အလွယ်တကူမှတ်ယူကြသည်။ ရှင်ပေါလုကိုယ်တိုင်လည်း ထိုသခင်ဘုရား နေ့ရောက်သည်ဟု ယုံကြည်နေကြောင်းနှင့် ထိုအကြောင်း လိုက်ဟောနေကြောင်း ပတ်ဝန်းကျင်တွင် ကောလဟာလ ပလူပျံနေသည်။ ထို့ကြောင့် တမန်တော်ကြီးက ပြန်လည်တည့်မတ်ပေးသည်။

အပိုဒ်ငယ်(၁)တွင် ပြောသော “ထိုနေ့နှင့်ပတ်သက်၍(ဂရိ huper) ဟူသောစကားသည် “သခင်ဘုရားကြွလာခြင်း” လား၊ “သခင်ဘုရားကြွလာပြီးနောက်” ဆိုလိုသလားဟူသော ပြဿနာဖြစ်သည်။ ပထမစကားကို အတည်ယူလျှင် ချီဆောင်ခြင်းနှင့် သခင်ဘုရားနေ့ရက်သည် တစ်ရက်တည်း ကျပေမည်။ အကယ်၍ ဒုတိယစကားကို အတည်ယူလျှင် ပေါလုဆိုလိုသောနေ့ရက်သည် ချီဆောင်ခြင်းဖြစ်ကြောင်း သက်သာလောနိတ်သားများအား တောင်းပန်ဖျောင်းဖျရမည်။ မေးစရာဖြစ်ပါသည်။ Willian Kelly က ဒုတိယစကားကို ထောက်ခံကြောင်း ဤသို့ဆိုထားသည်။

ယုံကြည်သူများ၏ မျှော်လင့်ချက်နှင့် ငြိမ်သက်ရာဖြစ်သော ထိုနေ့ရက်သည် အဓိပ္ပါယ် ကောက်မှားနိုင်သောကြောင့် သွားရှုပ်ခြင်းဖြစ်သည်။

“သင်တို့သည် ချီဆောင်ကာလအတွက် အဆင်သင့် ဖြစ်နေကြသူများ ဖြစ်သောကြောင့် သခင်ဘုရား၏ နေ့ရက်အတွက် တွေးပူ စရာလူများမဟုတ်။ ချီဆောင်ခြင်းသည် ပထမ။ မိမိနေအိမ်မှ ကောင်းကင်နိုင်ငံသို့ ရောက်ရှိသွားကြပြီ ဖြစ်သောကြောင့် သခင်ဘုရား၏ နေ့ရက်သည် ကြောက်စရာ မဟုတ်” ဟု တောင်းပန်ရလိမ့်မည်။

သခင်ယေရှုခရစ်တော် ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်နှင့် အတူရှိနေရန် စုရုံးကြမည် ဟူသောစကားသည် ချီဆောင်ခြင်းကို ဆိုလိုကြောင်း မှားနိုင်ဖွယ်မရှိ။ အာကာသတဲ၌ ကိုယ်တော်အား တွေ့ဆုံမည့်အချိန်နာရီ ဖြစ်သည်။

: ချီဆောင်ခြင်းနှင့် သခင်ဘုရား၏ နေ့ရက်နှင့်မတူကြောင်း သဘောပေါက်ပြီးကြပြီ။ သက်သာလောနိတ်သားများသည် သခင်ဘုရားကြွလာကြောင်းကို မစိုးရိမ်ကြ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော် မလာသေးကြောင်း သိကြသည်။ သို့သော် သခင်ဘုရား၏ နေ့ရက်ကျရောက်မှာကို စိတ်ပူနေကြသည်။ သူတို့ခံစားနေရသော ညှဉ်းပန်းနှိပ်စက်ခြင်းကို ဘေးဒဏ်ကြီးကာလအစ သခင်ဘုရား၏ နေ့ရက်ဟု မှားကြသည်။

ပေါလုကိုယ်တိုင်သခင်ဘုရား၏ နေ့ရက်ဟုဆိုသည်ဟု ကောလဟာလ သတင်းစကား လေလွင့်နေသည်။ ကောလဟာလပိုတိုက်လေလေ၊ စိုးရိမ်လေလေဖြစ်ကြသည်။ ကျမ်းစာတစောင်ကမူ ထိုအကြောင်းကို ရှင်ပေါလု ဝိညာဉ်တော်အားဖြင့် သိရှိသည်ဟု ဆိုသည်။ သီးခြားရူပါရုံ ရရှိခြင်းဖြစ်သည်။ အခြားသတင်းစကားများအရ တစ်ဆင့်စကားဖြင့် ကြားသိသည်ဟု ဆိုကြသည်။ ထို့ကြောင့် ဘေးဒဏ်ကြီးကာလအကြောင်း ရှင်းပြခြင်းဖြစ်သည်။ စာထဲတွင် ငါတို့သည် တောင်းပန်ကြ၏ဟုဆိုရာတွင် ဝိညာဉ်၊ နှုတ်စကား၊ စာတို့ဖြင့် တောင်းပန်ကြောင်း ဆိုလိုသည်။ ထိုသတင်း အရင်းအမြစ်များသည် တစ်ခုမှ မှန်ကန်ခြင်း မရှိပါ။

KJVနှင့် NKJVကျမ်းများအရ သန့်ရှင်းသူများသည် ခရစ်တော်ရောက်လာပြီဟု ထင်မှတ်ကြောက်
ရွံ့ကြသည်ဟု ဆိုသည်။ ခရစ်တော်နေ့၏ နေ့ရက်သည် ချီဆောင်ခြင်း၊ တရားပလ္လင်တွင် စိုးစံခြင်းနှင့်အမြဲတမ်း ဆင်တူရိုးမှားရှိနေသောကြောင့် အမှတ်မှားခြင်း ဖြစ်သည် (၁ကော၁:၈၊၅:၅၊၂ကော၁:၁၄၊ဖိ ၁:၆-၁၀၊၂:၁၅-၁၆)။

