ဆာလံကျမ်း ၅၉
ဆာ ၅၉ ငါတို့ကိုတွေ့ဘို့ကြွလာသောရှင်မြတ်ချစ်
ဒါဝိဒ်သည်ရန်သူများက ဝိုင်းရံနေကြသောကြောင့်အသက်မှန်မှန်မရှူရဲ။ ရှောလု၏လူများက ဝိုင်ထားသည်။ အသက်ရှူသံကြားသွားမှာစိုးသောကြောင့် နှာခေါင်းပိတ်ထားရသည်။
၅၉:၁–၄ ဒါဝိဒ်၏ရင်ဖိုသံကြားရသည်။ “ကယ်တော်မူပါ၊ ကယ်မပါ၊ ကယ်ပါ” ဟုရှိုက်သံ နှော၍ပြောနေသည်။ သူ့စကားတွင်အလျင်စလိုသံ၊ အရေးပေါ်သံ၊ သေတော့မည့်အသံမျိုးပါသည်။ မတရားသောသူများက သတ်မည်တကဲကဲလုပ်နေကြသည်။ ဒါဝိဒ်ကိုသတ်ပစ်မည့်အခွင့်အရေး စောင့်နေကြသည်။ ဆာလံဆရာသည်ထိုလူများစွပ်စွဲသည့်အတိုင်း အပြစ်မပြု။ အပြစ်ကျူးလွန်သူ မဟုတ်။ အပြစ်မရှိသော်လည်း ကြည့်မရသဖြင့် တမင်သက်သက်ကြံစည်နေကြသည်။ ထိုအသက်ဘေးရန်မှ ဘုရားသခင်တပါးတည်းကသာလျှင် ကယ်တင်နိုင်မည်။
၅၉:၅ မျက်စိတမှိတ်လျှပ်တပြက်မှ ဣသရေလတို့၏ရန်သူဟူသမျှကို ဘုရားသခင်ကအရေး ယူအပြစ်ပေးကြောင်းမြင်လိုက်ရသဖြင့် ကိုယ့်မျက်စိကိုပင်မယုံနိုင်အောင်ဖြစ်မိသည်။ ဝမ်းသာလုံးစို့ သဖြင့်ဘုရားသခင်၏နာမတော်များကို မြွက်ဆိုလိုက်သည်။ Jehovah,Sabaoth,Elohe Isamel ဟုဆိုသည်။ ထိုသို့ရည်ရွယ်ဆိုခြင်းသည် ဘုရားသခင်နှင့်ဣသရေလ လူမျိုးတို့၏ရင်းနှီးဆက်ဆံရေ: ကိုပြသသည်။
၅၉:၆–၇ ညဉ့်အချိန်တွင် တောခွေးများသည်ရွာနီးချုပ်စပ်၌လှည့်လည်အော်ဟစ်ကြသကဲ့သို့ ရန်သူများအူကြပါစေ။ အော်ကြပါစေ။ မိုးကိုကြည့်၍ငိုကြပါစေ။ လေထဲ၌အချည်းနှီးဖြစ်ကြပါစေ။
၅၉:၈–၉ ဘုရားသခင်ကရန်သူများ၏မိုက်ကန်းမှုကိုတွေ့မြင်ပါစေ။ ရန်သူများအပေါ် အကျွန်ုပ်အနိုင်ရပုံကို ထိုဘုရားရှင်ကကျေနပ်ပါစေ။ ထို ဘုရားရှင်သည် ဒါဝိဒ်၏အစွမ်းသတ္တိ၊ ဒါဝိဒ်မျှော်လင့်ရာဖြစ်ပါစေသော်။
၅၉:၁၀ ဆရာကြီးတပါးကမူ ဤကျမ်းချက်ကိုဤသို့ဆိုထားသည်-
