ကမ္ဘာဦးကျမ်း ၃

() စုံစမ်းခြင်းနှင့်စုံစမ်းမှု မခံနိုင်ခြင်း (အခန်း )

: ဧဝထံသို့ ရောက်လာသော မြွေဆိုသည်မှာ စာတန်ကိုယ်တိုင် (ဗျာ ၁၂:၉ ကိုကြည့်) ဖြစ်သည်။ ထိုသို့ စာတန်မာရ်နတ်က တိရစ္ဆာန်ဘဝဖြင့် ရောက်လာခြင်းသည် တကယ့်မြွေဆိုးကြီး ရောက်လာခြင်း မဟုတ်။ အပြစ်ဝင်ရောက်လာပုံ ပုံဆောင်ရှင်းပြခြင်းဖြစ်သည်။ မြွေဆိုး၏စကားပုံကို ထောက်ကြည့်ပါ။ မြွေ၏လှည့်စားခြင်းကို ဧဝက ယုံကြည်လက်ခံသည်။ ပေါလုက (၂ကော ၁၁:၃) တွင်၄င်း ယောဟန်က (ဗျာ ၁၂း၉၊၂၀း၂) တွင် ၎င်းထပ်မံရှင်းပြကြသည်။ ထပ်မံရှင်းပြကြသည်။ သမ္မာကျမ်းစာတွင် တိရစ္ဆာန်က စကားပြောခြင်း ဤနေရာတွင်သာမကပါ။ တော- ၂၂ တွင်လည်း မိုက်မဲသော ပရောဖက် ဗာလမ်အား ဆုံးမရန် မြည်းကို စကားပြောခိုင်းကြောင်းတွေ့ရသည်။ ပေတရုကလည်း ဧဝလှည့်စား ခံရပုံကို အတည်ပြုသည် (၂ပေ ၂:၁၆)။ ဤကျမ်းရေးသူ သုံးဦးသည် သန့်ရှင်း ဝိညာဉ်တော် ပြောပြချက်ဖြင့် ရေးသားကြသည်။ ထို့ကြောင့် သန့်ရှင်းဝိညာဉ်တော်အားဖြင့် မဟုတ်ဟု ငြင်းပယ်၍မရပါ။ သမ္မာကျမ်းစာတွင် အခြား တင်စားချက်များရှိပါသည်။ သို့သော် ထိုပုံဆောင်ခြင်း တင်စားချက်များထဲတွင် ဤကျမ်းချက်မပါရှိပါ။