သို့သော် သက်သာလောနိတ်သားများအတွက် ခရစ်တော်၏ နေ့ရက်ရောက်လုနီးကြောင်း၊ စိုးရိမ်ခြင်း မရှိကြပါ။ ခံစားနေရသော ညှဉ်းပန်းနှိပ်စက်မှုများ ဖြေလွှတ်ပေးမည်ဟု ဝမ်းသာနေကြသည်။ RVကျမ်းတွင်
ဘေးဒဏ်ကြီး အကြိုနေ့ရက် အကြောင်းကို “သခင်ဘုရား၏နေ့ရက်သည် ယခုကာလဖြစ်သည်” ဟုဆိုသည်။ ပေါလု၏ ပရိသတ်များကမူ ထိုစကားကို သခင်၏ အမျက်တော်ကျရောက်နေ့ဟု ယူမှတ်၍ သောကရောက်နေကြသည်။

() ဒုစရိုက်လူ(:၁၂)

: ထိုနေ့ရက်၌ ထိုသူများရှိနေမည့်အကြောင်း ရှင်းပြထားသည်။ ချီဆောင်ခြင်း ပြီးမြောက်သည်နှင့် တပြိုင်နက် အောက်ပါ အဖြစ်ဆိုးများက ချက်ချင်း ဝင်ရောက်နေရာ ယူလာမည်။

ပထမဦးဆုံးမှာ သင်းကွဲသူများသို့မဟုတ်မိစ္ဆာဒိဋ္ဌိများ ဖြစ်သည်။ ဘာကိုဆိုလိုသနည်း။ လိုရင်းတိုရှင်း ပြောရလျှင် ခရစ်ယာန်ယုံကြည်မှုကို ပစ်ပယ်သူများ၊ ခရစ်ယာန်ယုံကြည်မှုကို ငြင်းပယ်သူများ ဖြစ်သည်။

ထို့အပြင် သာ၍ ဆိုးဝါးလာမည်။ ကိုယ်ကျင့်သိက္ခာတရား မရှိ၊ ဥပဒေမဲ့မှု ယုတ်မာမှု ပေါ်ထွန်းလာမည်။ ထိုအမှုအရာများသည် အပြစ်ဒုစရိုက်အတိဖြစ်၍ ပုန်ကန်ခြားနားခြင်း ဖြစ်သည်။ ရှေးကုသိုလ်စီရင်ထားသည့်အတိုင်း ထာဝရပျက်စီးခြင်း၏သား ပေါ်ထွန်းလာမည်။

ဘေးဒဏ်ကြီးကာလ၌ ပေါ်ထွန်းမည့် အကျင့်စရိုက်ဆိုးများ လူတစ်ဦးတည်းတွင် ပြည့်စုံမည့်အကြောင်း ကျမ်းတွင် ရေးထားသည်။ အချို့ကျမ်းတတ် ပုဂ္ဂိုလ်များကမူ ထိုလူယုတ်မာသည် ယုဒ အန္တိခရစ်ဖြစ်သည်ဟု ဆိုကြသည်။ အချို့ကမူ တပါးအမျိုးသားများ၏ ဦးခေါင်း ရောမအင်ပါယာ ခေါင်းဆောင်ခြင်း ဖြစ်သည်ဟုဆိုသည်။ နောက်ဆုံးကာလ၌ အုပ်စိုး သောင်းကျမ်းမည့်သူ၏ အမည်နာမအချို့ကို ရေးပြပါမည်။

– ဒုစရိုက်လူ၊ပျက်စီးခြင်း၏သား                                                  (၂သက်၂:၃)
– အန္တိခရစ်                                                                                (၁ယော၂:၁၈)
– ဦးချိုငယ်                                                                                (ဒံ၇:၈၊၂၄-၂၆)
– သားရဲများ၏ဘုရင်                                                                   (ဒံ၈:၂၃-၂၅)
– လာသောသခင်                                                                                    (ဒံ၉:၂၆)
– အတ္တဘုရင်                                                                              (ဒံ၁၁:၃၆)
– မွဲတေသောသိုးထိန်း                                                                 (ဗျာ၁၃:၁-၁၀)
– မြေကြီးထဲကထွက်သောသားရဲ                                                  (ဗျာ၁၃:၁၁-၁၇)
– ဦးခေါင်းခုနှစ်လုံး၊ဦးချိုတဆယ်ချောင်းရှိသောအနီရောင်သားရဲ       (ဗျာ ၁၇:၄၊၈-၁၄)
– မြောက်ရှင်ဘုရင်                                                                      (ဒံ ၁၁:၆)
– တောင်ရှင်ဘုရင်                                                                       (ဒံ ၁၁:၄၀)
– မှားယွင်းသောပရောဖက်                                                           (ဗျာ ၁၉:၂၀၊၂၀:၁၀)
– မာဂေါဂပြည်၊ဂေါဂမင်း                                                              (ယေဇ ၃၈:၂-၃၉:၁၁)

ဗျာ ၂၀:၈ တွင်ဖော်ပြသည့် အနှစ်တစ်ထောင်နောက်ပိုင်း ထမြောက်သူနှင့် မရောနှင့်)

– မိမိအမည်ဖြင့်ရောက်လာသူ                                           (ယော၅:၄၃)

