ဟေဗြဲသြဝါဒစာ ၄
၄:၁–၁၃ ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ ငြိမ်ဝပ်ရာနေရမည့်အကြောင်း ဖြစ်သည်။ သမ္မာကျမ်းစာတွင် ငြိမ်၀ပ်ချမ်းသာရာယူမည့်နေ့ အမျိုးမျိုးကို သတိပြုမိကြပါမည်။
၁။ ခြောက်ရက်မြောက်ပြီးနောက် တနေ့တွင် ဘုရားသခင်သည် ငြိမ်ဝပ်စွာနေသည် (က ၂:၂)။ ထိုငြိမ်ဝပ်စွာနေခြင်းသည် ပင်ပန်းနွမ်းနယ်၍ အနားယူခြင်း မဟုတ်ပါ။ ပြုချင်တော်မူသော အမူတော် ပြီးဆုံးသောကြောင့် ငြိမ်ဝပ်စွာ ချမ်းသာယူခြင်း ဖြစ်သည်။ ချမ်းမြေ့စွာအနားယူခြင်း ဖြစ်သည် (က ၁:၃၁)။ ဘုရားရှင်တော်၏ ငြိမ်ဝပ်စွာ အနားယူခြင်းကို ကမ္ဘာလောကသို့ အပြစ် ဝင်ရောက်ခြင်းက အနှောင့်အယှက် ပေးသည်။ သို့ကြောင့် ထိုအချိန်မှစ၍ ဘုရားရှင်သည် မနေမနား အလုပ်ရှုပ်နေသည်။ ထိုအကြောင်းကို ယေရှုသခင်က ”ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်” (ယော ၅:၁၇) ဟုဆိုထားပါသည်။
၂။ ခါနာန်မြေသည် ဘုရားသခင်၏သားသမီးများ အနားယူရန်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် လူအများစုမှာ ဝင်ရောက်ခြေချခွင့်မရကြ။ ဤနေရာတွင် ခါနာန်မြေသည် ဘုရားရှင်၏ ထာဝရငြိမ်ဝပ်ရာ ပုံရိပ်သဖွယ်ဆိုထားသည်။ ခါနာန်မြေသို့ဝင်ရောက်ခြေချခွင့်မရဘဲ ကောရ၊ ဒါတန်နှင့် အဘိရမ်အရပ်များတွင် သေဆုံးသူများသည် ယနေ့ခေတ်ကာလတွင် ဘုရားရှင်တော်၌ ခိုးနားခွင့်မရ ဆုံးရှုံးသွားကြသော မယုံကြည်သူများနှင့် တူပေသည်။
၃။ သူတို့အပြစ်များအတွက် ခရစ်တော်က အဖိုးအခပေးဆပ်ပြီးကြောင်း သိရှိထားကြ သဖြင့် ယုံကြည်သူများသည် ငြိမ်သက်ချမ်းမြေ့ခြင်း ရရှိကြသည်။ ထိုချမ်းမြေ့ခြင်းသည် ကယ်တင်ရှင် ယေရှုခရစ် ကတိပေးထားသော” ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့ ငါ့ထံသို့ လာကြလော့၊ ငါသည် ချမ်းသာပေးမည်” (မ ၁၁:၂၈) ဟူသောကျမ်းစကား ဖြစ်ပေသည်။
၄။ ယုံကြည်သူများသည် ဘုရားအမှုတော်၌ ပါဝင်ရာတွင် မွေ့လျော်ကြသည်။ ထိုအမှုသည် အမှုတော်၌ ငြိမ်သက်ချမ်းမြေ့ခြင်းဖြစ်သည်။ ”ငါ့ထမ်းဘိုးတင်၍ထမ်းကြလော့။ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ဝန်လည်းပေါ့၏”(မ ၁၁:၂၉)
၅။ နောက်ဆုံးငြိမ်သက်ချမ်းမြေ့ခြင်းမှာ ယုံကြည်သူများမျှော်လင့်နေကြသည့် သခင်၏ အိမ်တော်၌ ငြိမ်ဝပ်ခြင်းဖြစ်သည်။ ထိုအနာဂတ်ငြိမ်ဝပ်ခြင်းကို ဥပုသ်ယူငြိမ်သက်ခြင်းဟုလည်းခေါ် သည်။ (ဟေဗြဲ ၄:၉)သည် အခြားငြိမ်ဝပ်ခြင်းနှင့် မတူဘဲနောက်ဆုံးငြိမ်သက်ချမ်းမြေ့ခြင်းဖြစ်သည်။ ဤ ငြိမ်ဝပ်ချမ်းမြေ့ခြင်းသည် အဓိက အချက်ဖြစ်သည် (ဟေဗြဲ ၄:၁-၁၃)