လူ့ဘဝထဲသို့ အပြစ်ဒုစရိုက်တလှမ်းပြီးတလှမ်းခြင်းဝင်ရောက်လာပုံကို သတိပြုပါ။ ပထမဦးစွာ ဘုရားသခင်၏ စကားအား သံသယဝင်အောင် အယုံသွင်းသည်။ ဘုရားသခင်က ထိုသို့ပြောသလား၊ ဧကန် အမှန်သေရမည်မဟုတ်” ဟုဆိုသည်။ ဘုရားသခင်က အာဒံနှင့် ဧဝအား သစ်သီးအားလုံးမစားနှင့်ဟု တားမြစ်ထားသည်။ အခြားသစ်သီးများစားနိုင်သော်လည်း ဥယျာဉ်အလယ်၌ ရှိသောအပင်၏ အသီးကိုကား သင်တို့သည် မကိုင်မစားနှင့် ဟုမှာထားကြောင်း ဧဝက စာတန်အားပြောပြသည်။ ထိုစကားကို နားထောင်ကြည့်ပါ။ မိန်းမများ၏ စကားချဲ့တတ်သည့်သဘာဝကိုကြည့်။ ဘုရားသခင်က မကိုင်နှင့်ဟု မပြောပါ။ စာတန်၏ လိုချင်သောအကွက်သို့ဧဝ ဝင်မိသည်နှင့်တပြိုင်နက် ဘုရားသခင်၏ စကားတော်များ ထည့်လိုက်ရာ ကွက်တိဝင်သွားသည်။ ဘုရားသခင်စကားတော်ကို နားမထောင်ကြသောကြောင့် စာတန်၏ တပည့်နောက်လိုက်များဖြစ်သွားကြသည်။ ထာဝရ အပြစ်ဒဏ်ခံရမည့် ငရဲလမ်းရောက်သွားကြသည်။ စာတန်က ဘုရားသခင်၏စကားတော် အဓိပ္ပါယ်ကလွဲ၍ ပြန်ဆိုပေးခဲ့သောကြောင့် အာဒံနှင့်ဧဝတို့ အယူလွဲခဲ့ကြသည်။ ဧဝသည် သုံးဆင့်စုံစမ်းခြင်းခံရသည်။ အသွေးအသားဆန္ဒ (စားဘွယ်ကောင်းခြင်း)၊ မျက်စိအမြင်တပ်မက်မှု (အဆင်းလှခြင်း)၊အသက်အတွက်ဂုဏ်ယူမှု (ပညာတိုးပွားစေလိုခြင်း) တို့ဖြစ်သည်။ အိမ်ထောင်ဦးစီး ယောက်ျားသားကို မတိုင်ပင်ဘဲသူ့သဘောဖြင့် ဆုံးဖြတ်သည်။ လင်ယောက်ျားကို တိုင်ပင်မည့်အစား စိုးမိုး အာဏာပြသည်။ ထိုမိန်းမသည်မြင့်လျှင် အသီးကိုယူ၍ စား၏။ ထိုအချိန်မှစ၍ အဖျားအနာရောဂါ၊ စိတ်ဆင်းရဲခြင်း၊ ဝေဒနာကြောက်ရွံ့ခြင်း၊ အမှားကျူးလွန်ခြင်း၊ သေခြင်း အစရှိသောလူမှုဆင်းရဲ ဒုက္ခအထပ်ထပ်များ လူ့ဘဝသို့ ဝင်ရောက်လာသည်။ ဆရာကြီးတစ်ပါးကမူ “စာတန်၏ လိမ်လည်ယုတ်မာမှုကြောင့် လူသားကမ္ဘာ ယိုယွင်း ပျက်စီးခဲ့ကြသည်။ သိန်းသန်းပေါင်းများစွာ သင်္ချိင်းကုန်းပြန်ခဲ့ကြသည်” ဟုဆိုသည်။ ဧဝသည် လိမ်လည်လှည့်ဖျားခြင်းခံရသည် (၁တိ ၂:၁၄)။ အာဒံမူကား သိလျက်နှင့်စားသောကြောင့်နှစ်ယောက်စလုံး ဘုရားသခင်ကို ပုန်ကန်ရာရောက်သည်။

စာတန်၏လိမ်လည်လှည့်ဖျားစကား “သင်လည်းဘုရားသခင်ကဲ့သို့ဖြစ်မည်” ကိုယုံမှားမိကြသည်။

:၁၃ အပြစ်၏ပထမဆုံးအကျိုးသက်ရောက်မှုမှာ အရှက်အကြောက်ဖြစ်သည်။ သင်္ဘောသဖန်းရွက်များကို ခန္ဓာကိုယ်အရှေ့ပိုင်းတွင် ဖုံးကွယ်ခြင်းဖြင့် အရှက်ဖုံးကွယ်၍ အပြစ်မပြုဟန် ဟန်ဆောင်ကြသည်။ ဘုရားသခင်က ခေါ်သောအခါ အပြစ်မှခွင့်လွှတ်ရန် တောင်းဆိုကြသည်။ သို့သော် ဝန်ခံခြင်းမဟုတ်။ အာဒံ၏စကားကို နားထောင်ကြည့်ပါ။ ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏ အသီးကိုပေး၍ ကျွန်တော်စားမိပါသည် ဟု ဘုရားသခင်ကို အပြစ်တင်စကားဆိုသည် (သု ၁၉:၃ နှင့် ယှဉ်ကြည့်)။ ဧဝကမူ မြွေသည် ကျွန်တော်မကိုလှည်းစား၍ စားမိပါသည်ဟုဆိုသည်။