ဒုစရိုက်လူသည် သမိုင်းတလျှောက်တွင် ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွန်းခဲ့ပြီး ဖြစ်သည်။ ရောမကက်သလစ် ပုပ်ရဟန်းမင်း၊ ရောမဧကရာဇ်၊ ခရစ်ယာန် အတုအယောင်၊ ယုဒရှကာရုတ်၊ နေရှုးဘုရင်၊ ယုဒပြည်၊ မိုဟာမတ်၊ မာတင်လုသာ၊ နပိုလီယံ၊ မူဆိုလိုနီ အစရှိသဖြင့် ပုံစံအမျိုးမျိုးနှင့်ပေါ်ထွန်းခဲ့သည်။

: ထိုသူသည် ယေရုရှင်လင်ရှိ  ဘုရားသခင်ဗိမာန်တော်၌ ကျိန်းဝပ်၍ ဝတ်ပြုကိုးကွယ်ခြင်း ဟူသမျှကို သဲကြီးမဲကြီး ကန့်ကွက်ဖီဆန်မည်။ အန္တီခရစ်ဖြစ်၍ ခရစ်တော်အား တိုက်ရိုက်ဆန့်ကျင်ကာ ခရစ်တော်နေရာ ဝင်ရောက်လုယူသူ ဖြစ်သည်။

ဒံ၉:၂ရ နှင့် မ ၂၄:၁၅ တွင် ထိုသူသည် ဘေးဒဏ်ကြီးအလယ်ကာလတွင်ပေါ်ထွန်းမည့်အန္တီ
ဖြစ်သည်ဟု ဆိုသည်။ ထိုသူလက်ချက်၊ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် မာတုရ အများအပြား ပေါ်ထွန်းလာမည်။

: ရှင်ပေါလုသည် သက်သာလောနိတ်သားများနှင့် အတူရှိနေစဉ်တွင် ဤအမူအရာများ သွန်သင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း တမန်တော်ကြီး၏ သွန်သင်ချက်များ မေ့လျှော့မှာ စိုးရိမ်သည်က တစ်ကြောင်း လက်တလော ခံစားနေရသော ညှဉ်းပန်းနှိပ်စက်ခြင်း၏ ထွက်ပေါက်ရှာမိမည် စိုးသောကြောင့် တစ်ကြောင်း ထပ်မံ သတိပေးသည်။ လူသည် အလွန်အရေးကြီးသော ကိစ္စရပ်များကိုပင် အမှတ်တမဲ့ ရှိတက်ကြသောကြောင့် အမြဲ သတိပေးခြင်းသည် ကောင်းသော လက္ခဏာ ဖြစ်ပါသည်။

: ဒုစရိုက်လူ၏ ကြန်အင်လက္ခဏာများ သိရှိခြင်းဖြင့် အဖြစ်ဆိုး ရောက်လာသည့်အခါ ခုခံအား ရှိနှင့်ကြပေမည်။

ဤအခန်းတွင် မေးခွန်း(၃)ခု ပေးထားပါသည်။ မှားယွင်းသော ဆရာဆိုသည်မှာ မည်သူနည်း။ အပြစ်၏သား (လူယုတ်မာ) ဆိုသည်မှာမည်သူနည်း။ မိမိကာလ၌ ထင်ရှားသူ (သို့မဟုတ်) ထင်ရှားခြင်းဆိုသည်မှာ အဘယ်နည်း။

အခန်းငယ် (၆) အစပိုင်းတွင် လူဖြင့် မဟုတ်ဘဲ မိမိကာလ၌ ထင်ရှားခြင်းဟု ဆိုသည်။ အခန်းငယ်(၇)တွင် လူအဖြစ် ပြသသည်။ EW Rogenက ဤသို့ ရှင်းပြထားသည်။

ထိုသူသည် မိမိလက်ဝယ် လုပ်ပိုင်ခွင့် ရှိသည့်အခါ အမျိုးမျိုး၊ တစ်ခုခုဖြင့် ဥပဒေမဲ့ လုပ်ပြတတ်သည်။ ရည်ရွယ်ချက်ရှိရှိ၊သိသိသာသာ၊ပုံစံအမျိုးမျိုးဖြင့် လှည့်စားတတ်သည်။၁၁

လူအများမြင်သာအောင် အသွင်အပြင်(၇)မျိုးဖြင့် ဖော်ပြပါသည်။ (၁)ရောမအင်ပါယာ (၂)ယုဒနိုင်ငံ (၃)စာတန် (၄)တိုင်းနိုင်ငံအစိုးရ၏ ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များ (၅)ဘုရားသခင် (၆)သန့်ရှင်းသောဝိညာဉ်တော် (၇)ဝိညာဉ်တော်ဖြင့် အသက်မရှင်သော အသင်းတော်။

အသင်းတော်တွင်၎င်း၊ ယုံကြည်သူ အသီးသီးတွင်၎င်း၊ သန့်ရှင်းသူ ဝိညာဉ်တော် ပါရှိနေလျှင် ပိုမိုထင်ရှားသိသာသည်။ အခြားသူများထက် စွမ်းဆောင်မှု ထိရောက်သည်။ အချို့က ဤကျမ်းပိုဒ်မှ ဝိညာဉ်တော်သည် ယော၁၄:၂၆၊၁၅:၂၆၊၁၆:၈၊ ၁၃:၁၄နှင့်တူသည်ဟု ဆိုသည်။ က ၆:၃တွင် သန့်ရှင်းသောဝိညာဉ်တော်သည် စာတန်ကိုပေါ်လွင် ထင်ရှားစေသည်။ ဟေရှာ ၅၉:၁၉၊ယော ၁၆:၇-၁၁နှင့် ၁ယော၄:၄တွင်လည်း ထိုပုံစံအတိုင်းဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော် ပါရှိသည့် အသက်တာသည် လောကဆားများ ဖြစ်သည်။ (မ ၅:၁၃)။
လောကအလင်းလည်း ဖြစ်သည်(မ ၅:၁၄)။ ဆားသည်မပျက်စီးအောင် ထိန်းသိမ်းကာကွယ်သကဲ့သို့ မပုပ်သိုးအောင် လုံခြုံပေးသည်။ အလင်းသည် အမှောင်ကိုခွင်းသည်။ မှောင်ရိပ်ခိုသူများ၏ အပြစ်ကို ထုတ်ဖော်ပြသည် (ယော ၃:၁၉)။ အသင်းတော်ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် ကိန်းဝပ်နေလျှင် လောကအရာများ ဖယ်ရှင်းပေး၍ (၁ကော ၃:၁၆)၊ ယုံကြည်သူအသက်တာ၌ ကိန်းဝပ်နေလျှင် လက်လွှတ်စပယ် ယုတ်မာခြင်းမှ ကင်းစင်စေသည် (၁ကော ၆:၁၉)။