၄:၁ ကျွန်ုပ်တို့အတွက် သတင်းကောင်းသွန်သင်ချက်ဖြစ်သည်။ သတင်းကောင်းဆို သည်မှာ သခင်ခရစ်တော်ကို ယုံကြည်ခြင်းဖြင့်ထာဝရအသက်ရရှိခြင်းဖြစ်သည်။ ဣသရေလများကိုလည်း ခါနာန်မြေ၌ ငြိမ်သက်ချမ်းမြေ့ခြင်း ခံယူကြရန် သတင်းကောင်း သွန်သင်ခဲ့ပါသည်။ သို့သော် လည်းထိုသတင်းကောင်းသည် အကျိုးသက်ရောက်မှုမဖြစ်ခဲ့။
၄:၂ ဣသရေလများဆုံးရှုံးရခြင်းအကြောင်းကို ဤအခန်းငယ်တွင်တွေ့ရှိနိုင်ပါသည်။ ဆုံး ရှုံးရခြင်းအကြောင်းမှာ ”ကြားရသောတရားစကားသည် ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မစပ်ဟပ်သဖြင့် ကြောင်းအကျိုးကိုမပေး” တစ်နည်းအားဖြင့်ပြောရလျှင် ထိုတရားစကားကို ယုံကြည် လက်ခံခြင်းမရှိ။ လိုက်နာလုပ်ဆောင်ခြင်းလည်းမရှိ။
၄:၂ သည်ယုံကြည်သူများ ”ခရစ်တော်အား ယုံကြည်ခြင်းဖြင့်သာ ထာဝရအသက်ရရှိ ကြောင်း” သင်ခန်းစာ ပေးပါသည်။ ဣသရေလများအတွက် ခါနာန်မြေမှအစပြုပါသည်။ သို့သော်လည်း အကျိုးမဖြစ်ထွန်းခဲ့ကြ။
ထိုသို့အကျိုးမဖြစ်ထွန်းရသည့်အကြောင်း (၂)ခုရှိပါသည်။ ကျမ်းမူတွင် သူတို့စိတ်နှလုံးသို့ မထိုးဖောက်ခြင်း ဖြစ်သည်ဟု အပိုဒ်ငယ်(၂)ခုတွင်ရှင်းပြသည်။ တစ်နည်းအားဖြင့်ခရစ်တော်ကို အယုံအကြည် မရှိကြသောကြောင့် ဖြစ်သည်။
အခြားကျမ်းစာတစ်ခုတွင်မူ ”စည်းလုံးညီညွတ်စွာ ယုံကြည်ခြင်း မရှိသောကြောင့်” ဟု အနက်ဖွင့်ဆိုထားသည်။ ဆိုလိုသည်မှာ ဘုရားရှင်၏ ကတိတော်ကို ယုံကြည်သောကာလက်၊ ယေရှုတို့နှင့် ပူးပေါင်းပါဝင် ယုံကြည်မှုမရှိခြင်းသည် ဣသရေလများ၏အဓိကအမှားဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ထိုကတိတော်မြေကို မယုံကြည်သူများအတွက်လည်း ဘုရားရှင်က ပြင်ဆင်ပေးထားပါသည်။
၄:၃ ဤကျမ်းပိုဒ်ကို အသေအချာမစဉ်းစားလျှင် နားလည်ရ ခက်နိုင်သည်။ အဆက်မစပ်၊ အချိတ်အဆက်မမိသော စကားစုသုံးစုပါရှိသည်။ စကားစုတိုင်းတွင် အသီးသီးအဓိပ္ပာယ်ရှိပြီး၊ ဘုရားသခင်၏ ငြိမ်ဝပ်ချမ်းမြေ့ခြင်းအကြောင်းများ ပါဝင်သည်။
ဦးစွာ နားလည်ရသည်မှာ ယုံကြည်သူများသည် ဘုရားသခင်၏ ငြိမ်ဝပ်ချမ်းမြေ့ခြင်း၌ အတူတကွ စိုးစံခြင်း ဖြစ်သည်။ ယုံကြည်ခြင်းသည် အိမ်တော်ဖွင့်ရာတံခါးသော့ဖြစ်သည်။ ယုံကြည်သူ များသည် အပြစ်စီရင်ခွင့် ခံရတော့မည်မဟုတ်ပါ (ယော ၅:၂၄)။ ဘုရားသခင်၏ ငြိမ်ဝပ်ချမ်းမြေ့ရာ၌ ယုံကြည်သူများ အမှန်တကယ် ကောင်းကြီးမင်္ဂလာခံစားမည့် အကြောင်းဖြစ်သည်။ ထိုအနာဂတ်ငြိမ် သက်ချမ်းမြေ့မှုသည် ဤကျမ်းပိုဒ်၏ အဓိကအာဘော်ဖြစ်သည်။
