ဆာလံကျမ်း ၃၈

ဆာ ၃၈ အပြစ်အတွက် ဝမ်းနည်းကြေကွဲခြင်း

အပိုဒ်ငယ် ၃ပါ “ထိုအပြစ်ဒုစရိုက်”၊ အပိုဒ်ငယ် ၄ပါ”အကျွန်ုပ်ပြုမိသော ဒုစရိုက်”၊ အပိုဒ်ငယ်၅ပါ “အကျွန်ုပ်မိုက်မဲမှု”၊ အပိုဒ်ငယ် ၈ပါ”အကျွန်ုပ်ရောဂါဆိုး” များ မပါရှိလျှင် ဤဆာလံကျမ်းကို မေရှိယသခင်၏ ဆင်းရဲဒုက္ခကို ဖော်ကျူးသည်ဟု ယူဆနိုင်သည် လူတို့၏ လက်ထဲတွင် ယေရှုသခင် ဘေးဒုက္ခရောက်ရှိပုံဟု ထင်မြင်နိုင်သည်။ ဖြစ်ရပ်မှန်မှာ ဒါဝိဒ်သည် အပြစ်ဒုစရိုက်ပေါင်းစုံ ကျူးလွန်မိသောကြောင့် စိတ်ပျက်လက်ပျက် ရှိသည့်အပြင် ခန္ဓာကိုယ် ကျန်းမာရေးပါ ထိပါးပျက်စီးသည့်အကြောင်း ဖြစ်သည်။

၃၈: ဒါဝိဒ်က ယခုကဲ့သို့ ဆင်းရဲဒုက္ခရောက်သည်မှာ ဘုရားသခင်က အမျက်တော်ထွက်၍ အပြစ်တင်ခြင်း၊ ဆုံးမခြင်းဖြစ်သည်ဟု ခံယူသည်။ သို့ကြောင့် အမျက်တော်ပြေပါရန် လျှောက်လဲသည်။ ဘုရားသခင်၏ မြားတော်များက ဒါဝိဒ်၏ ခန္ဓာကိုယ်နှင့် အသည်းနှလုံးထဲသို့ စူးဝင်ထိမိသည်။ ဘုရားသခင်၏ လေးသောလက်တော်သည် ဒါဝိဒ်ပေါ်သို့ ကျရောက်နေပြီလား။ အမျက်တော်ရှိသောကြောင့် တစ်ကိုယ်လုံး ဖျားနာပါသည်။ အရိုးအခြင်များအားလုံး ကိုက်ခဲနေသည်။ ထိုသို့ နာကျင်ရခြင်းမှာ ခွင့်လွှတ်တော်မူပါဟု မဆိုဝံ့ပါ။ လှိုင်းလုံးကြီးများဖြင့် အရိုးများကို တမြေ့မြေ့မြည်အောင် ချိုးပစ်နေကြပါသည်။

၃၈: အနာ၊ ဒဏ်ရာများသည် ရိရွဲ၍ ပုပ်စော်နံကြပါသည်။ တစ်ကိုယ်လုံးတွင် အနာပေါက်လျက် မအိပ်နိုင်၊ မထနိုင်အောင် နာကျင်ပါသည်။ အသက်ရှင်နေသူလူအဖို့ ခံရခက်လှသည်။ ခန္ဓာတစ်ကိုယ်လုံး အဖျားတက်တုန်ချမ်းသည်။ သက်တောင့်သက်သာ ရှိသော ခန္ဓာကိုယ်အစိပ်အပိုင်းဟူ၍ မရှိ။ ထိုဘေးရန်ဆိုးများကို ပြန်လည် ခုခံနိုင်စွမ်းအားလည်း မရှိ။ ဘာမှမတတ်စွမ်းနိုင်။ ငိုယိုညီးတွားခြင်းသာ တတ်နိုင်သည်။

၃၈:၁၀ တချို့သောမိတ်ဆွေများက ဒါဝိဒ်ကို လာရောက်အားပေးကြပါသည်။ ဘုရားသခင်က သူ့ခံစားချက် သိရှိ၍ သက်သာစေမည်ဟု လာပြောပြကြပါသည်။ သို့သော်လည်း လက်တွေ့တွင် မသက်သာ။ သို့ဖြင့် စိတ်ထွေပြားသည်။ ခွန်အားများယုတ်လျှော့ ခမ်းခြောက်ကုန်သည်။ မျက်စိအမြင်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ဝေဝါးနေပြီ။ အချစ်ဆုံးနှင့် မိတ်ဆွေများကလည်း ပစ်ပယ်ကြသည်။ ကုဋ္ဌနူနာများပင်လျှင် ဆွေမျိုးများက ကြည့်ရှုကြပေမည်။ သူ့ကိုမူ တစ်ကောက်ကြွက်ပမာ ပစ်ပယ်ထားကြသည်။

၃၈:၁၉၂၀ ဒါဝိဒ်သည် ရန်သူများအပေါ်သို့ တဖန် အတွေးပြန်ရောက်သည်။ ဒါဝိဒ်သည် ဖျားနာ၍ ခွန်အားချိနဲ့သည့်အချိန်တွင် ရန်သူများသည် သန်မာထွားကျိုင်းကြသည်။ ထိုအကြောင်းကို ဆင်ခြင်သောအခါ ဘုရားသခင်၏ တရားမျှတမှုကို နားလည်လာသည်။ ရန်သူများ၏ ပြုသမျှနုရမည်။ အခြေအနေရှိသော်လည်း ရန်သူလက်တွင်းသို့ မကျရောက်ခဲ့ခြင်းသည် ဘုရားရှင်၏ ကရုဏာတော်ပေတည်း။ လူကိုမုန်းတီးရုံသာ မုန်းတီးကြသည်။ ကိုယ်ထိလက်ရောက် မကျူးလွန်ကြ။ အဘယ်သို့နည်း။ ဒါဝိဒ်သည် ဘုရားသခင်၏ နောက်တော် လိုက်သောကြောင့်တည်း။

၃၈:၂၁၂၂ ဘုရားရှင်က  သူ့ကို ပစ်ပယ်မသွားမှန်း သိရှိသည်။ သို့သော် နီးနီးကပ်ကပ် ကူညီမစဖို့ လိုသည်။ အမြန်ဆုံးကယ်မ ထူထောင်စေချင်သည်။ ဘုရားသခင်သည် စင်စစ် ဆာလံဆရာ၏ ကယ်တင်ရှင် ဖြစ်သည်။

Previous Article
Next Article