ကမ္ဘာဦးကျမ်း ၁၇

၁၇:၁၄ အပိုဒ်ငယ် (၁)တွင် ပါရှိသော ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် အာဗြဟံအား ကြိုးစားအားထုတ်ခြင်း မရှိနှင့်။ ဘုရားသခင်က အရာခပ်သိမ်း စီစဉ်ပေးမည်ဟု နားလည်နိုင်သည်။ ဘုရားသခင်က အာဗြဟံ၏ နာမည်အား ချက်ချင်းပြောင်းခိုင်းသည်။ အာဗြံ(ချီးမွမ်းထိုက်သောဖခင်) မှ အာဗြဟံ(လူအပေါင်းတို့၏ဖခင်)သို့ နာမည်ပြောင်းပေးသည်။ ထိုနေရာတွင် အာဗြဟံသည်လည်း ဘုရားသခင်နှင့် အပေးအယူ ကတိကဝတ် တည်သည့် အထိမ်းအမှတ် လက္ခဏာအဖြစ် အရေဖျား လှီးပစ်လိုက်သည်။ ယောက်ျားများ အရေအဖျားလှီးခြင်းသည် လူ့လောကတွင်ရှိနေသော်လည်း ဘုရားသခင်က ပိုင်ဆိုင်သည့်အကြောင်း အမှတ်လက္ခဏာဖြစ်သည်။ ယနေ့ခေတ်ကာလတွင် အာရှ အရှေ့အလယ်ပိုင်းဒေသရှိယောင်္ကျားများဟူသရွေ့ ဓလေ့ထုံးစံ တစ်ခုအနေဖြင့် အရေဖျားလှီးနေကြသည်။ အာဗြဟံ၏ သားမြေးယောက်ျားသားများသည် ()ရက်မြောက်သောနေ့တွင် အရေဖျားလှီးကြရသည်။ အကယ်၍ ရင်ဝယ်ပိုက်သားမဟုတ်လျှင်လည်း အာဗြဟံ၏ အိမ်ထောင် မိသားစုစာရင်း၌ ဝင်ရလျှင် အရေဖျားလှီးရသည်။ (ငယ် ၉-၁၄) ‘ဖြတ်တောက်’ ဆိုသော စကားရပ်ကို တစ်ခါတရံ ‘သေပွဲဝင်သည်’ ဟု ကျမ်းစာတွင် အဓိပ္ပါယ်ရသည်။ ဥပမာ ထွ ၃၁:၁၄-၁၅ ကိုကြည့် အခြားနေရာများတွင်မူ ဝိုင်းပယ်သည်ဟု အနက်ရသည်။

အာဗြဟံ၏ အရေဖျားလှီးခြင်းသည် အဖြောင့်မတ်ခြင်း သက်သေဖြစ်သည်။ အာဗြဟံသည် အရေဖျား မလှီးခင်ကပင် ဖြောင့်မတ်သူဖြစ်သည်ဟု ပေါလုက ထောက်ခံထားသည် (၁၅:၆)။ အာဗြဟံ၏ အရေဖျားလှီး ခြင်းသည် ဖြောင့်မတ်ခြင်းတံဆိပ်တုံး ခတ်နှိပ်ခြင်း ဖြစ်သည် (ရော ၄:၁၁)။ ယနေ့ခေတ် ကာလတွင် ယုံကြည်သူများသည် ထိုတံဆိပ်တုံးခပ်နှိပ်ခြင်းမျိုး မသုံးကြ။ အသက်တာပြောင်းလဲသည်နှင့် တပြိုင်နက် သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိတ်ခတ်နှိပ်ခြင်း ခံရကြသည် (ဓ ၄:၃၀)။

အရေဖျားလှီးခြင်း အမှတ်လက္ခဏာ

အရေဖျားလှီးခြင်းသည် ဘုရားသခင်နှင့် သူ့လူများအကြား ပဋိညာဉ် တည်ကြောင်း အမှတ်လက္ခဏာအား မွေးစားခြင်းဖြစ်သည် (က ၁၇:၁၁-၁၄)။ အာဗြဟံ၏ သားမြေးစဉ်ဆက်တိုင်း အရေဖျား လှီးကြသည် (တ ၁၀:၄၅)။ ထိုကာလတွင် တပါးအမျိုးသားများကို အရေဖျား မလှီးသူများဟုလည်း ခေါ်စမှတ် ပြုကြသည် (ဧ ၂:၁၁)။ အာဗြဟံ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ကြောင်း အသိအမှတ်ပြုသည့် အမှတ် သင်္ကတ ဖြစ်သည် (ရော ၄:၅)။

သို့သော်လည်း ကာကြာလာသည်နှင့် အမျှ အရေဖျားလှီးခြင်းနှင့် အရေဖျားလှီးသည် ဟူသော စကားကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုလာကြသည်။ ‘အရေဖျားလှီးခြင်း မခံသော နှုတ်စကား’ (ထွ ၆:၁၂) သည် လူထုရှေ့သို့ စကားပြောရာတွင် မအောင်မြင် ဟု ဆိုသည်။ “အရေဖျားမလှီးသောနား” နှင့် “အရေဖျားမလှီးသော စိတ်နှလုံး” သည် နှုတ်ကပတ်တော် ကြားနာခြင်းနှင့် ချစ်ခြင်းမေတ္တာမရှိ။ နာခံခြင်းလည်း မရှိဟု (ဝတ် ၂၆:၄၁ တရား ၁၀:၁၆၊ ၃၀:၆၊ ယေ ၆:၁၀၊ တ ၇:၅၁)တွင် ရှင်းပြထားသည်။ “အရေဖျားမလှီးသော အသား” (ယေဇ ၄၄:၇) ဆိုသည်မှာ မစင်ကြယ်ခြင်းကို ဆိုလိုသည်။