နောက်အခြားစကားစုတစ်ခုသည် တားမြစ်ချက်ပုံစံဖြင့်ဆာလံကျမ်းကို ကိုးကားထားသည်။ ”ထို့ကြောင့်သူတို့သည်ငါ၏ ချမ်းသာထဲသို့ မဝင်ကြရဟု အမျက်ထွက်၍ငါကျိန်ဆို၏” (ဆာ၉၅:၁၁)။ ခရစ်တော်ကို ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ငြိမ်ဝပ်ချမ်းမြေ့ရာဖြစ်သည်။ မယုံကြည်သူ ဣသရေလများမှာမူကား ဘုရားရှင်၏နှုတ်ကပတ်တော်ကို မယုံကြည်ကြသောကြောင့် ယုံကြည်စိတ်ချမှု မရှိပါ။
တတိယအချက်သည် အနက်နဲဆုံးသောအချက်ဖြစ်သည်။ ”ကမ္ဘာဦးကပင်အမူအရာတို့ကိုပြီး စီး၍ငြိမ်ဝပ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း”ဟု ဆိုထားပါသည်။ နောက်ကျမ်းပိုဒ်နှင့်လည်း ဆက်စပ်နေသည်။ ထိုစကားတွင်ဘုရားသခင်က အနာဂတ်ကာလကို ရည်ရွယ်ပြောဆိုထားပါသည်။ ငါ၏ ငြိမ်သက်ချမ်းမြေ့ရသို့ ဝင်ခွင့်ရကြလိမ့်မည်မဟုတ်ဟု ဆိုထားသဖြင့် ထိုစကားသည် ရှင်သန်နေသည်။ ”ကမ္ဘာဦးကပင် အမူအရာတို့ကို ပြီးစီး၍ငြိမ်ဝပ်တော်မူရာချမ်းသာ” ဟု ဆိုထားသော်လည်း မနာခံခြင်းကြောင့် အချို့အရာများကို ပျောက်လွှင့်သော်လည်းကျမ်းစကားသည် တည်မြဲဆဲ တည်ရှိနေပါသည်။
၄:၄ ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအပြီးတွင် ဘုရားရှင်၏ ငြိမ်ဝပ်ချမ်းသာခြင်းကို အတည် ပြုခြင်းဖြစ်သည်။ စာရေးသူအနေဖြင့် ထပ်မံဖွင့်ဆိုခြင်းမပြုတော့ပါ။ စာကြောင်း၊ စာပိုဒ်ခွဲခြားဖြင့်မရှိ ဘဲ (က၂:၂) ”သတ္တမနေ့ရောက်လျှင်ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီး ဖြစ်၍ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီးပြီးမှထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏”ဟူသော ကျမ်းပိုဒ်ကိုမွေးယူခြင်းဖြစ်သည်။
ပြီးပြည့်စုံသော အတိတ်ကာလအမှုဖြစ်၍ ဘုရားရှင်တော် ကိုယ်တိုင်စီရင်သော အမှုတော်ဖြစ်သည်။ သမိုင်းအကြောင်း မဟုတ်သကဲ့သို့ ပရောဖက်ပြုချက်လည်းမဟုတ်ပါ။ ယနေ့ခေတ်ကာလနှင့် မအပ်စပ်သော်လည်း ပတ်သက်နေပါသည်။
၄:၅ ဖန်ဆင်းခြင်းပြီးဆုံးချိန်တွင် ဘုရားသခင်ငြိမ်ဝပ်ချမ်းမြေ့အနားယူခြင်းသည် လုံးလုံး လျားလျားရပ်နားခြင်း မဟုတ်ပါ။ ကလောင်ရှင်က ဆာ ၉၅:၁ဝကိုတဖန်မွေးယူသည်။ ”ငါ၏ချမ်းသာ ထဲသို့ဝင်ရမည်မဟုတ်”ဟု အနာဂတ်ကာလကို ရည်ရွယ်ပြောဆိုထားသည်။ ကမ္ဘာဦးကျမ်းကို အဘယ်ကြောင့်ပြန်ရေး ပြသနည်းဟု အာရုံများမလိုပါ။ ဘုရားရှင်ထိုကျမ်းစာ စကားသည် တည်တံ့နေဆဲဖြစ် ကြောင်းထပ်လောင်း အတည်ပြုခြင်း ဖြစ်သည်။
၄:၆ လူသည်ဘုရားသခင်၏ ငြိမ်သက်ချမ်းမြေ့ရာဖြစ်ကြောင်း၊ ဝင်ပေါက်တံခါးဖွင့်ထားပြီး ပါပြီ။
