ဒံယေလအနာဂတ္တိကျမ်း ၄

၄။ နေဗုခပ်နေဇာ၏ အိပ်မက်သစ်ပင်ပြိုလဲခြင်းနှင့် အဓိပ္ပါယ် (အခန်း၄)

၄:၁-၉ ဤနေရာတွင် နေဗုခပ်နေဇာမင်းကြီးက အမြင့်ဆုံးသော ဘုရားသခင်၏ ကြီးမြတ်ပုံသူ့ဘဝတွင် ပြောင်းလဲခြင်းအသက်တာသို့ခေါ်ဆောင်သွားပုံတို့ကို (ငယ် ၁-၃) သက်သေခံသည်။ နန်းတွင်းပညာရှိ၊ အခါပေးများကသူ့အိပ်မက်ကို မပြန်ဆိုပေးနိုင်ကြသဖြင့် ဒံယေလအားဆ့ခေါ်ပြီး အိပ်မက်ကိုလည်း အနက်ဖော်ခိုင်းသည်။

၄:၁၀- ၁၅ ဘုရင်မင်းကြီးက အလွန်လှပတင့်တယ်၍ အသီးအပွင့်ဝေဆာသော မျက်စိပသာဒရသော သစ်ပင်ကြီးတပင် မြင်မက်သည်။ ထိုစဉ်သစ်ပင်သည် မြေကြီးပေါ်တွင် ခိုင်ခံ့စွာ ပေါက်ရောက်လျက် မိုးကောင်းကင်ထိအောင်မြင့်မားသည်။ ထိုစဉ် သစ်ပင်စောင့်တည့်ဟူသော သန့်ရှင်းသူ တစ်ယောက်သည် ကောင်းကင်မှ ဆင်းလာ၍ သစ်ပင်ကိုခုတ်လှဲခိုင်းသည်။ အခက်အလက်အသီးအရွက်တို့ကို ချွေချခိုင်းသည်။ မြေ၌ စွဲသောအမြစ်ကိုသာ ငုတ်တိုကြီးကျန်ရစ်ခဲ့သည်။

၄:၁၆ -၁၈ ထိုသန့်ရှင်းသောသူက ယုတ်မာသောသူကို ချီးမြှောက်၍ နိုင်ငံတော်အပ်ပေးတော်မူသည်ကို သတ္တဝါတို့နားလည်ကြစေ။ ထိုလူသည် လူစိတ်ပျောက်သောကြောင့် (၇)နှစ်ပတ်လုံးတောတိရစ္ဆာန်ကဲ့သို့ ရှိရမည် ဟုဆိုသည်။

၄:၁၉-၂၆ ထိုသစ်ပင်သည် ရှင်ဘုရင်ကြီးဖြစ်ကြောင်း၊ တိုင်းသူပြည်သားများ ကလေးစားကြည်ညိုသည့်အကြောင်းကို သရုပ်ဆောင်ကောင်း ဒံယေလက အိပ်မက်အနက်ဖော်ပေးသည်။ ရာဇပလ္လင်ကို စွန့်ခွာလျက် မြက်ခင်းလယ်တောထဲ၌ အဟိတ်တိရစ္ဆာန်သဖွယ်(၇) နှစ် နေရမည့်အကြောင်း အိပ်မက်ဖော်ပေးသည်။ (ထိုရောဂါမျိုးကို ဆေးပညာအရ  boanthrophy ဟုခေါ်သည်။) သစ်ငုတ်ကျန်ရှိနေခြင်းမှာ နေဗုခပ်နေဇာဘုရင်သည် ထိုမျှဖြင့် ဘဝနိဂုံးမချုပ်သေး။ ဘုရားသခင်သိရှိလာသည့်အခါ ပြန်လည် ထူထောင် ထမြောက်မည့်အကြောင်းဖြစ်သည်။

၄:၂၇-၃၇ ဒံယေလက ဘုရင်ကြီးအားအမြဲတမ်းတိုင်ပင်၍ အကြံဉာဏ်ကောင်းများပေးပါသည်။ တဆယ့်နှစ်လလွန်မြောက်သောအခါ ဘုရင်ကြီးသို့အိပ်မက်ဗျာဒိတ်ပေးသည့်အတိုင်း လက်တွေ့ဖြစ်ပျက်လာသည်။ (၇)နှစ်လုံးလုံး တိရစ္ဆာန်ဘဝသို့ ရောက်၍ မြက်စားရသည်။ (၇)နှစ်ပြည့်လွန်သောအခါအသိတရားပြန်ဝင်၍ ဘုရားသခင်သိရှိသော ကြောင့် အမြင့်ဆုံးသောဘုရားသခင်ထံ၌ ထာဝရနေခွင့်ရသွားသည်။ သို့ဖြင့် နလံပြန်လည်ထူ ထောင်လျက်သူ့နိုင်ငံတော်သည်လည်း သုခမင်္ဂလာတရားနှင့်ပြည့်စုံသည်။

Previous Article
Next Article