: ဝှက်ထားသော အဓမ္မအရာများသည် ယခုပင်ပြုပြင်ဆဲဖြစ်၏။ မသမာယုတ်မာမှုများသည် ဟန်ဆောင်ထားသော်လည်း သိသာသည်ဟု ဆိုလိုသည်။ မျက်နှာဖုံးအောက်မှာ လှုပ်ရှားနေကြသည်။ လျှို့ဝှက်ထားကြသော်လည်း ပီပြင်ခြင်းမရှိ။

ဤအရာများကို ပေါ်လွင်ခြင်းမရှိအောင် မည်သည့်အရာများက ဆီးတားထားသနည်း။ အသင်းတော်နှင့် ယုံကြည်သူများအထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် စိုးစံနေသောကြောင့် မသိုးဖောက်နိုင်ခြင်း ဖြစ်သည် ဟု ယုံကြည်ရသည်။ ကိုယ်တော်က ချီဆောင်ခြင်းကာလ တိုင်အောင် ဆီးတားလိမ့်မည်။

မေးစရာတစ်ခုရှိသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤကမ္ဘာမြေမှ မည်သည့်အချိန်တွင် ထွက်ခွာမည်နည်း။ နေရာတိုင်းမှာရှိနေသည်။ မဟုတ်လား။ ထိုသို့ရှိနေလျှင် မည်ကဲ့သို့ ပျောက်ကွယ်နိုင်မည်နည်း။

မှန်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည်နေရာတိုင်းမှာရှိနေပါသည်။ အချိန်တိုင်း နေရာတိုင်းမှာ ရှိနေပါသည်။ ပင်တေကုတ္တေနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာခြင်းသည်
သီးသန့်ဖြစ်သည်။ ခမည်းတော်နှင့် သားတော်က သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ်သည့် အကြောင်း (ယော ၁၄:၁၆၊ ၂၆၊ ၁၅:၂၆၊ ၁၆:၇) ယေရှုပြောပါသည်။ ထို့ကြောင့် ရောက်လာခြင်းလား။ အသင်းတော်နှင့် ယုံကြည်သူများထဲတွင် အစဉ်ထာဝရ ရှိနေပါသည်။   ပင်တေကုတ္တေနေ့တိုင်အောင် သန့်ရှင်းသော ဝိညာဉ်တော် ရှိနေသည် (ယော ၁၄:၇)။ ယုံကြည်သူများနှင့် အတူရှိနေသည်။ ဒါဝိဒ်၏ ဆုတောင်းသံကို နားထောင်ကြည့်ပါ။ “ကိုယ်တော်ရှင်၏ ဝိညာဉ်တော်ကို ကျွန်တော်မျိုးထံမှ ရုပ်သိမ်းတော်မမူပါနှင့်” (၅၁:၁၁)။  ပင်တေကုတ္တေနေ့ နောက်ပိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူများ၏ အသင်းတော်ထဲ၌ နိစ္စထာဝရ စိုးစံတော်မူသည် (ယော၁၄:၁၆)။

သန့်ရှင်းသော ဝိညာဉ်တော်သည် ပင်တေကုတ္တေနေ့မှစ၍ အသင်းတော်ထဲတွင်ရှိ နေသောကြောင့် အသင်းတော်ထဲ၌ဖြစ်စေ၊ ယုံကြည်သူများထဲ၌ဖြစ်စေ၊ အဓမ္မဆရာများ၏ လျှို့ဝှက်ချက် မဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ လောကသားများ အပြစ်တရားမှ ကျွတ်ချိန်တန်၍ အမြိုက်တရား ရရှိသည့်တိုင်အောင် လူ့လောကထဲ ရှိနေမည်။ ချီဆောင်ခြင်းကာလတွင် မရှိခြင်းသည် ဘေးဒဏ်ကြီးကာလတွင် အခြားတစ်စုံတရာက ကယ်တင်ပေးမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ပြောင်းလဲခြင်းရှိ ကြသော်လည်း အသင်းတော်ဝင်များ ဖြစ်ကြမည်မဟုတ်။ ခရစ်တော်၏ နိုင်ငံတော်နှင့်သာ သက်ဆိုင်ပါမည်။

: အသင်းတော် ချီဆောင်ခြင်း ခံရပြီးသောအခါ ထိုအဓမ္မမှု ဒုစရိုက်လူကြီးသည် ပေါ်လွင်လာလိမ့်မည်။ ဤကျမ်းပိုဒ်တွင် အန္တီခရစ်၏ သရုပ်သဏ္ဌာန်များ ပေါ်လွင်လာလိမ့်မည်ဟု ဆိုထားပါသည်။ ထိုသို့ ရုပ်လုံးပေါ်သည်နှင့် တပြိုင်နက် တစ်လောကလုံးတွင် သောင်းကျန်း၍ လိုက်လံဖျက်ဆီးမည်။ သို့သော် ထိုဆိုးသွမ်းမှုသည် အပြီးတိုင်မဟုတ်။ ခရစ်တော်အုပ်စိုးခြင်း မပေါ်ပေါက်မီကာလ စပ်ကြားသာ ဖြစ်သည်ဟု ငယ် ၉ မှ ၁၂ တွင်ဆိုထားသည်။