ကန္တရခယောင်းတောမှ ဣသရေလများအခွင့်အရေး ဆုံးရှုံးရခြင်းမှာ မနာခံမှုကြောင့် ဖြစ်သည်။ သို့သော်လည်းထိုကတိတော်သည် တည်မြဲအသက်ဝင်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။
၄:၇ နောက်တဆင့်မှာ ဣသရေလတို့ခါနာန်မြေမှာ နှစ်ပေါင်းငါးရာကြပြီးနောက် ဒါဝိဒ၌ ပြုသောအမှုအကြောင်းဖြစ်သည်။ ဘုရားရှင်က ”ယနေ့’ဟူသောစကားလုံးကို သုံးခြင်အားဖြင့်အခွင့် အရေးပေးထားသေးကြောင်း၊ နားလည်ရသည်။ ကျမ်းစာရှင်က(ဆာ ၉၅:၇-၈) ကိုကိုးကား၍ (ဟေဗြဲ ၃:၇-၈-၁၅)တို့တွင် ပြန်လည်ဖော်ပြထားသည်။ ကန္တရတောမှ ဣသရေလလူမျိုးအတွက် ငြိမ်သက် ချမ်းမြေ့ရာ ကတိတော်သည် ပြတ်စဲခြင်းမရှိသေးပါ။ လူအများစိတ်နှလုံး ပူပန်ဆင်းရဲခြင်း မရှိဘဲ၊ ဘုရားရှင်တော်အား ယုံကြည်ကိုးစားကြရန် ဒါဝိဒ်သည်ပရိသတ်များနှင့်အတူ လျှောက်လဲ ဆက်ကပ်သည်။
၄:၈ အချို့ဣသရေလများသည် ယောရူဦးဆောင်လျက်ခါနာန်ပြည်သို့ ဝင်ရောက်ခြေချခွင့် ရကြသည်။ ဤမြေသည်ဘုရားရှင်တော်ကို ချစ်သောသားသမီးများအတွက် နောက်ဆုံးငြိမ်ဝပ် ချမ်းမြေ့သည့်မြေယာမဟုတ်။ ထိုပြည်တွင်ဒုစရိုက်အပြစ်၊ အိုခြင်း၊ နာခြင်းနှင့်သေခြင်းများ တွေ့ကြုံခံစားရသည်။ အကယ်၍ဘုရားရှင်၏ကတိတော်အတိုင်းသာ ရှင်သန်ခဲ့ကြမည်ဆိုလျှင် ဒါဝိဒ်လက်ထက်တွင် ထိုအပြစ်ဆိုးမျိုးတဖန်ကြုံတွေ့စရာအကြောင်းမရှိ။
၄:၉ ”ထို့ကြောင့်ဘုရားသခင်၏ လူတို့အဘို့အလို့ငှာငြိမ်ဝပ်ခြင်းချမ်းသာ တမျိုးသည် ကျန်ရစ်သေး၏” ဟူသောမျှော်လင့်ချက်ဖြင့် နိဂုံးချုပ်ထားသည်။ ဤနေရာတွင် စာရေးသူက ငြိမ်ဝပ်ချမ်းမြေ့ ခြင်းကိုတမူထူးသော ဂရိစကား Sabbath နှင့် ဆက်နွယ်သည့် Sabbatismos ဟူသည့်စကားလုံးကိုသုံး ထားသည်။ ခရစ်တော်၏အတွေးတော်ဖြင့် ရွေးကောက်ထားသူများ၏ ထာဝရပျော်ရွင်ချမ်းမြေ့သည့် နေရာဟုဆိုလိုသည်။ Sabbath ဟူသည်မှာဘယ်သောအခါမှ ပြီးဆုံးရိုးထုံးစံမရှိပါ။
၄:၁ဝ ဘုရားသခင်၏ငြိမ်ဝပ်ချမ်းသာရရှိသူများသည် ဘုရားသခင်၏သတ္တမနေ့ရက်တွင် အလုပ်ကြိုးစားကောင်းကြိုးစားကြမည်။ သို့သော်ခရစ်တော်က ကရာနီကုန်းတော်ပေါ်မှ အပြည့်အစုံ ကယ်တင်ပြီးကြောင်း၊ ကြားသိရချိန်တွင်ထိုကယ်တင်ရှင်ကြောင့် ကြွယ်ဝသောအသက်တာရရှိပြီး ကြောင်း၊ နားလည်ရသည်။
ကယ်တင်ခြင်းရပြီးနောက်ပိုင်းတွင် ကျွန်ုပ်တို့ကိုချစ်တော်မူ၍ အသက်တာပေးသွားသောသူ အတွက်မိမိဘဝအသက်တာကို ပေးဆပ်ရသည်။ မိမိတို့ပြုသောကောင်းမှုကုသိုလ်များသည် သန့်ရှင်း သောဝိညာဉ်တော်၏အသီးအပွင့်များသာဖြစ်သည်။ ကိုယ်တော်၏အမှုတော်တွင် ပါဝင်ဆောင်ကပ် ရန် ဆာငတ်ပူပန်နေရသည်။