ဖန်ဆင်းထားသောလူများသည် အပြစ်လုပ်မိ၍အရှက်တကွဲအကျိုးနည်းဖြင့် ပုန်းကွယ်ကြသော်လည်း ဘုရားသခင်သည် မေတ္တာမပျက်။ ကရုဏာတော်ထားလျက် သင်တို့ဘယ်မှာလဲဟုအော်ခေါ်သည်။ ဤစကားကို အဓိပ္ပါယ်(၂)မျိုး ကောက်နိုင်သည်။ ထိုလူပျောက်နေသဖြင့် ဘုရားသခင်က ရှာဖွေခေါ်ယူသည်။ လူ၏အပြစ်နှင့် ဘုရားသခင်၏ ကျေးဇူးတော်ပုံဖော်သည်။ ဘုရားသခင်သည် လူအား အစမူလကပင် ကယ်တင်သည်။ စာတန်က ဧဝအား သံသယ စိတ်သွင်းသည်။ သို့သော် မေတ္တာတော်မပျက်။

:၁၄ ဘုရားသခင်က မြွေဆိုးစာတန်အား တဖန်အဆင့်အတန်းထပ်နှိမ့်ချသည်။ သားယဉ် သားရဲများထက် ကျိန်ခြင်းခံစေသည်။ ထိုစကားတော်အရ တွားသွားသတ္တဝါများပင်လျှင် စာတန်ထက် မြတ်သည်။

:၁၅ ဤအပိုဒ်ငယ်တွင် စာတန်ကို တိုက်ရိုက်ဆိုထားသည်။ ပရိုတက်စတင့် ဧဝံဂေလိဆရာများက ပထမခရစ်ဝင်ကျမ်းတွင် ဤသို့ဖွင့်ဆိုကြသည်။ စာတန်နှင့် မိန်းမ (လူသားအားလုံးကိုယ်စားပြုသည်) စာတန်၏ မျိုးဆက် (စာတန်လက်ပါးစေများ) နှင့် မိန်းမ အမျိုးအနွယ် (မေရှိယ) အခြား ရန်ဆက်ပွားကြသည်။ စာတန်၏ ခေါင်းကို ကြိတ်ခြင်းဆိုသည်မှာ ကရာနီကုန်းပေါ်တွင် ကယ်တင်ရှင် သခင်က စာတန်အား အနိုင်ယူအောင်ပွဲခံခြင်းဖြစ်သည် စာတန်၏ တန်ခိုးသည် မေရှိယသခင်၏ ခြေဖနှောင့်အောက်တွင် နင်းချေခြင်း ခံရမည်။ ဖနှောင့်ဒဏ်ရာ ဆိုသည်မှာ ခရစ်တော်ဘုရားရုပ်ခန္ဓာကိုယ် အသေခံခြင်းဖြစ်သည်။ သို့သော်လုံးဝပျောက်ကွယ်သေဆုံးခြင်းမဟုတ်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံ၍ သင်္ဂြိုလ်ခံရသော်လည်း ရှင်ပြန်ထမြောက်သည်။ အပြစ်ဒုစရိုက်၊မရဏာနှင့်စာတန်ကိုအောင်မြင်သည်။ မိန်းမ၏အမျိုးအနွယ်ဆိုသည့်စကားမှာ အပျိုကညာမှ မွေးဖွားခြင်းကို ဆိုလိုခြင်းလည်းဖြစ်နိုင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကတိတော်ပေးချက်များ ကိုလာမည့်ကျမ်းပိုဒ်များတွင် ဆက်လက်လေ့လာကြည့်ရှုပါ။

:၁၆၁၉ အပြစ်ဒုစရိုက်သည် အစဉ်အဆက်မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ်လာသည်။ ယောက်ျားအား ထောက်မခြင်းမပြုသည့် အပြင် ခေါင်းပေါ်တက်၍ ဆရာလုပ်သည့် အပြစ်ကြောင့် မိန်းမသည် မီးဖွားသည့်အခါ သေရေးရှင်ရေး နာကျင်ခြင်းဝေဒနာခံစားရသည်။ အပြစ်ဒဏ်ချမှတ်သည်။ ယောက်ျားကိုလည်း ဘုရားစကားနားမထောင်ဘဲ၊ မိန်းမစကားနားထောင်သောကြောင့် တစ်သက်လုံး ပင်ပန်းစွာလုပ်စားရမည်။ နဖူးမှ ခြေဖဝါးထိချွေးကျ အောင် အလုပ်လုပ်ရမည်ဟု အမိန့်ချမှတ်သည်။ လူ့ဘဝ ကုန်ဆုံးသောအခါ ဖုံမှုန့်ထဲသို့ပြန်ရောက် ကြရမည်။ သို့သော် ထိုစကားသည် ကျိန်ခြင်းမဟုတ်တော့ပါ။ ကောင်းကြီးမင်္ဂလာဖြစ်သည်။ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ပြဿနာရှုပ်ထွေးခြင်း၊ လူမွှေးမပြောင်ခြင်း၊ ပင်ပန်းနုံးချိခြင်းများသာလျှင် ကျိန်ခြင်းအမင်္ဂလာဖြစ်သည်။

