ကမ္ဘာဦးကျမ်း ၄

() ကာဣနနှင့် အာဗေလ (အခန်း )

          : အာဒံသည်မယားဧဝနှင့်ဆက်ဆံသောကြောင့် သား ကာဣန မွေးဖွားလာသည်။ ထိုသို့ သားဖွားမြင်သောအခါ ဧဝသည် ဘုရားသခင်၏လူကိုရပြီ။ ဘုရားကဲ့သို့သောသူ၊ ဘုရားပေးသောသားရရှိပြီ ဟု ထင်မှတ် ဝမ်းသာခဲ့သည်။ နာမည်ကိုလည်း ကာဣန (ရှာမှီးရရှိ သောဥစ္စာဟု အနက်ရသည်) ဟု ကင်ပွန်း တပ်သည်။ လူသားမျိုးနွယ်စုရရှိပြီဟု ဧဝ ပျော်ရွှင်ခဲ့သည်။

: အပိုဒ်ငယ် ၃သည် အချိန်ကာလအဆင့်ဆင့် ပြောင်းလဲလာပုံဖြစ်သည်။ အချိန်ကာလကြာလာသည်နှင့် အမျှ ကမ္ဘာ့လူဦးရေ တိုးတက်ပြောင်းလဲလာသည်။ ကာဣနနှင့် အာဗေလတို့ ညီအကိုသည် အပြစ်သားမိဘများ၏ သားသမီးများဖြစ်သော်လည်း သန့်ရှင်းစင်ကြယ်သော ဘုရားသခင်အား ယဇ်ပူဇော်ခွင့် ရကြသည်။ ကာဣနသည် အသွေးဖြင့် ယဇ်ပူဇော်ခြင်းမပြု။ သက်သတ်လွတ်ဖြင့် ယဇ်ပူဇော်သည်။ အာဗေလသည် အသွေးဖြင့်ယဇ်ပူ​ဇော်ခြင်းကိုလိုအပ်ကြောင်းခံယူသဖြင့် တိရစ္ဆာန်အသွေး ဖြင့်ပူဇော်သည်။  ထိုသို့ ပူဇော်ခြင်းသည် အသွေးဖြင့် ပူဇော်မှသာလျှင်မပြစ်ကင်းစင်နိုင်သည်ဟု ယုံကြည်သည် (ဟေဗြဲ ၁၁:၄) ပထမဦးဆုံးမွေးသော သားဦးတိရစ္ဆာန်ကောင်ဖြင့် ဦးဦးဖျားဖျား ပူဇော်သည်။ ထိုသို့ ပူဇော်ခြင်းသည် ဘုရားသခင်ကို အကောင်းဆုံး၊ အဦးဆုံးအရာဖြင့်ကြည်ညိုစွာ ပူဇော်ခြင်းဖြစ်သည်။ အာဗေလ၏ ယဇ်ပူဇော်ခြင်းသည် အသွေးဖြင့် လူ့လောကအပြစ်များ ဆောင်ကြဉ်းသွားပုံကို ပုံဆောင်သည်။

: ကာဣနသည် မနာလိုမုန်းတီးစိတ်ကြောင့် လူသတ်မှုကျူးလွန်သည်။ ဘုရားသခင်က ကာဣနအား သတိပေးသည့်အကြောင်းကို အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆို နားလည်နိုင်သည်။

၁။ အကယ်၍ ကောင်းမွန်စွာပြုလုပ်လျှင် (နောင်တစိတ်ရှိလျှင်) အမျက်ဒေါသထိန်းနိုင်မည်ဖြစ်သဖြင့် အပြစ်ဒုစရိုက်လည်း ကျူးလွန်မည်မဟုတ်။ အကယ်၍ အမျက်ဒေါသထွက်လျှင် (အာဗေလကို မနာလို မုန်းတီးစိတ်ရှိလျှင်) တံခါးဝ၌ ပျက်စီးခြင်းဒုစရိုက်က သင့်အား အဆင်သင့်စောင့်ကြိုနေသည်။ အာဗေလသည် သင့်အပေါ် စိတ်ငြိုငြင်သူမဟုတ်။ အစ်ကို၏ခေါင်းဆောင်မှုကို ခံယူသူဖြစ်သည်။ အကယ်၍ အာဗေလအပေါ်သို့ မလိုမုန်းတားစိတ် မရှိလျှင် သင်က အစဉ်အုပ်စိုးသွားမည်။

၂။ သင်သည်ကောင်းမွန်စွာပြုစုလျှင် (Septuagint တွင်မူကောင်းမွန်စွာ ယဇ်ပူဇော်လျှင်) သင့်ပူဇော်သက္ကာကို လက်မခံဘဲနေမည်လား။ ကောင်းမွန်စွာပြုလုပ်ခြင်းသည် ယဇ်ပူဇော်ခြင်းကို ဆိုလိုသည်။ အာဗေလသည် ဘုရားရှင်လက်ခံနိုင်ဖွယ်ရာ ပူဇော်သက္ကာဖြင့် ပူဇော်သည်။ ကာဣနသည် အသွေးမပါသော ယဇ်ကို ယူဆောင်လာသည့်အပြင် စိတ်မနော်ကြည်လင်ဖြူစင်ခြင်းမရှိ။ မျက်စိမျက်နှာသုံမှုံသဖြင့် မှားယွင်းသော ပူဇော်ကိုးကွယ်မှု ပုံစံဖြစ်သည်။

