ကမ္ဘာဦးကျမ်း ၂၀
၇။ အာဗြဟံနှင့် အဘိမလက် (အခန်း ၂၀)
၂၀:၁–၁၈ အာဗြဟံက အသက်(၂၀)အရွယ်ခန့်ရှိသော လှသွေးကြွယ် သူ့မယား စာရာအား ဖာရောမင်းထံရောက်ဖို့ စီစဉ်နေပြန်သည်။ သူ့မယားအား နှမ အဖြစ် ဟန်ဆောင်ခိုင်းထားသည်။ မှတ်သားပါ။ လူသည် အပြစ်တစ်ခါကျူးလွန်သည်ကို အမှတ်မထားတတ်ကြ။ ဂေရမြို့မှ အဘိမလက်မင်းသည်လည်း အာဗြဟံ၏ မယားအား နှစ်ကြိမ်လွန်ကျူးတော့အံ့ဆဲဆဲဖြစ်သည် (၁၂:၁၀-၁၇)။ ဘုရားသခင်က ကြားဝင် ဖြန်ဖြေခြင်းကြောင့် ကတိတော်နှင့်ဆိုင်သော သားဣဇာက်ပေါ်ထွန်းလာခြင်းဖြစ်သည်။ ဘုရားရှင်က အဘိမလက်အား သေခြင်းတရားဖြင့် ခြိမ်းခြောက် တုန်လှုပ်စေခဲ့သည်။ ထိုမင်းသည်လည်း နယ်နယ်ရရ မဟုတ်။ ဆိုးသွမ်းသော တိုင်းသူပြည်သားများကို ငြိမ်သက်အောင် အုပ်စိုးနိုင်သည်။ ဤနေရာတွင်မူ အဘိမလက်မင်းသည် ဘုရားသခင်၏ အဆွေတော် အာဗြဟံထက် ဖြောင့်မတ်ကြောင်း တွေ့ရသည်။ (အဘိမလက်သည် လူနာမည်မဟုတ်။ အသေးလေးဟု အဓိပ္ပါယ်ရသည်)။ လောက လူသားတစ်ဦးက ယုံကြည်သူအား ဆုံးမပဲ့ပြင်ခြင်းသည် အဘယ်မျှ ရှက်ဖွယ်လိလိကောင်းပါသနည်း။ မမှန်တစ်ဝက် မှန်တစ်ဝက်ကို အမှန်သဖွယ် ပြောဆိုသော်လည်း လုံးဝမမှန်သော အမှားကိစ္စဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်၏ အဆွေတော်ဖြစ်၍သာ တော်တော့သည်။ အစပထမတွင် ဘုရားသခင်ကို အပြစ်တင်တော့မည့် ပုံရှိသည်။ သို့သော်လည်း ဘုရားသခင်က အဘိမလက်အား အချိန်မီတွေ့ဆုံစေသောကြောင့် သူ့အမှားကို သိရှိဝန်ခံခွင့်ရသည်။ တစ်မိသားစုလုံးအတွက် ဘုရားသခင်အား ချီးမွမ်းရသည်။
အပိုဒ်ငယ် (၁၆)တွင် ပါရှိသည့် မျက်နှာဖုံးများကို ဝယ်စရာဖို့ ဆိုသည်မှာ စကားပြေအားဖြင့် မျက်စိ အုပ်ထားသည်ဟု အနက်ရသည်။ ဤသို့ပြန်ဆိုလျှင် အဓိပ္ပါယ်ပေါ်လွင် နားလည်ကြမည်။ “သင်နှင့်တကွ သင်နှင့်ပတ်သက်သောသူများ၏ အမှားအယွင်းများကို သင့်ကြောင့် အမြင်မှန်ရသွားကြပြီ” ဟု ဆိုရမည်။ လက်ဆောင်ပေးခြင်းဖြင့် ကြည်အေးစေသည်။