:၂၀၂၁ အာဒံက သူ့မိန်းမအား ဧဝဟု ခေါ်သည်။ အဓိပ္ပါယ်မှာ လူသားအားလုံး၏မိခင်ဖြစ်သည်။ ထိုအချိန်ကာလထိ သားမီးဖွားခြင်းမရှိသေးပါ။ ဘုရားသခင်က တိရစ္ဆာန်အသေကောင်များ၏ သားရေကို ထိုလင်မယားသို့ပေး၍ အရှက်ဖုံးစေသည်။ ဤအဖြစ်အပျက်မှာ ဘုရားသခင်၏ သိုးသငယ်သွန်းလောင်းသော အသွေးတော်၊ ဖြောင့်မတ်ခြင်းဝတ်လုံဖြင့် အပြစ်ဒုစရိုက်သားများ၏ အပြစ်ကို ဖုံးအုပ်ခြင်းကို နားလည်ရသည်။ ယုံကြည်ခြင်း၏ အခြေခံတရားဖြစ်သည်။

:၂၂၂၄ စာတန်က ဧဝအား လိမ်ညာသည့်စကားနောက်ကွယ်တွင် သမ္မာတရား၏ အရိပ်ပါရှိသည် (ငယ် ၅)၊ သို့သော်လည်း ဧဝတို့လင်မယားသည် အဆိုးနှင့်အကောင်းကြားရှိ ခက်ခဲသော လမ်းစဉ်ရွေးမိကြသည်။ ထိုသို့အသက်သစ်ပင် အသီးစားကြသည့်အတိုင်း လွှတ်ထားလျှင် ထာဝရ အသက်ရှင်ကြမည်။ ဖျားနာကြမည်။ အားအင်ချိနဲ့လာကြမည်။ ထိုကြောင့် ဧဒင်ဥယျာဉ်သို့ပြန်မလာနိုင်ရန် ဘုရားသခင်ကတားမြစ်သည်။ ထိုသို့ပြန်လာနိုင်ရန် ဧဝတို့ကို ဥယျာဉ် အရှေ့ဘက်၌ ချထားသည်။ ဘုရားသခင်၏ မြင့်မြတ်စင်ကြယ်မှုနှင့် လူ၏မာနသည် ဆန့်ကျင်ဘက်ဖြစ်သည်။

ဘုရားသခင်က လိမ်ညာသလား၊ စာတန်က မုသာစကားပြောသလား ဆိုသည့်အချက်ကို အာဒံနှင့် ဧဝတို့ စဉ်းစားဆုံးဖြတ်ရတော့မည်။ ဘုရားသခင်က လိမ်ညာသည်ဟု မှတ်ယူခဲ့ကြသည်။ “ယုံကြည်မှုမရှိ ခြင်းသည် ဘုရားသခင် ဘုရားသခင်၏ဝမ်းနည်းစရာအကြောင်းဖြစ်သည်။” ထို့ကြောင့် ထိုသူများ၏ အမည်စာရင်းကို ကယ်တင်ခြင်းရရှိသူများ စာရင်းတွင် မတွေ့ရဟု ဟေဗြဲ ၁၁ တွင် ဆိုထားသည်။

ဧဒင်ဥယျာဉ်ထဲသို့ အပြစ်ဒုစရိုက်မဝင်ရောက်အောင် ကာရံထားခြင်းမရှိခဲ့ပါ။ ထိုနှစ်လိုဖွယ် ကောင်းသော ဥယျာဉ်သည် လူ့ပြဿနာများ၏ အဖြေလည်းမဟုတ်ပါ။

Previous Article
Next Article