ထိုအဓမ္မဒုစရိုက်လူ၏ သောင်းကျန်းမှုကာလသည် ၇ နှစ်ကြာပါမည်။ တစ်နည်းအားဖြင့် ဘေးဒဏ်ကြီးကာလ တလျှောက်လုံးဖြစ်သည်။

ထို့နောက် သခင်ယေရှုက နှုတ်တော်ထွက်စကားဖြင့် ပယ်ရှင်းပါမည်။ (ဟေရှာ ၁၁:၄၊ ဗျာ ၁၉:၁၅)။ ကိုယ်တော် ကြွလာသည့်တိုင်အောင် ဘုန်းရောင်ခြည်ဖြင့် နှိမ်နှင်းပါမည်။ ခရစ်တော်၏ နှုတ်ထွက်စကား (ဂရိ epiphaneia)။ ကိုယ်တော်ပေါ်ထွန်းခြင်း (ဂရိ parousia) တို့က အဆုံးသတ်စေပါမည်။

ခရစ်တော်ဘုရား ကြွလာသောအခါ ဘုန်းတန်ခိုးအပြည့်အစုံဖြင့် အနှစ်တစ်ထောင် အုပ်စိုးမည်ဟု
ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။

: ဓမ္မမှုဆိုသည်မှာ စာတန်၏ လုပ်ဆောင်ချက် ဖြစ်သည်။ ထိုသို့လုပ်ခြင်းမှာ စာတန်၏ အားပေးအားမြောက်မှု ဖြစ်သည်။ အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာနှင့် အတုအယောင် အမျိုးမျိုး မျက်လှည့်သဖွယ် ပြမည်။

ထို့ကြောင့် အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာတိုင်းသည် ဘုရားသခင်၏ တန်ခိုးအားဖြင့်သာ မဟုတ်ကြောင်း နားလည်ရမည်။ စာတန်နှင့် အပေါင်းပါများကလည်း လုပ်ဆောင်နိုင်သည်။ စာတန်နှင့် အပေါင်းအပါများကလည်း လုပ်ဆောင်နိုင်သည်။ ထိုအဓမ္မလူယုတ်မာကလည်း လုပ်ဆောင်နိုင်သည် (ဗျာ ၁၃:၁၃-၁၅)။

အံ့ဖွယ်နိမိတ်လက္ခဏာ ဆိုသည်မှာ ဘုရားသခင်၏ တန်ခိုးမလိုပါ။ သဘာဝလွန် အင်အားများဖြင့်လည်း ပြသနိုင်သည်။ သခင်ဘုရား၏ အံ့ဖွယ်နိမိတ်လက္ခဏာများကို မေရှိယအဖြစ် ကတိတော် ပြုထားပါသည်။ ပရောဖက်ပြုချက်များမှာ တစုံတစ်ခုကို ထိခိုက်စေပြီးမှ နိမိတ်ပြတတ်ပါသည်။

:၁၀ အန္တီခရစ်သည် လူများအား ပျက်စီးခြင်းလက်နက် အကုန်စွမ်းအားစုံ သုံး၍ ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်ဖျက်ဆီးလေ့ ရှိသည်။ ဥပမာအားဖြင့် ကျေးဇူးတော်ကာလတွင် ဧဝံဂေလိသတင်းကောင်း ကြားသိရသော်လည်း သမ္မာတရားကို ဖက်တွယ်ခြင်း မရှိခြင်းမျိုး ဖြစ်သည်။ အကယ်၍ ဧဝဂေလိအသင်းကို ယုံကြည်ပါက ကယ်တင်ခြင်း ရရှိသွားပါမည်။ သို့သော်လည်း ယခုတွင်မူ အန္တီခရစ်၏ လှည့်စားခြင်း ခံနေရသောကြောင့်မြင်သာ မြင်သည် မကြင်လိုက်ရပါ။

:၁၁ ထိုသို့ သမ္မာတရားကို မယုံကြည်ကြသောကြောင့် မတရားသော အမှု၌ မွေ့လျော်နေကြသည်။ ဤနေရာတွင် မတရားသောအမှု ဆိုသည်မှာ အန္တီခရစ်များ၏ လုပ်ဆောင်မှု၌ ပါဝင်ခြင်း ဖြစ်သည်။ ထိုသူများဖြစ်သည်။ လောကတွင် ကိုယ်တော်ရှိခဲ့စဉ် “ငါသည် ခမည်းတော်၏ အခွင့်နှင့် ရောက်လာသော်လည်း၊ သင်တို့သည် ငါ့ကို လက်ခံကြလိမ့်မည်” (ယော ၅:၄၃)ဟု သတိပေးခဲ့သည်။ ယခုမူ မိမိသဘောဖြင့် ရောက်လာသူအား လက်ခံကြပြီး ထိုသူပြောစကားအတိုင်း ဘုရားအဖြစ် ကိုးကွယ်နေကြရပြီ။ “ကိုယ့်စိတ်နှလုံး၌ ကိုယ့်ရုပ်တုကို တည်ထောင်၍ ကိုယ်မျက်နှာရှေ့မှာ ကိုယ့်ဒုစရိုက်သစ် တုံးကိုထားကြပြီ” (ယေဇ ၁၄:၄)။

