တောလည်ရာကျမ်း ၃၂

() ရုဗင်၊ ဂဒ်တို့ကတစ်ဝက် မနာရှေအမျိုးက တစ်ဝက်အမွေဆက်ခံခြင်း (အခန်း ၃၂)

       ၃၂:၁၅ ရုဗင်နှင့် ဂဒ်လူမျိုးတို့သည် ယော်ဒန်မြစ်ကမ်းလွင်ပြင်ကို တွေ့မြင်ကြသောအခါ ထိုအရပ်ဒေသ၌ နေရစ်ခဲ့ချင်ကြသည် (ငယ် ၁-၅)။ ထိုသို့ စိတ်ကူးခြင်းသည် ညီအစ်ကိုများနှင့်အတူ လက်တွဲ၍ ယော်ဒန်မြစ်ကူးကာ၊ ခါနန်သားများတိုက်ခိုက်လိုစိတ်မရှိကြ။ ညီအစ်ကိုသွေးဝမ်းကွဲချင်စိတ် ရှိသူများဟု မောရှေက ယူဆသည် (ငယ် ၆-၁၅)။ ညီအစ်ကိုများကို စိတ်ဓာတ်ပျက်ပြားစေသူများ ဖြစ်သည်။ ပြည်တော်သို့ ဝင်ဖို့ သင်တို့အဘများကို ဘုရားသခင်က ကာဒေရှအရပ်တိုင်အောင် ပို့ဆောင်ခဲ့သည် မဟုတ်လားဟု ဆိုသည်။

၃၂:၁၆၄၂ ရုဗင်နှင့်ဂဒ်သည် (၃)ကြိမ်တိုင်အောင် မောရှေအား နားပူနားဆာလုပ်ကြပြီးနောက် ယော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ ရန်သူများကို တိုက်ကူဖို့သဘောတူကြသည် (ငယ် ၁၆-၃၂)။ မောရှေကလည်း အာမောရိအမျိုး ရှိဟုန်မင်း၏ ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်း၏ ပြည်အား ယောသပ်၏သား မနာရှေအမျိုးသို့ တစ်ဝက်၊ ရုဗင်နှင့် ဂဒ်အမျိုးသို့တစ်ဝက် အပိုင်စားပေးမည့်အကြောင်း ကတိပေးလိုက်သည်။ သို့ဖြင့် ရုဗင်နှင့် ဂဒ်အမျိုးသည် ထိုနေရာတွင် မြို့ပြပြည်ရွာ အခိုင်အမာတည်ဆောက်လျက် မိသားစုကို ထားပစ်ခဲ့ကြသည် (ငယ် ၃၃-၄၂)။

လူများစုက ရုဗင်နှင့်ဂဒ်သည် အမြော်အမြင်မပြည့်စုံသူများဟု သတ်မှတ်ကြသည်။ ထိုအရပ်ဒေသသည် မြေဆီမြေနှစ်ကောင်းမွန်သော်လည်း ရန်သူတံခါးဝ၌ ရှိနေသောကြောင့် ရတက်မအေးနိုင်ကြ။ ယော်ဒန်မြစ်၏  သဘာဝအတားအဆီးအကွယ်အကာမရကြ။ ရုဗင်နှင့် ဂဒ်လူမျိုးအပါအဝင် ထိုသူများနှင့် ပေါင်းစပ်သော မနာရှေအမျိုး တစ်ချို့တစ်ဝက်သည် နောင်တွင် တိုက်ခိုက်ဖမ်းဆီးခြင်း၊ ဦးစွာခံကြရသည်။ တစ်နည်းအားဖြင့် ထိုအရပ်ဒေသ၌ ဣသ​ေ၇လလူများ အတည်တကျ နေထိုင်နိုင်ကြပါသလား။ ဘုရားသခင်က ဣသရေလ လူမျိုးအတွက် ကတိတော်မြ သတ်မှတ်ပေးပြီးသားဖြစ်သည်။ (တရား ၂:၂၄-၃၁၊ ၃:၂)။

Previous Article
Next Article