“အကျွန်ုပ်၏ဘုရား၊အကျွန်ုပ်ကိုချစ်မြတ်နိုးသောဘုရားရှင်သည် အကျွန်ုပ်ဆင်းရဲကြပ်တည်း သည့်အခါတိုင်း၌ အကြည့်အရှုကြွလားတော်မူသည်။ “ငြိမ်သက်ချမ်းမြေ့ဘွယ်ကောင်းပါဘိ။ အသက်အရွယ်မရွေး လူတိုင်းနှင့်ကိုက်ညီသည်။ ဘုရားသခင်ကိုသိကျွမ်းသူတိုင်းရန်သူ့ဘေးမှ လုံခြုံကြသည်။
၅၉:၁၁–၁၃ အပိုဒ်ငယ် ၁၁ ပါဆုတောင်းချက်သည်တမူထူးခြားသည်။ ဒါဝိဒ်သည်ဘုရား သခင်အားရန်သူများကို ချက်ခြင်းသုတ်သင်ခုတ်လှဲဖို့ဆုမတောင်းပါ။ ဣသရေလတို့အား သူတို့အ ပြစ်နားလည်အောင်ပြောပြထားပါဟုဆိုသည်။ အရေးယူပေးရန်တောင်းဆိုလျှင်ဘုရားသခင် ငြင်းပယ်မည်မဟုတ်။ ဣသရေလသမိုင်းကြောင်းတလျှောက်တွင် ဣသရေလလူများအား ညှဉ်းပန်း နှိပ်စက်သူများကိုဘုရားသခင်က တရားစီရင်ရာ၌သေဒဏ်ချည်းဖြစ်သည်။ ဘုရားသခင်၏တန်ခိုး တော်ဖြင့် အစုလိုက်အပြုံလိုက်လူအုပ်ကွဲကြပါစေဟုသာဆိုသည်။ မိုက်ရိုင်းသောစကား နှုတ်ကျွံမှုများ အားကိုယ်တိုင်ပြန်ခံစားကြပါစေ။ ကျိန်ဆဲမှုနှင့်လိမ်ညာမှုများကိုလည်း ပယ်ဖျက်ပေးတော်မူပါ။ နောက်ဆုံးဆုတောင်းစကားမှာနေထွက်ရာအရပ်မှနေဝင်ရာအရပ်တိုင်အောင် ဘုရားသခင်က ယာကုပ်၏သားစဉ်မြေးဆက်စောင့်ရှောက်ကြောင်း သိကြပါစေဟုဆိုသည်။
၅၉:၁၄–၁၅ ထိုသို့ဆုတောင်းနေခိုက်လူခွေးများသည်မြို့သို့ပြန်လာ၍ ဆာလံဆရာကိုရှာဖွေ ကြပြန်သည်။ ဝိုင်းအူကြသည်။ ဆူညံစွာဟောင်ကြသည် ။ရှာမတွေ့ကြသောအခါ တဗျစ်တောက်တောက် ဆဲဆိုကြသည်။ တောက်ခေါက်ကြသည်။
၅၉:၁၆–၁၇ လူခွေးများသည်ညဉ့်ဉီးယံတွင်အူကြ၍ ဒါဝိဒ်သည်နံနက်ယံတွင် ဘုရားသခင်ကို ချီးမွမ်းသည်။ ဘုရားသခင်၏ တန်ခိုးတော်နှင့်ကျေးဇူးတော်ကို ထောမနာပြုသည်။ အဘယ်သို့ဆို သော်ရန်သူများလက်ထဲသို့မကျရောက်အောင် လျှို့ဝှက်သိမ်းဆည်းထားသည်။ ရန်စွယ်အပေါင်းမှ ကာကွယ်ပေးသည်။ နံနက်မိုးလင်းယံရောက်သောအခါ နေလာနှင်းပျောက်သည့်နှယ်ရန်သူများ ပျောက်လွှင့်ကုန်သည်။ ယေရှဲ၏သားသည်ကယ်တင်ရှင်သခင်၏ တန်ခိုးနှင့်ချစ်ခြင်းမေတ္တာ အကြောင်းကိုမကုန်နိုင်မခမ်းနိုင် တေးဖွဲ့သီဆိုသည်။