အန္တီခရစ်သည် အထူးသဖြင့် ယုဒလူမျိုး ဖြစ်သည် (ယေဇ ၂၈:၉-၁၀၊ ဒံ၁၁:၃၇-၃၈)။ ယုဒလူမျိုးများသည် မေရှိယသခင်ကိုယ်တိုင် လူဟန်ဆောင်၍ ယုဒမျိုးနွယ်စု ဒါဝိဒ်အမျိုးမှ ဆင်းသက်လာပါသည်ဟု ပြောလျှင်လည်း ယုံကြည်ကြမည် မဟုတ်။

:၁၂ ကျေးဇူးတော်ကာလမှာ ဧဝံဂေလိသတင်းကောင်း ကြားသော်လည်း မယုံကြည်သူသည် ဘေးဒဏ်ကြီးကာလ နောက်တွင်လည်း အခြားအခွင့်အရေး ရနိုင်မည်မဟုတ်။ ယေရှုခရစ်တော်ကို မယုံကြည်သူသည် အန္တိခရစ်ကိုးကွယ်သူဖြစ်သည်။ ထိုသူများသည် မတရားမှုကို ခင်တွယ်သောကြောင့် အပြစ်စီရင်ခြင်းခံရမည်။ “အထက်ကခေါ်ဖိတ်သောသူ တစ်ယောက်မှငါ့ပွဲသို့မဝင်ရ၊ ငါအမိန့်ရှိပြီ” (လု၁၄:၂၄)ဟု ကိုယ်တော် ဆိုထားပါသည်။

ဘေးဒဏ်ကြီးကာလ၌ လူသန်းပေါင်းများစွာ ကယ်တင်ခြင်း ရရှိကြမည်ဟု သိရသည်။ ယုဒလူမျိုး တစ်သိန်းလေးသောင်းလေးထောင်သည် ကယ်တင်ခြင်းရ၍ ကမ္ဘာအနှံ့  နိုင်ငံတော်အကြောင်း ဟောပြောကြမည်။ ဟောပြောသော ဒေသနာကြောင့် လူများစွာကယ်တင်ခြင်းရရှိကြဦးမည်။ သို့သော် ထိုကယ်တင်ခြင်း ရမည့်သူများလည်း ဧဝံဂေလိတရား လုံးဝမကြားဖူးသူများနှင့် ကယ်တင်ရှင်အား ငြင်းပယ်ခြင်း မရှိဘူးသူများသာ ဖြစ်သည်။

၄။ ကျေးဇူးချီးမွမ်းခြင်း၊ ဆုတောင်းခြင်း(:၁၃၁၇)

(က)သန့်ရှင်းသူများအပြစ်စီရင်ခြင်းမှကင်းလွှတ်သောကြောင့် ကျေးဇူးတော်ချီးမွမ်းခြင်း (:၁၃၁၄)

:၁၃ ပြီးခဲ့သောအပိုဒ်ငယ် (၁၂)ခုတွင် အန္တိခရစ်နှင့် အပေါင်းအပါများ၏ ဆိုးသွမ်းပုံ ကံကြမ္မာကိုလည်း ရှင်းပြခဲ့သည်။ ယခု သက်သာလောနိတ်သားများ၏ ထိုအန္တိခရစ်နှင့် ဖီလာဆန့်ကျင်လျက် အထက်အရပ်မှ ခေါ်သံကြားရပုံကို တွေ့ရပြန်သည်။ သခင်ဘုရားချစ်တော်မူသော ညီအစ်ကိုတို့အတွက် ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းစကား ဆိုသည်။ အတိတ်၊ ပစ္စုပန်၊ အနာဂတ် သုံးပါးစလုံးတွင် ကယ်တင်ခြင်းရရှိပုံတို့ကို အကျဉ်းချုံး၍ ဖော်ပြထားသည်။

ဘုရားရှင်သည် သင်တို့ကို ရွေးချယ်တော်မူ၏ ထိုသူများသည် ဘုရားသခင် ရွေးချယ်ထားသူများ ဖြစ်ကြောင်း ကျမ်းစာက ရှင်းလင်းစွာ ဖော်ပြပါသည်။ သို့သော် ပစ်ပယ်ဖို့ ရွေးချယ်ထားသူများ ရှိကြောင်း မတွေ့ရပါ။ လူသည် မိမိရွေးချယ်မှားမှုကြောင့် ပျောက်ပျက်ကြရသည်။ ဘုရားတော်ထံမှ ကွေ့ကွင်းလျက် ပျောက်ဆုံးကြရသည်။ ဘုရားသခင်က ကယ်တင်မည့်သူများ ရွေးချယ်သတ်မှတ်ခြင်း ရှိပါသလား။ အခြေခံအားဖြင့် လူတိုင်းအား ကယ်တင်ခြင်း ရရှိစေချင်ပါသည်။ (၁တိ ၂:၂၄၊၂ပေ၃:၉)။ သို့သော် လူသားအားလုံးက ကယ်တင်မည့်သူများ ရွေးချယ်သတ်မှတ်ခြင်းရှိပါသလား။ အခြေခံအားဖြင့်လူတိုင်းအား ကယ်တင်ခြင်း ရရှိစေချင်ပါသည်။ (၁တိ ၂:၂၄၊၂ပေ၃:၉)။သို့သော်လူသားအားလုံးက ကယ်တင်ခြင်း မရကြသည်မှာ သေချာသည်။