ဘုရားသခင်၏ထာဝရငြိမ်သက်ချမ်းမြေ့ရာ ရောက်သောအခါကျွန်ုပ်တို့၏လုပ်ဆောင်ဆက် ကပ်မှုများသည်လည်း ရပ်နားရသည်။ ထိုသို့ဆိုရာတွင် ကောင်းကင်တွင်လုပ်ကိုင်လှုပ်ရှားစရာမရှိဘဲ ငြိမ်ဝပ်နေမည်ဟုဆိုလိုခြင်းမဟုတ်ပါ။ စုံစမ်းနှောင့်ယှက်ခြင်း၊ ပြဿနာရှုပ်ထွေးခြင်းမရှိတော့သော် လည်ဝတ်ပြုကိုကွယ်ခြင်း အမှုတော်ပြုရမည်။
၄:၁၁ အစောပိုင်း ကျမ်းပိုဒ်များအရ ဘုရားသခင်၏ ငြိမ်သက်ချမ်းမြေ့ခြင်းသည် တည်တံ့နေဆဲဖြစ်သည်။ ထို့ကြောင့် ငြိမ်သက်ချမ်းမြေ့ခြင်း၌ပါဝင် ရောက်ကြရန် လိုအပ်ကြောင်း သွန်သင်ထားပါသည်။ သို့ကြောင့် သခင်ခရစ်တော် တစ်ပါးတည်း၌သာ စိတ်ချမှုရှိစေရန် လုံ့လဝီရိယထား၍ အစဉ်အားထုတ် ကြိုးပမ်းရမည်။ စုံးစမ်းနှောင့်ယှက်ခြင်းကို ဝိရိယထား၍ ကာကွယ်ခုခံလျက် ကိုယ်တော်၌ ယုံကြည်သစ္စာခံရမည်။ ပူပင်သောကများကို ယုံကြည်ခြင်းဖြင့် ဖယ်ရှားပစ်ရမည်။
ဣသရေလများသည် နမော်နမဲ့နေတတ်ကြသည်။ ဘုရားသခင်၏ကတိတော်များကို ပေါ့တီး ပေါ့ဆခံယူကြသည်။ ကျွန်ခံခဲ့သည့်အဲဂုတ္တုပြည်ကို ပြန်လည်တမ်းတကြသည်။ ဘုရားရှင်၏ကတိ တော်ကိုဝိရိယထား၍ ယုံကြည်သစ္စာပြုခြင်းမရှိကြ။ ယနေ့ယုံကြည်သူများအတွက် သင်ခန်းစာလှလှ ပေးထားခြင်းဖြစ်သည်။
၄:၁၂ နောက်ကျမ်းပိုဒ်နှစ်ခုသည် မယုံကြည်သူများမသိမမြင်သည့်အရာကို အလေးအနက် သတိပေးသည်။ သိရှိနားလည်ရန်မှာပထမဦးစွာ နှုတ်ကပတ်တော်အားသိရှိရမည်။ (ဤနေရာတွင် နှုတ်ကပတ်တော်ကို Logos ဟုသုံးထားသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင်လည်း ထိုစကားလုံးမျိုးကို သုံးထားပါသည်။ ဤကျမ်းချက်တွင်”နငတ်ကပတ်တော်”ဟူသည့်စကားသည် သခင်ယေရှုနှုတ်တော် ထွက်စကားကိုဆိုလိုခြင်းမဟုတ်ဘဲ၊ ကျမ်းစာလာစကားတော်ကို ဆိုလိုခြင်း ဖြစ်သည်။) ဤနှုတ်ကပတ် တော်၌ပါရှိသည့်-
အသက်ရှင်ခြင်း – စဉ်ဆက်မပြတ်လှုပ်ရှားရှင်သန်ခြင်း
ထက်မြက်ခြင်း – စွမ်းပကားရှိခြင်း။
ပိုင်းခြားခြင်း – သန်လျင်ဓားထက် ထက်မြက်ခြင်း။
ထိုးထွင်းသိမြင်ခြင်း- အသက်နှင့် စိတ်ဝိညာဉ်ကို ထွင်းဖောက်ခြင်း၊ မျက်စိဖြင့်မြင်နိုင်သောခန္ဓာ ကိုယ်အစိတ်အပိုင်းဖြစ်သည့် အရိုးအဆစ်နှင့် ရိုးတွင်းခြင်ဆီကို ထုတ်ချင်းမခက်ထိုးဖောက်ခြင်း။ အရိုးအဆစ်၏ အဓိကသော့ချက် ဖြစ်သည်။
ပိုင်းခြားသိမြင်ခြင်း- မတရားမှုနှင့် တရားမျှတမှုကို ဝေဖန်ပိုင်းခြားနိုင်ခြင်း ဖြစ်သည်။ ထိုပိုင်း ခြားသိမြင်ခြင်းသည် နှုတ်ကပတ်တော်အား ပိုင်းခြားသိမြင်ရန်မဟုတ်ဘဲ၊ နှုတ်ကပတ်တော်က ကျွန်ုပ် တို့အားပိုင်းခြားသိမြင်ခြင်းကို ဆိုလိုသည်။
