ဆာလံကျမ်း ၅၂

ဆာ ၅၂ ဗြောင်ကျကျသစ္စာဖောက်

နောက်ခံသမိုင်းကြောင်းကို ၁ ရာ ၂၁၊ ၂၂ တွင်တွေ့နိုင်သည်။ ရှောလုဘုရင်၏ သိုးတော်ထိန်းအုပ် ဧဒုံအမျိုးပါဒေါဂ အကြောင်းဖြစ်သည်။ သူသည် ဒါဝိဒ်ဆင်းရဲဒုက္ခရောက်၍ ထွက်ပြေးတိမ်းရှောင်နေစဉ် ဂေါလျက်၏ဓါးအား အဘိမလက်ယဇ်ပုရောဟိတ်ထံမှယူပေးခဲ့သည်။ ထို့နောက် ရှောလုမင်းထံသို့ သတင်းပေးသည်။ ရှောလုမင်း၏ အမိန့်အရ ဘုရားသခင်၏ ယဇစ်ပုရောဟိတ် (၈၄)ပါးကို သတ်ဖြတ်ခြင်းဖြင့် ဆုလက်ဆောင်ရယူခဲ့သည်။ ထို့အပြင် အဟိမလတ် ယဇ်ပုရောဟိတ်ပိုင်သော နောဗအရပ်မှ ကလေးသူငယ်များ၊ မိန်းမများမှစ၍ တိရိစ္ဆာန်များပါမကျန် ရွာလုံးကျွတ်ဖျက်ဆီးခဲ့သည်။

ဒေါဂ၏ အကျင့်စရိုက်ကို ၁ရာ၂၁:၁-၄ တွင်၎င်း ဘဝကံကြမ္မာကို ငယ် ၅-၇တွင်း၎င်း တွေ့ရသည်။ ဆာလံဆရာက အခန်းငယ် ၈-၉ တွင် တမျိုးတဖုံသရုပ်ဖော်ထားသည်။

၅၂: ဒါဝိဒ်က သစ္စာဖောက်များ၏ မာန်မာနကို “သင်သည် သူ့အကျိုးကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း”ဟု နိဒါန်းချီမေးခွန်းထုတ်ထားသည်။ ထိုစကားသည် အန္တီခရစ်၏ လိမ်ညာမှုအား ဗရိတ်ဓါးသမျှ ထက်မြက်သော လျှာကိုထုတ်ဖော်ပြသခြင်းဖြစ်သည်။ ကောင်းသော စကားဆောက်တည်ဖွယ်ရာထက် စိတ်ညစ်ဖွယ်ရာ အနှုတ်လက္ခဏာအတင်းအဖျင်းစကားဆို တတ်သည်။ မုသာဝါဒဖြင့် ဖွဲ့စည်းထားသောကြောင့် ပြောဆိုသမျှသည် လိမ်ညာခြင်း၊ လှည့်စားခြင်း များသာ ပြောလေ့ရှိသည်။

၅၂:   ဘုရားသခင်နှင့်လူတို့၏ ဖြောင့်မတ်ခြင်းကို ဆာလံဆရာကဒေါဂ၏ဘဝတွင် ပုံဖော် ထားသည်။ အဆောက်အဦးဖြိုဖျက်သည့်နှယ် ဘုရားသခင်ကသူ့ကို တွန်းလှဲဖြိုဖျက်ဦးမည်။ အမြင့် ဆုံးသောတဲတော်နေရာသို့ထားသော်လည်း အမြစ်မှဆွဲနှုတ်ပစ်မည်။ ချီးမြှင့်ခြင်းမခံယူနိုင်သူများ သည်ပစ်ပယ်ခြင်းခံရမည်။

၅၂:.                   ဆာလံဆရာကသူ့အကျင့်လက္ခဏာကို သရုပ်ဖော်ထားသည်။ သူကိုယ်သူ ဘုရားသခင်အိမ်တော်မှ စိမ်းလန်းသောသံလွင်ပင် ဟုဆိုသည်။ စိမ်းလန်းစိုပြေ၍ အသီးများပြွတ်ခိုင် သည်။ သံလွင်ပငက်အကြောင်းကို F.W.Grant ကဤသို့ဆိုသည်

ထိုသံလွင်ပင်တွင် ဘုရားသခင်၏ဝိညာဉ်တော်တည်းဟူသော အဆီပြည့်သည်။ ထာဝရစိမ်း လန်းစိုပြေ၍လတ်ဆက်သည်။ ဘုရားသခင်၏အိမ်တော်ထဲတွင် ဒုစရိုက်ဟူ၍တတောင့်တ နေရာမှမ ရှိ။

ဒါဝိဒ်ကဒေါဂသည် တနေ့ထိုသို့ဆိုးသွမ်းလာမည်ဟု မထင်မှတ်ခဲ့။ ဘုရားသခင်၏ကရုဏာ တော်အားထာဝရကာလပတ်လုံး ခံစားမည်ဟုထင်ခဲ့သည်။

ဘုရားသခင်သည် နောက်ဆုံးကာလတိုင်အောင်ယုံကြည်ခြင်းသစ္စာရှိသူများကို ထင်ရှားစေ သည်။ ထိုသူများနှင့်အတူရှိတော်မူ၍ ပြုသမျှ၌ကောင်းစားကြသည်။

Previous Article
Next Article