ရှေးဦးစွာကပင် အကြောင်းနှစ်ခု ရှိသည်။ ထိုစကားသည် ကမ္ဘာမြေကြီး ပုံစံမတည်မှီကပင် ဘုရားသခင် ရွေးချယ်ခြင်း နည်းလမ်း လုပ်ခဲ့ပြီးဖြစ်သည်(ဧ၁:၄)။ဒုတိယအချက်အနေဖြင့် “အဦးသီးသောအသီး” ဖြစ်သည်။ ကနေဦးခရစ်များထဲတွင် သက်သာလောနိတ်သားများသည် ဘုရားသခင် ရွေးကောက်ထားသော အသီးများဟု ဆိုခြင်းဖြစ်နိုင်သည်။

ကယ်တင်ခြင်းရရှိဖို့ရန် ဤကျမ်းစကားသည် နောက်ပိုင်းကျမ်းပိုဒ်နှင့် ကန့်လန့်ခံနိုင်သည်။ မယုံကြည်သူများသည် ထာဝရပျက်စီးခြင်း ကံကြမ္မာရှိကြသကဲ့သို့ ယုံကြည်သူများသည် ထာဝရအသက် ကယ်တင်ခြင်း ရရှိမည့်အကြောင်းဖြစ်သည်။

ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်း ရှိသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ရှေ့ပြေးလုပ်ဆောင်မှု ဖြစ်သည်။ လောကနှင့် ကင်းကွာ၍ ဘုရားသခင်ထံတော်၌ တည်မှီရန်၊ အပြစ်မှ စင်ကြယ်ရန်နှင့် ခရစ်တော်အား တွေ့ရှိရန် လမ်းပြပါသည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်သာ ခရစ်တော်အတွက် မရှိခဲ့လျှင် အရသာ ခံစားရမည်မဟုတ်၊ ပြောင်းလဲခြင်း အသက်တာသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မဟုတ်လျှင် ဖြစ်နိုင်ချေမရှိ။

သမ္မာတရားကို ယုံကြည်ခြင်း ဆိုသည်မှာ ပထမဦးစွာ ဘုရားသခင်ထံမှ ကယ်တင်ခြင်း ဖြစ်သည်။ ယခုလူ့ဖက် မှ ဖြစ်သည်။ နှစ်ခုစလုံး အပေးအယူတည့်ရမည်။ အချို့က ဘုရားသခင်၏ ရွေးချယ်ခြင်း ဖြစ်သည်။ လူ့ဘက်မှဘာမှ လုပ်စရာမလိုဟု ယူဆကြသည်။အချို့ကမူ လူဘက်မှ ဝင်ရောက်ရယူခြင်း ဖြစ်သည်ဟုဆို၍ ဘုရားသခင်၏ အုပ်စိုးမှုကို လျစ်လျူရှုကြသည်။သမ္မာတရားသည် နှစ်ဘက်စလုံးတွင် အခြေတည်ပါသည်။ ရွေးကောက်ခြင်းနှင့် လူ့ဝတ္တရားနှစ်ခုစလုံး ပါဝင်ရမည့်အကြောင်းသည် ကျမ်းစာ၏ သွန်သင်ချက်ဖြစ်သည်။ ထိုအကြောင်းကို အသေအချာ သဘောမပေါက်လျှင်၊ နှစ်ခုစလုံး ယုံကြည်လက်ခံခြင်းက အကောင်းဆုံးဖြစ်သည်။

:၁၄ ထိုသို့အလိုငှာ ဧဝံဂေလိတရားအားဖြင့် ခေါ်တော်မူပြီ။ တာဝရကယ်တင်ခြင်း ရရှိကြရန် ဘုရားသခင်က ခေါ်နေပါသည်။ အချိန်မီလာဖို့ ခေါ်ပါသည်။ သမ္မာတရားကို ယုံကြည်လက်ခံခြင်း အချိန်သည် အခေါ်ခံရသည့်အချိန် ဖြစ်သည်။ သမ္မာတရားနှင့်ဆိုင်သော ဧဝံဂေလိတရား အပြင်အခြားဧဝံဂေလိတရား မရှိပါ။ ဧဝံဂေလိဆရာအများအပြား ကြားနာသူ အမျိုးမျိုးရှိကြသော်လည်း ဧဝံဂေလိတရားမှာ တစ်ခုတည်းသာ ရှိသည်။ ရှင်ပေါလုပြောသော ဧဝံဂေလိတရားဆိုသည်မှာ ဘုရားသခင်ကသူ့အား ဖော်ပြသည့်တရားကိုသာ ဆိုလိုသည်။

သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည့်အကြောင်းတည်း။ အနာဂတ်ကို ပြေးကြည့်၍ ပြောခြင်း ဖြစ်သည်။ သခင်ခရစ်တော်နှင့်အတူတကွ ခရစ်တော်ကဲ့သို့ နိစ္စထာဝရ စိုးစံကြရမည်။ J.N.Darby က ဤသို့ဆိုထားပါသည်။

ထို့ကြောင့် သားတော်နှင့်တူပေရော့မည်၊

ကိုယ်တော်ပေးသော အောင်ပန်း။

ခမည်းတော်၏ ဘုန်းအသရေတော်။

ကိုယ်တော်ကဲ့သို့ဘုန်းအသရေပေးတော်မူပြီ။

အပိုဒ်ငယ်၁၃နှင့်၁၄သည် ဓမ္မတရားအား အနုစိပ် ချယ်သခြင်း ဖြစ်သည်။ ယုံကြည်သူများအပေါ်
ဘုရားရှင်၏ အပြစ်ကို မြင်ကွင်းကျယ်ဖြင့် ဖော်ပြခြင်းဖြစ်သည်။

() သန့်ရှင်းသူများ တည်ငြိမ်ရင့်ကျက်ခြင်းမရှိရန် ရှင်ပေါလု၏ဆုတောင်းချက်(:၁၅၁၇)