၄:၁၃ ဒုတိယချက်အနေဖြင့် မယုံကြည်သူများကို ဘုရားသခင်ကပိုင်းခြားသိမြင်ပါသည်။ ဤနေရာတွင်ကာယကံရှင်ကို မဖော်ပြသော်လည်းလူများကိုဆိုလိုပါသည်။ ငါတို့ကိုစစ်ကြောစီရင် တော်မူသောသူရှေပ၌ မထင်ရှားသောအရာ တစုံတစ်ခုမျှမရှိ။ ဘုရားသခင်သည် သဗ္ဗညုတဉာဏ်တော် ရှင်ဖြစ်သောကြောင့် မြင်ကွင်းတော်မှမျက်ကွယ်သောအရာ တစုံတစ်ခုမရှိပါ။ စကြဝဠာခွင် တပြင်လုံးမှာ လှုပ်ရှားသွားလာနေသော အရာခပ်သိမ်းကို သိရှိတွေ့မြင်နေသည်။ ဤကျမ်းပိုဒ်၏ အရေးကြီးဆုံးသောသင်ခန်းစာမှာဘုရားသခင်သည်ပရမတ္တသစ္စာတရားနှင့်သမုတိသစ္စာတရားကို လည်း သိရှိတွေ့မြင်ပါ သည်။
၂။ ယဇ်ပုရောဟိတ်အမှုတွင် ခရစ်တော်၏ကြီးမြတ်မှု (၄:၁၄၊ ၁ဝ:၁၈)။
(က) အာရုန်၏ယဇ်ပုရောဟိတ်အရာတွင် ခရစ်တော်ကြီးမှူးခြင်း (၄:၁၄၊ ရ:၂၈)
၄:၁၄ ဤကျမ်းပိုဒ်ပါအကြောင်းအရာကို ၃:၁၌နိဒါန်းပျိုးခဲ့ပြီးဖြစ်ပါသည်။ ခရစ်တော်သည် မဟာယဇ်ပုရောဟိတ်ဆရာကြီးဖြစ်သည်။ ဆုံးရှုံးခြင်းမှကာကွယ်ကယ်တင်ပေးသော အရှင်သခင်ဖြစ် သည်။ စီစစ်ရွေးကောက်သူအဖြစ်၎င်း၊ ကျေးဇူးတော်ရှင်အဖြစ်၎င်း ခေါ်ဝေါ်ကြသည်။ နှုတ်ကပတ် တော်ကြားသိကြသောအခါ (ငယ် ၁၂၊ ၁၃) အထံတော်ပါးသို့ခိုလှုံခွင့် ကျေးဇူးပြုခဲ့သည်။
ကျွန်ုပ်တို့အရှင်သခင်၏ အံ့ဩဖွယ်ရာလုပ်ဆောင်ချက်များကို ကြည့်ကြပါစို့။
၁။ ကိုယ်တော်သည်ယဇ်ပုရောဟိတ်မင်းကြီးဖြစ်ခြင်း။ မောရှေ၏ကွပ်ကဲမှုအောက်တွင် ယဇ်ပုရော ဟိတ်များစွာရှိသော်လည်း ယဇ်ပုရောဟိတ်မင်းကြီးဟု ဘယ်သောအခါမှခေါ်လေ့မရှိ။
၂။ ကိုယ်တော်သည်အာကာသ မိုးကောင်းကင်တခွင်၊ ကြယ်တာရာတခွင်နှင့် တတိယ ကောင်းကင် နိုင်ငံတို့ကိုကျော်လွန်၍ ဘုရားသခင်ထံတွင် စံမြန်းသူဖြစ်ခြင်း။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်၏ စတင်ရာနှင့်စံမြန်းရာသည် အဘဘုရားသခင်၏ လက်ျာဘက်မှာဖြစ်ပါသည်။
၃။ ကိုယ်တော်သည် လူသားဖြစ်ခြင်း။ စတင်မွေးဖွားချိန်မှစ၍ ယေရှု ဟုနာမည်ကင်ပွန်းတပ် ထားသည်။ ထိုနာမည်အားဖြင့် ကိုယ်တော်၏လူ့ဇာတိခံယူခြင်းသည် သိသာထင်ရှားသည်။
၄။ ကိုယ်တော်သည် တန်ခိုးရှင်ဖြစ်ခြင်း။ ဘုရားသားတော်အဖြစ် ခရစ်တော်အမည်ခံ၍ အဖဘုရားသခင်နှင့် တန်းတူရည်တူတန်ခိုးရှိသည်။ ကိုယ်တော်၏လူဇာတိခံယူခြင်းသည် လူသားများ ကသိရှိမြင်သာရန်ဖြစ်သည်။ ဘုရားရှင်ဘက်ကမူ ဇာတိတော်ခံယူခြင်းဟု မြင်သည်။ ယဇ်ပုရောဟိတ် မင်းကြီး ဟုခေါ်ဆိုခြင်းသည်လည်း အံ့ဩစရာမဟုတ်။