၃။ RSV ကျမ်းမူက “အကယ်၍ ကောင်းမွန်စွာပြုလုပ်လျှင် သင့်ကို လက်မခံဘဲနေမည်လား။ ကောင်းမွန်စွာ မပြုလုပ်လျှင် အပြစ်ဒုစရိုက်က တံခါးဝမှ အသင့်စောင့်ဆိုင်းနေသည်။ သင့်စိတ်နှလုံးရှိသည့် လုပ်ဆောင်ချက်က သင့်ကို အုပ်စိုးမည်” ဟုဆိုသည်။

၄။ F.W.Grant ၏ Numerical ကျမ်းမူတွင် “အကယ်၍ကောင်းစွာမလုပ်လျှင် ဒုစိရိုက်ပူဇော်သက္ကာက တံခါးဝမှ စောင့်ကြည့်နေသည်” ဟုဆိုသည်။ တနည်းအားဖြင့် သင်လုပ်ဆောင်သည့်အတိုင်း အကျိုးခံစားရမည်။

:၁၂ ကာဣန၏ မနာလိုမုန်းတီးမှုသည် မကောင်းမှုဒုစရိုက်သို့ပြောင်းလဲ၍ သူ့ညီကို ကိုယ်ထိလက်ရောက် ကျူးလွန်အသက်သတ်သည်။ အာဗေလသည် သေသော်လည်း ယုံကြည်ခြင်း၏ အသက်တာသည် သေခြင်းမရှိ၊ ရှင်သန်နေသည် (ဟေဗြဲ ၁၁:၄) ဘုရားသခင်က အပြစ်တင်ခြင်းမရှိဘဲ မေတ္တာ မပျက်သောမေးခွန်းကို အပြစ်သားကာဣနသည် နောင်တရခြင်းမရှိသည့်ပြင် မဖွယ်မရာပြန်ဖြေခဲ့သည်။ လူသည် မြေကြီးဘဝရောက်လျှင် ဘဝကုန်ဆုံးပြီဟု ထင်မှတ်ခဲ့သည်။ သို့သော်ယုံကြည်သူ၏ အသွေးသည် ကန္တာရ မြေကြီးထဲမှစကားပြော နိုင်သည်။

:၁၃၁၆ ကာဣန၏ တုံ့ပြန်စကားသည် ကျူးလွန်ခဲ့သောအပြစ်ထက် ပိုမိုပြင်းထန်မိုက်မဲသည်။ အပြစ်ကို နောင်တမရဘဲ၊ ထပ်ဆင့် အပြစ်ကျူးလွန်ခြင်းကြောင့် ကြောက်လန့်ဖွယ်ရာ ကျိန်ခြင်းအမင်္ဂလာ ကြုံဆုံရသည်။ ဘုရားသခင်နှင့် ကွေကွင်းရသည်မှာ ဝမ်းနည်းဖွယ်ရာ အကောင်းဆုံးဖြစ်သည်။

:၁၇၂၄ ကာဣနသည် နှမငယ်သို့မဟုတ် အခြားသွေးသားနီးစပ်သူနှင့် စုံဖက်သည်။ က ၄:၃ တွင် လူအများအပြားပေါ်ထွန်းလာကြောင်းနှင့် က ၅:၄ တွင် အာဒံ၌ သားသမီးမြောက်မြားစွာ ထွန်းကားကြောင်း ရေးထားသည်။ ထိုခေတ်ကာလတွင် ဆွေမျိုးသွေးသား နီးစပ်သူများ အချင်းချင်း အိမ်ထောင်ပြုမှု မတားမြစ်သေး (အခြေအနေလိုအပ်ချက်အရဖြစ်သည်)

အပိုဒ်ငယ် ၁၇-၂၄ တွင် ကာဣန၏ သားစဉ်မြေးဆက်စာရင်းတွေ့ရသည်။ သူတည်သောမြို့နာမည်ကိုလည်း သားနာမည်အတိုင်း ဧနောက် ဟု မှည့်ခေါ်သည်။ ထိုကာလကတည်းက မယားအများအပြားယူခြင်း၊ တိရစ္ဆာန်မွေးမြူရေး၊ တေးဂီတ၊ အနုပညာ၊ သံထည်ပစ္စည်းလက်ရာ၊ တေးသီချင်းသီဆိုခြင်းနှင့် သွေးထွက်သံယိုမှုများ တွေ့ရသည်။ သီချင်းထဲတွင် လာမတ် က မိမိကိုယ်ကို ခုခံကာကွယ်သောအားဖြင့် လူငယ်လူရွယ်တစ်ယောက် လက်လွန်သတ်မိကြောင်း သူမယားများသို့ ပြောပြသည်ကို တွေ့ရသည်။ သို့သော် မည်သို့မည်ပုံ လက်လွန်ခြေလွန်ဖြစ်သည်ကို အသေးစိပ်မရှင်းပြပါ။ သူ့အဖေ ကာဣနက သူ့ ညီကို သတ်သည့် ကိစ္စမျိုးဖြစ်နိုင်သည်။ ရန်ကိုရန်ချင်း လက်တုံ့ပြန်ခြင်းဖြစ်သည်။ ဖခင်ထံမှ မျိုးရိုးလိုက်ခြင်းဖြစ်နိုင်သည်။

Previous Article
Next Article