ကမ္ဘာဦးကျမ်း ၇

သက်ရှိသတ္တဝါများအား အစုံလိုက် စားစရာများနှင့်အတူ နောဧသင်္ဘောထဲသို့ ယူဆောင်လာသည်။ အချို့သောကျမ်းစာ ဝေဖန်ရေးသမားများက နောဧသင်္ဘောထဲတွင် တရစ္ဆာန်မျိုးစုံနှင့် ထိုတိရစ္ဆာန်များ အတွက် တစ်နှစ်နှင့် (၁၇)ရက်စာ အစားအစာ သိုလှောင်ဖို့ မလုံလောက်နိုင်ဟု ငြင်းဆိုကြသည်။ သို့သော် အခြေခံကြသော တိရစ္ဆာန်များနှင့် ကျေးငှက်များသာ ယူဆောင်ခြင်းဖြစ်သည်။ ထို့နောက်မှ အမျိုးမျိုး သွေးနှော ပြန့်ပွားခြင်းဖြစ်သည်။ ထို့ကြောင့် သင်္ဘောသည် ထိုသူများ တွက်ချက်သည်ထက် ပို၍ချောင်ပါသေးသည်။

: အပိုဒ်ငယ်(၁)တွင် ပထမဦးဆုံး “ဝင်ကြလော့” ဟူသော စကားလုံးတွေ့ရသည်။ ထိုစကားသည် ယနေ့ခေတ်ကာလ ဧဝံဂေလိပြုရာတွင် ကျေးဇူးတော်ခံစားဖို့ရာ သင်္ဘောသို့ ဝင်ကြလော့ ဟုပြောရမည့် စကားဖြစ်သည်။

:၁၈ စင်ကြယ်သောတိရစ္ဆာန် ()စုံစီ၊ မစင်ကြယ်သော တိရစ္ဆာန်တစ်စုံစီ သင်္ဘောထဲသို့ ယူဆောင်ရမည့်အကြောင်းပြချက် မရှင်းပြပါ။ စင်ကြယ်သောတိရစ္ဆာန်များသည် အစားအစာအတွက် နှင့် ယဇ်ပူဇော်ဖို့ရာ ဖြစ်ကောင်း ဖြစ်နိုင်သည် (၈:၂၀ကိုလည်းကြည့်)။ ခုနှစ်ရက် မပြည့်မှီ တိရစ္ဆာန်များအစား အစာများ ပြင်ဆင်သိုလှောင်ထားသည် ခုနှစ်ရက် လွန်မြောက်သောအခါ ရက်ပေါင်း(၄၀) ညပေါင်း(၄၀) မိုးရွာသည်။ သမ္မာကျမ်းစာတွင် (၄၀)ဟူသော ဂဏာန်းသည် မရေမတွက်နိုင်သော ကိန်းဂဏာန်းကို ဆိုလိုသည်။

:၁၉၂၄ အချို့က ထိုမိုးရွာခြင်းသည် ဒေသန္တရကွက်ကြား ရေကြီးခြင်းဖြစ်သည်ဟု ဆိုသည်။ အပိုဒ်ငယ် ၁၉တွင် ကျမ်းစကားသက်သေရှိပါသည်။ ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့် မိုးကောင်းကင်အောက်၌ ရှိသမျှသော ကောင်းကြီးမင်္ဂလာအပေါင်းတို့သည် မြှုပ်ကြ၏” ဟု ဆိုထားပါသည်။ အကယ်၍ ကွက်ကျားရေကြီးခြင်းသာဖြစ်သည်ဟု ဆိုလျှင် ဘောလုံးကွင်း၏ ၁ဆခန့် ကျယ်ပြန့်သော သင်္ဘောကြီးအား ဘုရားသခင်က နောဧကို တည်ဆောင်ခိုင်းမည်မဟုတ်။ ထိုသို့ကြီးမားစွာ ဆောက်လုပ်ထားသောကြောင့် နောဧမိသားစု လူ(၈)ယောက်နှင့် တိရစ္ဆာန်များ အသက်ရှုမကြပ်၊ ချောင်ချိစွာ သွားလာနိုင်ကြသည်။ ကမ္ဘာမြေပြင်တရပ်လုံးမှ ရေများစိမ့်ထွက်လာကြသည်။ အာရာရပ်တောင် (Ararat) သည် ပေတစ်သောင်း ခုနှစ်ထောင်မြင့်၍ ရေ(၁၅)တောင် ဖုံးလွှမ်းသည် (ငယ် ၁၉-၂၀)။ ထိုသို့ဖြစ်လျှင် ကွက်ကျားရေကြီးခြင်းဖြစ်နိုင်ပါ့မည်လား။ က ၉:၁၅ တွင် နော်ကထပ်တဖန် ဤကဲ့သို့ ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးလာမည် မဟုတ်ကြောင်း ဘုရားသခင်က ကတိတော်ပေးထားသည်။ နေရာဒေသလိုက် ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်းရှိချင်ရှိမည်။ သို့သော် တစ်ကမ္ဘာလုံးကို မဖုံးလွှမ်းနိုင်။ အကယ်၍ကွက်ကြားရေကြီးခြင်းဖြစ်လျှင်ဘုရားသခင်၏ကတိတော်သည်လည်းပြည့်စုံသော ပဋိညာဉ် မဟုတ်နိုင်။  ပေတရုကလည်း ဤကျမ်းစကားကို သက်သေပြု၍ နောက်တဖန်ရေလွှမ်းမိုးခြင်း ဖြင့် ကမ္ဘာကြီးကို ဖျက်ဆီးမည်မဟုတ်။ သို့သော် မီးဖြင့် စင်ကြယ်မည်ဟု (၂ပေ ၃:၆)တွင် သတိပေးထားသည်။

နောဧ၏ သင်္ဘောကြီးသည် ခရစ်တော်ကို ပုံ​​ဆောင်သည်။ ရေပြွန်ပေါက်မှ ရေများ စိမ့်ထွက်လာကြခြင်းသည် ဘုရားသခင်၏ အပြစ်တရား စီရင်ခြင်းပုံဆောင်သည်။ သခင်ယေရှုခရစ်တော်သည် ထိုရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးမှ လူသားများကယ်ဆယ်ရန် ခမည်းတော်၏ အမျက်ဒေါသကို ကရာနီကုန်းပေါ်တွင် ခံစားခဲ့သည်။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည် ကိုးစား၍ ခရစ်တော်ထဲတွင် တည်နေသူသည် ကယ်တင်ခြင်း ရရှိကြသည်။ သင်္ဘောပြင်ပတွင် နေထိုင်သူများသည် ပျက်စီးခြင်းရောက်ကြမည် (၁ပေ ၃:၂၁ ကိုလည်းကြည့်)။

Previous Article
Next Article