၄:၁၅ ကိုယ်တော်ဖြတ်သန်းရသောအတွေ့အကြုံကို တွေ့မြင်နိုင်သည်။ အဘယ်သူကမှ ကိုယ်တိုင်မခံစားဘဲနှင့် ကိုယ်ချင်းစာတတ်မည်မဟုတ်ပါ။ သို့ကြောင့်ကျွန်ုပ်တို့သခင်ဘုရားသည် ကျွန်ုပ်တို့ ဘဝကိုသိရှိနားလည်နိုင်ရန် လူ့ဘဝခံယူခဲ့သည်။ (အကယ်၍ လူ့ဘဝမခံယူခဲ့လျှင် ကျွန်ုပ်တို့၏လွဲမှားချက်များကို ကိုယ်ချင်းစာနာတတ်မည်မဟုတ်။)
ကိုယ်တော်သည် အပြစ်သားမဟုတ်သော်လည်း ကျွန်ုပ်တို့ကဲ့သို့ပင်စုံစမ်းခြင်းခံ ရသည်။ သခင်ယေရှုသည် ခြောက်ပြစ်ကင်းသဲလဲစင် ပြည့်စုံသူဖြစ်ကြောင်းကျမ်းစာက သက်သေခံ ပေးပါသည်။ သခင်ဘုရားသည်အပြစ်ဒုစရိုက်နှင့် မပတ်သက်ပါ (၂ကော ၅:၂၁)။ အပြစ် ကျူးလွန်ခြင်း မရှိပါ (၁ပေ ၂:၂၂)။ သခင်ဘုရားတွင် အပြစ်ဆိုဖွယ်ရာတစုံတစ်ခုမှ မတွေ့ (၁ယော ၃:၅)။
သခင်ဘုရားက အပြစ်ကျူးလွန်ရန်အကြောင်းမရှိပါ။ စုံစမ်းခြင်း၏ရည်ရွယ်ချက်မှာ ကိုယ်တော်သည် အပြစ်မလုပ်ကြောင်းသက်သေပြသည်။
အကယ်၍ရွှေကိုဆန်းသပ်၍ ဘာမျှမဖြစ်လျှင်ထိုရွှေသည် ရွှေအစစ်ဖြစ်သည်။ အစစ်အမှန်မ ဟုတ်လျှင်အဖြေမှန်ပေါ်သွားမည်။ ထိုကဲ့သို့ပင်ကိုယ်တော်သည် အမှားမရှိကြောင်း သက်သေသာဓက ပြရသည်။ သခင်ဘုရားသည် လူသားစစ်စစ်မဟုတ်ပါ။ အပြစ်ဒုစရိုက်သည် လူ့ဇာတိဘဝ၏ခြံပေါက် ပစ္စည်းမဟုတ်ပါ။ တနယ်တကျေးမှ အတင်းအဓမ္မဝင်ရောက်လာခြင်းဖြစ်သည်။ သို့ကြောင့်လူ့ဇာတိ သဘာဝသည်လည်း ညစ်ထေးရသည်။
အကယ်၍ယေရှုသည် လောကလူသားအဖြစ် အပြစ်ဒုစရိုက်ပြုမှားခဲ့လျှင် ကောင်းကင်နိုင်ငံ တွင်သူ့အပြစ်များကို မည်ကဲ့သို့ဖုံးကွယ်မည်နည်း။ အဖဘုရားသခင်၏လကျ်ာဘက်တွင် စိုးစံသောအ ခါကိုယ်တော်၏လူ့ဇာတိဘဝအား မည်သို့ဖျက်ဖုံးကွယ်မည်နည်း။ ကိုယ်တော်သည် လူ့လောကတွင် အပြစ်မြူတမှုံမရှိသကဲ့သို့ ကောင်းကင်နိုင်ငံတွင်ခြောက်ပြစ်ကင်းဖြစ်သည်။
၄:၁၆ ယခုမူကျေးဇူးတော်အားဖြင့် ပိုမို၍ဖိတ်ခေါ်နေသည်။ ကျေးဇူးတော်ပလ္လင်၌ စံမြန်းဖို့ရန် ပိုမိုနီးစပ်ကြောင်းယုံကြည်မှုပြည့်ဝရမည်။ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုမှာ ကိုယ်တော်အသေခံသည့် အကြောင်းအချက်ဖြစ်သည်။ ထိုမျှသာမကကျွန်ုပ်တို့အားစောင့်ရှောက်ရန် အသက်ရှင်တော်မူသည်။ ကိုယ်တော်ကအထံပါးတော်သို့ ချဉ်းကပ်ကြရန်ဖိတ်ခေါ်ထားသောကြောင့် စိတ်ချလက်ချနေရပေမည်။
ဓမ္မဟောင်းကာလမှ ဘုရားလူများသည်အထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်ခွင့်မရကြပါ။ ယဇ် ပုရောဟိတ်တပါးသာလျှင် တနှစ်တွင်တစ်ကြိမ်ချဉ်းကပ်ခွင့်ရသည်။ ကျွန်ုပ်တို့မှာမူ နေ့ညအချိန်မရွေး ဘုရားရှင်ထံတော်ပါးသို့ သနားခြင်းကရုဏာကို၎င်း၊ တော်လျော်သောမစခြင်းကျေးဇူးကို၎င်း ခံရမည့် အကြောင်းရဲရင့်သောစိတ်နှင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ရ၏။ ကျွန်ုပ်တို့မတတ်စွမ်းနိုင် သောအရာများကို ကရုဏာတော်ထား၍၎င်း၊ ပေးသနားတော်မူခဲပြီ။ မိမိတို့အစွမ်းအစဖြင့် ဘာမျှလုပ် နိုင်စွမ်းမရှိပါ။