:၁၅ သင်ခဲ့ပြီးသော နည်းပဒေသများကို တည်ကြည်လျက် ကိုင်ယူစွဲလမ်းလော့။ သင်ခဲ့ပြီးသောဆိုသည်မှာ နှုတ်ဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ၊ သွန်သင်ခြင်းကို ဆိုလိုသည်။ အရေးကြီးသောစကားမှာ နည်းဥပဒေသများကို တည်ကြည်ခြင်း ဖြစ်သည်။ ဝိညာဉ်တော်ဖြင့် တမန်တော်ကြီး သင်ပေးသော စိတ်ချယုံကြည်သည့် သမ္မာတရားကို ဆိုလိုသည်။ ယေရှုက ဖာရိရှဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များအား “သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသအား ဖြင့်ဘုရားသခင်၏ ပညတ်တော်ကို ပယ်ကြ၏” (မ၁၅:၆)ဟု ဆိုခဲ့သည်။ ပေါလုကလည်း ကောလောသဲသားများအား “နည်းဥပဒေသများ ပတ်သက်၍” သတိပေးခဲ့သည် (ကော၂:၈)။ ဤနေရာတွင် နည်းဥပဒေသည် သမ္မာတရားနှင့်ဆိုင်သော နည်းဥပဒေသ ဖြစ်သည်။

ဤကျမ်းပိုဒ်ကို တစ်ခါတရံအသင်းတော်၏ နည်းဥပဒေ၊ အစဉ်အလာနှင့် ဘာသာရေး ခေါင်းဆောင်များအား စီရင်ရာတွင် သုံးတတ်ကြသည်။ ဘုရားရှင်၏ နှုတ်ကပတ်တော်နှင့် မကိုက်ညီသော ဥပဒေသများ အသုံးပြုခြင်းသည် အန္တရာယ်ကြီးမားပါသည်။ အကယ်၍လူ့အစဉ်အလာကို သမ္မာကျမ်းစာနှင့် အညီခံယူကြလျှင် အမှားနှင့်အမှန် မည်သို့ ခွဲခြားနိုင်တော့မည်နည်း။

:၁၆ သန့်ရှင်းသူများအတွက် ရှင်ပေါလုက ဆုတောင်းပေးပါသည်။ ဆုတောင်းချက်များကို ၁သက် ၅:၂၃-၂၄၊ ၂သက်၃:၁၆တို့တွင် ရေးသားထားသည်။ သခင်ယေရှုခရစ်နှင့် အဘဘုရားသခင်ထံသို့ ဆုတောင်းပေးသည်။ ကျွန်တော်တို့လည်း ရှင်ပေါလု၏ဆုတောင်းသံကို နာမူနာယူသင့်သည်။ ဤနေရာတွင် တမူထူး၍ ဘုရားသခင်ရှေ့တွင် ယေရှုခရစ်တော် ဖော်ပြသည်မှာ ဘုရားသခင်နှင့် ယေရှုခရစ်တော်တို့သည် တန်းတူရည်တူရှိကြောင်း ဆိုလိုသည်။ ဂရိကျမ်းမူအသုံးအနှုန်းတွင် အရှေ့ကယေရှုနှင့် ဘုရားသခင် နှစ်ပါးဖော်ပြ၍၊ ကြိယာကိုမူ အနည်းသုံးစကား(singular verb) သုံးလေ့ရှိသည်။ ဘုရားသခင်နှင့် ယေရှုခရစ်တော် တလုံးတဝတည်းဖြစ်ခြင်းကို သရုပ်ဖော်ခြင်းဖြစ်သည်။

ဘုရားသခင်၏ အကြံတော်သည် သားတော်အား ယုံကြည်ကြဖို့ ဖြစ်သည်။ လူသားများက ချစ်မြတ်တော်မူသောကြောင့် ကျေးဇူးတော်အားဖြင့် ကောင်းသောမျှော်လင့်ချက် ပေးထားပါသည်။ ဘုရားသခင်၏ မေတ္တာတော်သည် ယုံမှားသံသယဖြစ်စရာ မရှိပါ။ သားတော်ကို ပေးသနားသည်။ အပြစ်၏ မေးခွန်းများကို ကရာနီတွင် ဖြေကြားခဲ့သည်။ အနာဂတ်အတွက် မျှော်လင့်ချက်ကောင်း ရှိခြင်းဖြင့် ယခုကာလတွင် စိတ်သက်သာရာ ပေးပါသည်။ ဘုရားရှင်၏ အံ့ဩဖွယ်ရာ ကျေးဇူးတော်ပါတကား။

:၁၇ စိတ်နှလုံးထဲ၌ ငြိမ်သက်ချမ်းမြေ့ခြင်း ရှိကြဖို့ ရှင်ပေါလုက ဆုတောင်းပေးပါသည်။ စိတ်ပျက်အားငယ်နေချိန်တွင် စိတ်သက်သာရာ ရဖို့သာမက၊ အနာဂတ်တွင် တိုက်ပွဲဝင်စိတ် ရိုက်သွင်းပေးခြင်း ဖြစ်သည်။

ကောင်းသောစကား ပြော၍ ကောင်းသောအကျင့်ရှိဖို့ ဆိုသောအချက်ကို မမေ့ပါနှင့်။ နှုတ်ခွန်းချိုမြိန်ပြောရုံနှင့် မလုံလောက်သေးပါ။ လက်တွေ့ဖော်ဆောင်ရန်လည်း လိုသေးသည်။ ထို့ကြောင့် ယုံကြည်သူအသက်တာတွင် သင်ကြားခြင်းနှင့် လုပ်ဆောင်ခြင်း၊ မူဝါဒနှင့် ဝတ္တရားဟောကြားခြင်း၊ လက်တွေ့အသက်တာ ဒွန်တွဲနေရမည်။

Previous Article
Next Article