တောလည်ရာကျမ်း ၆

() နာဇရိသစ္စာ (အခန်း )

       : နာဇရိ ဟူသော စကားလုံး၏ ဇစ်မြစ်သည် သီးသန့်ဟု အနက်အဓိပ္ပါယ်ရသည်။ နာဇရိသစ္စာသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ မိမိသဘောဆန္ဒအတိုင်း ပြုနိုင်သည်။ အချိန်ကာလ အပိုင်းအခြားအပေါ် သီးသန့်နေဖို့ သစ္စာပြုခြင်းဖြစ်သည်။ Mishna က ထိုအဓိဌာန်ကို ရက်ပေါင်း (၁၀၀)ကြာထိ ပြုနိုင်သည်ဟု ဆိုသည်။ သို့သော် များသောအားဖြင့် ရက်ပေါင်း(၃၀)ထိသာ ကြာညောင်း ကြသည်။ ထိုသို့ အဓိဌာန်ဝင်ရာ၌ ကျော်ကြားသူများမှာ ရှမွေလ၊ ရှံဆုန်၊ ဗတ္တိဇံယောဟန်တို့ရှိသည်။ အဓိဌာန်ဝင်ရာတွင် အချက်(၃)ချက် ပါဝင်သည် (၁)အစားအသောက်ရှောင်ကြဉ်ရသည်။ စပျစ်သီး၊ အဖျော်ရည်၊ ဝိုင်၊ စပျစ်ရည် မစားမသောက်ရ (ငယ် ၂-၄)။ (၂) ဆံပင်မညှပ်ရ (ငယ် ၅)။ (၃) လူသေလောင်းနားသို့ မသီရ (ငယ် ၆-၈)။

ဝိုင်ဆိုသည်မှာ ပျော်ရွှင်ခြင်း၊ ဆံပင်ရှည်သည့်ယောက်ျားများ အတွက် ရှက်စရာ၊ လူသေလောင်းသည် ညစ်ညမ်းခြင်းကို သရုပ်ဆောင်သည်။

ယနေ့ခေတ်ကာလတွင် ထိုသို့အဓိဌာန်ဝင်ခြင်းအကျင့်ရှိသည်။ လူ့လောကပျော်ရွှင်ခြင်းမှ ခပ်ဝေးဝေးနေသည်။ ခွန်အားလျော့နည်းလာသည်။ အပေါင်းအသင်း မိတ်ဆွေများကိုလည်း ငြီးငွေ့လာသည်။ မုန်းတီးလာသည်။ (လု ၁၄း၂၆ကိုကြည့်)

:၁၂ ဤကျမ်းချက်၌ မတော်တဆ လူသေကောင်နှင့် ထိပါးမိလျှင် မည်ကဲ့သို့ လုပ်ရမည့်အကြောင်း ရှင်းပြထားသည်။ ပထမဦးစွာ တော ၁၉တွင်ရှင်းပြသည့်အတိုင်း ()ရက်လုံးလုံး စင်ကြယ်ခြင်းပြုလုပ်ရသည်။ သတ္တမရက်နေ့မြောက်တွင် ကတုံးရိတ်ပြီး နောက်တစ်နေ့တွင် ခိုနှစ်ကောင်(သို့) ချိုးနှစ်ကောင် ယဇ်ပူဇော်ရသည်။ ပထမတစ်ကောင်သည် အပြစ်ဖြေပူဇော်သက္ကာဖြစ်၍ အခြားတစ်ကောင်သည် မီးရှို့ရာ ယဇ်ပူဇော်သက္ကာဖြစ်သည်။ ဒုစရိုက်ယဇ်ပူဇော်သက္ကာဆိတ်ထီးတစ်ကောင် ပူဇော်ရသည်။ ထိုသို့ ယဇ်ပူဇော်ရသော်လည်း ကုန်လွန်ခဲ့သော အဓိဌာန်ရက်များကို ဆက်လက်ရေတွက်၍ မရ။ အသစ်ပြန်စရသည်။ ပုံစံအားဖြင့် ယုံကြည်သူတစ်ဦး ဖောက်ပြန်သွားလျှင် ပြန်လည်နလံထနိုင်ပါသည်။ သို့သော်လည်း ဖောက်ပြန်သော ကာလနေ့ရက်များတွင် ဘုရားသခင်နှင့် မဿဟာယဖွဲ့ခွင့်မရှိ။

:၁၃၂၁ အဓိဌာန်ပြုသူသည် အဓိဌာန်စခန်းသိမ်းမည်ဆိုလျှင် (၄)မျိုး ပူဇော်သက္ကာပြုရသည် မီးရှို့၊ အပြစ်၊ မဿဟာယ၊ ဘောဇဉ်ယဇ်ပူဇော်ရသည် (ငယ် ၁၄-၁၅)။ အဓိဌာန်ဝင်သူသည် ဆံပင်ညှပ်၍ ဆံပင်ကို မီးရှို့ပစ်ရသည်။ မိဿဟာယယဇ်အဖြစ် ပူဇော်ရသည် (၁၈)။ ယဇ်ပုရောဟိတ် လုပ်ရမည့်တာဝန်ဝတ္တရားများကို ငယ် ၁၆၊၁၇၊၁၉ နှင့် ၂၀တွင် ရှင်းပြထားသည်။ အပိုဒ်ငယ် ၂၁သည် အလိုအလျောက် ပူဇော်သက္ကာပြုခြင်း ဖြစ်၍ နာဇရိအဓိဌာန်တွင် အကြုံးဝင်သည်။

:၂၂၂၇ အခန်းကြီး(၆)ကို အာရုန်နှင့်သားများက ပရိသတ်အား ကောင်းကြီးပေးခြင်းဖြင့် အဆုံးသတ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ဧဝံဂေလိဆရာကြီး D.L.Moody က ဤသို့ရှင်းပြသည်။

ကောင်းကြီးမင်္ဂလာပေးခြင်းသည် ကမ္ဘာတစ်ဝှမ်းသို့ တစ်ချိန်တည်း တပြိုင်တည်း သက်ရောက်နိုင်သည်။ လေလွင့်လျော့ပါးခြင်းမရှိ၊ အပြည့်အဝ ခံစားနိုင်ကြသည်။ စိတ်နှလုံးရှိသူတိုင်းက ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာဟု ခံယူကြသည်။ လူတိုင်း ထိုသို့ဖြစ်သင့်သည်။ နေ့စဉ်အသက်တာတွင် ထိုသို့ အစပြုသင့်သည်။ ညအိပ်ယာဝင်တိုင်း ထိုသို့ စင်ကြယ်သင့်သည်။ ကောင်းကြီးမင်္ဂလာကို အစဉ်စောင့်ထိန်းရသည်။ တောက်ပစေရသည်။ မရှိဆင်းရဲ လောကသားများပေါ်သို့ ကောင်းကင်သားများ ထံမှလာသောစကားဖြစ်သည်။ အဘဘုရားသခင်ကိုယ်တော်တိုင် ဂီတသံချိုလွင်နှင့်အတူပေးလိုက်ခြင်းဖြစ်သည်။

Previous Article
Next Article