ထိုအကြောင်းကို အထောက်အကူဖြစ်စေရန် Morgan ၏စကားကိုပြောပြလိုပါသည်။
”ကျွန်ုပ်တို့သည်ဂရိစကားလုံးများကို သမိုင်းတောင်းဆိုချက်အရ မနေမနားဘာသာပြန် ရန်ကြိုးစားပါသည်။ အချိန်မီရုံလေးပြန်ဆိုနိုင်သည်မှာ ကရုဏာတော်နှင့် ကျေးဇူးတော် အားဖြင့်သာဖြစ်သည်။ လိုအပ်သောအချိန်နာရီတိုင်းမှာ ကျေးဇူးတော်သည် လုံလောက် ပါပေသည်။ စုံစမ်းနှောင့်ယှက်ခြင်းခံရသောအခါနှင့် တိုက်ပွဲဝင်နေသောအချိန်များတွင် ကိုယ်တော်ကိုမော့ ကြည့်ပါ။
ကျေးဇူးတော်သည် အချိန်မလင့်မီကျရောက်လာလိမ့်မည်။ သင်ဆုတောင်းချက်အဖြေကို နေညိုစောင်းသည့်တိုင်အောင် စောင့်ဆိုင်းခိုင်းမည်မဟုတ်။ မြို့လယ်ခေါင်လမ်းမတွင် လျှောက်လှမ်းနေခိုက် သင့်ရှေ့တွင်စုံစမ်းခြင်းကာဆီးနေပါစေ။ ခရစ်တော်ဘုရားအား အော်ဟစ်အကူ အညီတောင်းပါ။ အချိန် မီရောက်လာပါမည်။”
ဤအချက်အလက်များအရ ယေရှုခရစ်တော်သည် ပရောဖက်၊ ကောင်းကင်တမန်နှင့် မောရှေ ထက်ကြီးမြတ်ကြောင်းသိရှိနားလည်ရပါပြီ။ တဖန်ခရစ်တော်သည် ယဇ်ပုရောဟိတ်အရာတွင် အာရုန်ထက်ကြီးမြတ်ကြောင်း သိရှိနားလည်ရန်လည်း အရေးကြီးသည်။
သိနာတောင်ပေါ်တွင် ဘုရားသခင်ကမောရှေအား ပညတ်တော်ပေးရာတွင် လူသားများဘုရား သခင်ထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်နိုင်ရန် ယဇ်ပုရောဟိတ်အား စီမံခန့်ခွဲ ခဲ့သည်။ ယဇ်ပုရောဟိတ် အမှုကိုလေဝိအမျိုးထဲမှ အာရုန်မိသားစုနွယ်ဝင်အား ခွဲခန့်ခဲ့သည်။ ထိုအမိန့်စီရင်ချက်ကို လေဝိထုံ ကျမ်းသို့မဟုတ် အာရုန်၏ယဇ်ပုရောဟိတ် အရိုက်အရာဟု သိရှိကြသည်။
အခြားယဇ်ပုရောဟိတ် အရိုက်အရာကိုမေလခိဇေဒက်သာလျှင် ခွဲခန့်ကြောင်း ဓမ္မဟောင်း၌ တွေ့ရသည်။ ထိုမေလခိဇေဒက်သည် ပညတ်ချက်မပေးမီအာဗြဟံအသက် ထင်ရှားစဉ်တွင် ဘုရင်အဖြစ်၎င်း၊ ခွဲခန့်စီရင်ခြင်းဖြစ်သည်။ သခင်ယေရှုသည်လည်း ထိုယဇ်ပုရောဟိတ်ဆရာကြီးနှင့် ဘုရင်မေလ ခိဇေဒက်ကဲ့သို့ပင် ရာထူးနှစ်ခုလုံးကိုခံယူလျက် ကျွန်ုပ်တို့၏အပြစ်များကို ပူဇော်သက္ကာ ပြုပေးကြောင်းတွေ့ရသည်။ သို့ကြောင့်ခရစ်တော်သည် အာရုန်၏ယဇ်ပုရောဟိတ်အရိုက်အရာ ထက်ကြီးမြတ်သည်။
အပိုဒ်ငယ် ၁ မှ ၄ တွင်အာရုန်၏ယဇ်ပုရောဟိတ်အရာကို သိရှိခဲ့ကြပါသည်။ အပိုဒ်ငယ် ၅ မှ ၁ဝတွင် ခရစ်တော်၏ယဇ်ပုရောဟိတ်မင်းကြီး အရိုက်အရာစိုးစံပုံကို ဦးစားပေး၍ အသေးစိတ် ရှင်းပြပါ မည်။