တရားဟောရာကျမ်း ၈

() အတိတ်သင်ခန်းစာ (:၁၁:)

အခန်းကြီး ၈နှင့် ကို J.A Thompson က ဤသို့ထောက်ပြသည်။ အတိတ်က အရေးကြီးသော သင်ခန်းစာ()ခု ပြန်ညွှန်းချင်သည်။ ပထမအချက်မှာ ကန္တာရတောတလျှောက်မှာ ဣသရေလတို့ ခိုကိုးရာမဲ့ဖြစ်နေကြချိန်တွင် ဘုရားသခင်က အောက်ကျို့နှိမ့်ချခြင်းရှိဖို့၊ စည်းစနစ်တကျ နေ၍ ဘုရားရှင်ကို ဝန်ခံဖို့သွန်သင်ခဲ့သည်။ ထိုကဲ့သို့ပင် ပျားရည်နှင့် နို့စီးဆင်းရာ ကတိတော်မြေတွင်လည်း ဖြတ်သန်းလာခဲ့သော အတိတ်လွင်ပြင်ကို အောက်မေ့သတိရ၍ လုံခြုံကြွယ်ဝစွာ ရှိနေစချင်သည် (:၂၀) ဒုတိယအချက်မှာ လာမည့်ကာလတွင် ရန်သူများအပေါ် အောင်ပွဲဆင်သောအခါ ထောင်လွှားဝါကြွားခြင်းအလံလွှင့်ထူစရာမဟုတ်။ တလွဲဆံပင်ကောင်းဖို့မဟုတ် (:) ထိုအဖြစ်အပျက်မျိုး ရွှေနွားရုပ်ပြုလုပ်ကိုးကွယ်ခြင်း (:၂၁)နှင့် အခြားအမှုအရာများ (:၂၂၂၉)ပြုလုပ်ခဲ့ကြသည်။ ဣသရေလတို့သည် တစောက်ကန်းခေါင်းမာသူများနှင့်ပုန်ကန်ခြားနားသော အကျင့်စရိုက်ရှိကြသည်။

: တဖန်မောရှေက ဣသရေလလူတို့အား ဘုရားသခင်၏ စကားတော်များကို နာခံလေးစားဖို့၊ ချစ်ကြောက်ရိုသေဖို့၊ ဆုံးမတော်မူချက်များကို နှလုံးသွင်းဖို့၊ ဆုံးမဩဝါဒပေးသည်။ ဘုရားရှင်သည် ဣသရေလတို့၏ နှိမ့်ချမှုနာခံမှုကို ဆန်းစစ်လေ့ရှိသည်။ အခြားတစ်ဘက်တွင်လည်း ကျွေးမွေးစောင့်ရှောက်သည်။ ကောင်းကင်ယံမှ မန္နမုန့်ချကြွေးသည်။ အဝတ်အစားမဟောင်းနွမ်း၊ ခြေကိုလည်း မပွန်းပဲ့အောင် အနှစ်လေးဆယ်လုံးလုံး စောင့်ရှောက်လာခဲ့သည်။

ဘုရားသခင်သည် ဣသရေလတို့၏ စိတ်နေသဘောထားကို သိရှိသည်။ ကန္တာရတော ထဲတွင် ဆန်စစ်ခြင်းဖြင့် သင်ခန်းစာပေးသွန်သင်သည်(ငယ်၂)သာမက ပုန်ကန်ထောင်လွှားတတ်သော ညာဉ်ဆိုးကို ပို၍ ကျေးဇူးတော်နှင့်ကရုဏာတော်သက်မိပါသည်။ သို့ကြောင့် ဘုရားသခင်အား ချစ်ကြောက် ရိုသေကြရန် ဆုံးမထားသည်။

:၂၀ မောရှေသည် အတိတ်က အတွေ့အကြုံများကို ပြန်လည်စားမြုံ့ပြန်ခြင်းသာမက၊ အနာဂတ်လုပ်ဆောင်ရမည့်အချက်များကိုလည်း ထောက်ပြသည်(ငယ်၆-၇)။ ခါနန်ပြည်၌ ကောင်းကြီးမင်္ဂလာ ခံစားကြရမည့်အကြောင်း အသေးစိတ်ကို (ငယ်၇-၉)တွင် ရှင်းပြထားသည်။ ကြွယ်ဝချမ်းသာခြင်းသည် ဘုရားရှင်ကို မေ့လျော့စေတတ်သကဲ့သို့ ဘုရားတရား မေ့လျော့ခြင်းသည် မနာခံခြင်း ဖြစ်စေရသည်။ သို့ကြောင့် ကြွယ်ဝချမ်းသာခြင်းသည် လူကိုပျောက်ဆုံးစေနိုင်သည်(ငယ်၁၀-၂၀)။ ဘုရားသခင်အား ယုံကြည်သစ္စာရှိခြင်းသည် ဣသရေလတို့၏ ကောင်းစားရာဖြစ်သည်။ ဘုရားရှင်သည် ဣသရေလတို့၏ ဘိုးဘေးများနှင့် ပြုတော်မူသော ကတိတော်သစ္စာတည်သည် (ငယ်၁၈)။ ထိုကဲ့သို့ပင် ဣသရေလလူများကလည်း ဘိုးဘေးတို့ ခံစားခဲ့ရသော ကတိတော်ကို စောင့်ထိန်းစေချင်သည်(ထွ ၁၉:၈)။ အကယ်၍ ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်ကို မေ့လျော့ ပစ်ပယ်ကြလျှင် စည်းစိမ်ဥစ္စာကြွယ်ဝခြင်း၌ ယစ်မူးနေကြလျှင် တပါးအမျိုးသား ခါနန်ပြည်သားများ ဖျက်ဆီးသကဲ့သို့ ဣသရေလလူမျိုးကို ဒုက္ခရောက်စေသည်။

Previous Article
Next Article