တရားသူကြီးမှတ်စာ ၁၂

၄။ ယေဖသက ဧဖရိမ်လူများအားသတ်ဖြတ်ခြင်း (၁၂:)

          ၁၂: ယေဖသ၏အောင်နိုင်မှုကို ဧဖရိမ်လူတို့က မနာလိုဖြစ်နေကြသည်။ ဧဖရိမ်အမျိုးကို စစ်ကူမခေါ်ဘဲ အမ္မုန်တိုက်ခိုက်သိမ်းပိုက်မှုအား အပြစ်ရှာကြသည်။ အမ္မုန်တို့ ဒဏ်ရာဒဏ်ချက်အောက်တွင် ပိပြားနေကြစဉ် အကူအညီတောင်းခဲ့တုန်းက အကူအညီမပေး လက်ပိုက်ကြည့်နေကြသောကြောင့် ယခုတစ်ကြိမ်တွင်လည်း ဧဖရိမ်တို့အား စစ်ကူမခေါ်ဟု ယေဖသဆိုသည်။ ဧဖရိမ်လူတို့သည် ဂိလဒ်အမျိုးအား အမျိုးမစစ်သူဟု စော်ကားခဲ့သည် (စင်စစ် ဧဖရိမ်အမျိုးပြဿနာရှာခြင်းဖြစ်သည်။ ဂိဒေါင်က မိဒျန်တို့အား အနိုင်ယူစဉ်တွင်လည်း ပြဿနာမီးမွှေးခဲ့ကြဖူးသည် (အခန်း ၈)။ ယခုအကြောင်းမရှိ အကြောင်းရှာ၍ ယေဖသကို ပြဿနာလုပ်ကြပြန်သည်)။

၁၂: ယေဖသဦးဆောင်သော ဂိလဒ်လူတို့ကလည်း ဧဖရိမ်လူတို့ကို ပြန်လည်တိုက်ခိုက်သည်။ ထွက်မပြေးနိုင်အောင် ဧဖရိမ်တို့ ဆုတ်ခွာမည့်လမ်း ယော်ဒန်မြစ်ကမ်းနင်းကြမ်းကိုလည်း ပိတ်ဆို့ ဖြတ်တောက်ထားသည်။ ယော်ဒန်မြစ်ကိုကူးခွင့်အတွက် ဂိလဒ်တို့က စကားဝှက်သုံးထားသည်။ ဧဖရိမ်လူမှန်လျှင် ရှိဗောလက်ဟူသော စကားလုံးကို ပီသစွာမပြောတတ်ကြ။ ထို့ကြောင့် ဧဖရိမ်လူနှင့် အခြားလူများ ခွဲခြားသိရှိနိုင်ရန် ယော်ဒန်မြစ်ကူးမည့်သူဟူသမျှကိုဂေလဒတို့က ရှိဗောလက်ဟူသော စကားလုံးပြောခိုင်းသည်။ ရှိဗောလက်၏ အဓိပ္ပါယ်မှာ ‘ချောင်းစုန်’ ဖြစ်သည်။ ထိုသို့ဖြင့် ရှိဗောလက်ဟု လေယူလေသိမ်းပီသစွာ မပြောတတ်သော ဧဖရိမ်လူများကို သတ်ဖြတ်ရာ လူပေါင်းလေးသောင်းနှစ်ထောင်ရှိသည်။ ကြောက်ရွံ့ ထိတ်လန့်ဖွယ် ဖြစ်သည်။

ဘုရားသခင်က မိမိလူများအချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုကို အော့နှလုံးနာသည်။ ဧဖရိမ်တို့သွေးသည် အမ္မုန်လူသွေးများနှင့် သွေးချောင်းစီးနေပြီ။ တရားသူကြီးများထွန်းတောက်သော နေ့ရက်များတွင် သွေးချောင်းစီးသော နေ့ရက်များလည်းရှိခဲ့သည်။ ထိုအကြောင်းကို Ridout က ဤသို့ဆိုသည်။

တဆင့်စကားယုံမှားကြ၍ ညီအကို အချင်းချင်းအပေါ် ဓားလှံဆွဲလျက် တိုက်ခိုက် သတ်ဖြတ် သွေးချောင်းစီးခြင်းသည် သမ္မာတရားအတွက် ပဟေဠိမေးခွန်းကြီးဖြစ်သည်။၁၁

၁၂: ယေဖသသည် စစ်သူကြီး၊ တရားသူကြီးဘဝဖြင့် ()နှစ်ကြာ စိုးစံပြီးနောက် ကွယ်လွန်သွားသည်။ အလောင်းကို ဂိလဒဒေသတွင် မြှုပ်နှံကြသည်။ ဟေဗြဲ ၁၁:၃၂ တွင် ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်တို့နှင့် တန်းတူဖော်ပြထားသည်။ ဤလူများသည် ကိုယ်စီအပြစ်ထင်ရှားကြသူများဖြစ်သော်လည်း တစ်ချိန်တစ်ခါ တစ်ကွေ့တွင် မိမိလူမျိုးအတွက် စံပြနမူနာ သူရဲကောင်းများဖြစ်ကြသည်။

() ဣဗဇန်၊ ဧလုန်နှင့်အာဗဒုန် (၁၂:၁၅)

          ၁၂:၁၁ ဣသရေလတို့၏ တရားသူကြီး ဣဗဇန်သည် ဗက်သလင်ဇာတိ ဖြစ်၍၊ သား(၃၀)ထွန်းကားသည်။ သူ့မိန်းမများသည် အရပ်တကာမှ ဖြစ်ကြ၍ အခြားမျိုးနွယ်စုမှ ဖြစ်သည်။ ()နှစ်ကြာ အုပ်စိုးသည်။

၁၂:၁၁၁၂ ဧလုန်သည် ဇာဗုလုန်အမျိုးဖြစ်သည်။ (၁၀)နှစ်ကြာ တရားသူကြီး လုပ်ခဲ့သည်။ ကွယ်လွန်သောအခါ အာဇလုန်၌ သင်္ဂြိုဟ်ကြသည်။

၁၂:၁၃၁၅ အာဗဒုန်သည် ပိရသုန်မြို့သား ဟိလေလ၏ ရင်သွေးဖြစ်သည်။ ပိရသုန်သည် ဧဖရိမ်တို့ ပိုင်မြေ အာမလက်တောင်ကုန်းဒေသတွင် ရှိသည်။ ဣသရေလအမျိုးကို ()နှစ်ကြာ အုပ်ချုပ်သည်။ မှတ်သားဖွယ်ရာ အချက်မှာ သား(၄၀)၊ မြေး(၃၀) ထွန်းကားခဲ့သည်။

Previous Article
Next Article