ဓမ္မသစ်ကျမ်းတွင် ပါရှိသည့် ခရစ်တော်၌ အရေဖျားလှီးခြင်း (ကော ၂:၁၁) သည် ခရစ်တော်ဘုရား လက်ဝါးကပ်တိုင်တွင် အသေခံခြင်းကို ဆိုလိုသည်။ ယုံကြည်သူများသည် ခရစ်တော်၌ တည်နေကြသော ကြောင့် အရေဖျားလှီးသူများဖြစ်သည်။ ထို့ကြောင့် ကော ၂:၁၁ တွင် ‘ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကို ပယ်ရှင်း၍ လက်ဖြင့် မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ ခံကြရသည် ဖြစ်၍’ ဟုပေါလုက ရှင်းပြထားသည်။ အရေဖျားလှီးခြင်းဆိုသည်မှာ ဇာတိသွေးသားဆန္ဒ သေခြင်းကို ရည်ညွှန်းသည်။ ယုံကြည်သူတိုင်း လိုက်နာခံယူရမည့် အချက်ဖြစ်သည်။ ဇာတိ အသွေးအသားဆန္ဒ နောက်သို့ လိုက်တတ်သော ရမက်စိတ်ကို ဖျောက်ဖျက်ရမည် (ကော ၃:၅)။ ရှင်ပေါလုက ယုံကြည်သူများသည် အရေဖျားလှီးပြီးသူများဖြစ်သည်ဟု (ဖိ ၃:၃)တွင် အာမခံထားသည်။ ထို့ကြောင့် ယုံကြည်သူများ၏ အရေဖျားလှီးခြင်းနှင့် ယုဒထုံးတမ်းစဉ်လာအရ အရေဖျားလှီးခြင်း၏ သဘော သဘာဝသည် ကွာခြားသည် (ဂလာ ၂:၁၂)။

ဘုရားသခင်၏ ပညတ်တရားများသည် လူများက ချက်ချင်း နားမလည်သော်လည်း အခြားလူမျိုးများ အတွက် ရောဂါဘယ ဆိုးမှ ကွယ်ကာခြင်းဖြစ်ကြောင်း နောင်တွင် သဘောပေါက်လာကြသည်။ ယနေ့ခေတ် ကာလတွင် အရေဖျားလှီးခြင်းသည် ကင်ဆာရောဂါဆိုး ကဲ့သို့သော ရောဂါဆိုးကို ကာယကံရှင်နှင့် အိမ်ထောင်ဖက်အတွက် ကာကွယ်ဆေးဖြစ်ကြောင်း ဆေးပညာရှင်များက ထောက်ခံလာကြသည်။

၁၇:၁၅၁၇ အာဗြဟံ၏ မိန်းမနာမည်စာရဲကိုလည်း စာရာ(သမီးတော်)ဟု ပြောင်းလဲခိုင်းသည်။ ကတိတော်အတိုင်း စာရာ အသက်(၉၀)အရွယ်တွင် သားရတနာ ထွန်းကားလာသည်။ ထိုအသက်အရွယ် တွင် သားသမီးရလာသောအခါ အာဗြဟံသည် မိမိ ကိုယ်ကို မယုံကြည်နိုင်လောက်အောင် အံ့အားသင့် ဝမ်းမြောက်၍ ဝမ်းသာလုံးစို့ ရယ်မောသည်။ သူ၏ ယုံကြည်ခြင်းသည် တုန်လှုပ် ယိမ်းယိုင်ခြင်း မရှိ တည်ကြည် ခိုင်မြဲသည် (ရော ၄:၁၈-၂၁)။

၁၇:၁၈၂၇ အာဗြဟံက ဣရှမေလအား ဘုရားသခင်ထံဆက်ကပ်သောအခါ ဘုရားသခင်က ကတိတော်ပြုသည့်အတိုင်း ဣဇာက် မွေးဖွားလာမည့် အကြောင်း ထပ်မံသတိပေးသည်။ သို့သော်လည်း ဖခင်က သားအား ဘုရားသခင်ထံသို့ ဆက်ကပ်သည့် စိတ်သဘောထားအတိုင်း ဘုရားသခင်က ဣရှမေလအား ကောင်းကြီးပေးသည်။ လူအများအပြား၏ ဖခင်၊ ဘုရင် (၁၂)ပါးတို့၏ ဖခင် ဖြစ်စေသည်။ ဣဇာက်သည် ကတိတော်နှင့် အညီ ရရှိသော ရင်ဝယ်သားဖြစ်၍ ခရစ်တော်ကို ပုံဆောင်သည်။

အာဗြဟံ၏ အကြွေးမထား၊ လက်တွေ့ကျကျ ချက်ချင်း လုပ်ဆောင်တတ်ပုံကို သင်ခန်းစာ ယူကြည့်ကြပါ။ တစ်ရက်တည်းတွင် ဖခင်၊ သားဣရှမေလနှင့် အစေခံကျွန်များ အပါအဝင် အရေဖျား လှီးကြသည်။ ထိုစဉ်ကာလတွင် အာဗြဟံသည် (၉၉)နှစ်။ သား ဣရှမေလသည် (၁၃)နှစ် ရှိသည်။

Previous Article
Next Article