ဓမ္မရာဇဝင်စတုတ္ထစောင် ၁၃

() ဣသရေလဘုရင် ယောခတ် (၁၃:)

ယောဟု၏ သား ယောခတ် သည် ဘီစီ ၈၁၄/၁၃၇၉၈ ထိ နှစ်ပေါင်း (၁၇) နှစ်ကြာ ဣသရေလဘုရင်အဖြစ် စိုးစံခဲ့သည်။

၁၃:  ယောခတ်မင်းသည် ယေရောဗောင်မင်း ကဲ့သို့ပင် ယေဟောဝါဘုရားနှင့် အာရှရပင် ရောနှောကိုးကွယ်စေသည် (ငယ် ၆)။ ထို့ကြောင့် ဣသရေလလူများကို ရှုရိလူများဖြင့် ဘုရားသခင်က အပြစ်ဒဏ်ပေး အရေးယူသည်။ ယောခတ်မင်းက ဘုရားသခင်အား တောင်းပန်သောကြောင့် မြင်းစီးစစ်သည်တော် ၅၀ နှင့် မြင်းရထား ဆယ်စင်း၊ ခြေလျင်စစ်သည် တစ်သောင်းကိုသာ လက်ကျန်ထား ခွင့်ပြုသည်။ ရှုရိလူများလက်ထဲမှ ဘုရားသခင်က ကယ်နုတ်ထားခြင်း ဖြစ်သည်။ ဣသရေလများအား ကယ်ထုတ်ပေးသူမှာ အာရှုရိဘုရင် တတိယမြောက် အဒဒ်နာနီမင်း ဟုဆိုသည်။ အချို့က ဧလိရှဲဖြစ်သည် ဟု ယူဆကြသည်။ အချို့ကမူ အပိုဒ်ငယ် (၅) သည် အငယ် ၂၅ ရှိ ယဟောရှမင်း သို့မဟုတ် ၁၄:၂၆-၂၇ တွင် ပါရှိသည့် ဒုတိယယေရောဗောင်မင်း ဟုဆိုကြသည်။ အပိုဒ်ငယ် ၂၃ တွင် ဘုရားသခင်က ယောခတ်မင်း ၏ ဆုတောင်းခြင်း လက်ခံရသည့် အကြောင်းရင်း ရှင်းပြထားသည်။ အဘယ်ကြောင့်ဆိုသော် အာဗြဟံ၊ ဣဇက်၊ ယာကုပ် သို့ပြုထားသော ကတိတော်ကို ငဲ့ညှာခြင်းဖြစ်သည် ဟု ဆိုသည်။

အပိုဒ်ငယ် ၅ နှင့် ၆ သည် စကားညှပ်ဖြစ်သည်။ ဣသရေလတို့သည် ယေရောဗောင်မင်း ပြုသော ဒုစရိုက်ကြောင့် ရာစုနှစ်ချီ၍ အပြစ်ဒုစရိုက်ထဲမှာ နွံနစ်ဒုက္ခခံခဲ့ရသည်။ ယောခတ်မင်း၏ ဝန်ချတောင်းပန် ခြင်းကို ဘုရားသခင်က နားညောင်း၍ ကယ်တင်ရှင် လွတ်ပေးသည်။ ယေရောဗောင်ပြုသော ဒုစရိုက်ကို မရှောင်ကြည်ကြသော်လည်း ဘုရားသခင်သည် ဣသရေလများနှင့် အတူရှိတော်မူသည်။

 

() ဣသရေလဘုရင် ယောရှ (၁၃:၁၀၁၃)

ယောခတ်၏သား ယဟောရှ သို့ ယောရှ (Jehoash or Joash ) သည် ဘီစီ ၇၉၈၇၈၂ ထိ (၁၆) နှစ်ကြာ  ဣသရေလဘုရင် အဖြစ် စိုးစံသည်။ (၆ရာ ၁၃:၁၀-၁၄:၁၆ နှင့် ယှဉ်ဖတ်ပါ)။

၁၃:၁၀၁၃  ယုဒဘုရင်နှင့် နာမည်တူသော ဣသရေလဘုရင် ယောရှသည်လည်း ယုဒဘုရင်နှင့် ခေတ်ပြိုင်နန်းတက်သည်။ ယောရှမင်းသည်လည်း နေဗက်၏သား ယေရောဗောင်မင်း၏ ခြေရာနင်း၍ ဆိုးယုတ်သည်။ ဤကျမ်းချက်တွင် ယောရှမင်း၏ နန်းစံကာလကို မှတ်တမ်းတင်ခြင်းသာ တွေ့ရသည်။ ဘုရင်ဖြစ်လာသည်။ ဘုရားသခင်၏ ဆန့်ကျင်ဘက်တွင် ရှိသည်။ ပြီးတော့ သေသည်။ ထိုမျှသာရှိသည်။ သူနှင့် ပတ်သက်သော ယုဒရှင်ဘုရင် အာမဇိ (Amaziah) အကြောင်းကို ၁၄:၇-၁ တွင် တွေ့ရမည်။

() ဧလိရှဲ၏ အမှုတော်ပြီးဆုံးခြင်း (၁၃:၁၄၂၅)

၁၃:၁၄၁၉  အပိုဒ်ငယ် ၁၄-၂၅ သည် ယောရှမင်း လက်ထက်၌ ဧလိရှဲသေဆုံးမည့် အကြောင်း ပရောဖက်ပြုချက်များဖြစ်သည်။ ဧလိရှဲသေခါနီးတွင် ယောရှမင်း သွားရောက်ကြည့်ရှုပြီး ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမင်းပါတကားဟု ငိုကြွေးသည်။ ဆိုလိုသည်မှာ ဧလိရှဲသည် ဣသရေလတို့၏ ယုံကြည်ရာနှင့် အကောင်းဆုံးအကွယ်အကာ ဖြစ်သည်။ ထိုစကားများကို ဧလိယအား  နှုတ်ဆက်စဉ် ဧလိရှဲက ဆိုခဲ့သည် (၂:၁၂)။ ဧလိရှဲကွယ်လွန်ခြင်းသည် ဣသရေလလူမျိုး၏ ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။ အိပ်ယာထဲမှာ ဧလိရှဲက ယောရှမင်းအား အရှေ့ဘက် အရပ်သို့ မြားတစင်းပစ်ခိုင်းသည်။ နောက်ကြမ်းပြင် ပေါ်သို့ ရိုက်ချခိုင်းသည်။ အရှေ့အရပ်သို့ မြှားပစ်ခိုင်းခြင်းမှာ ယော်ဒန်မြစ် အရှေ့ဘက်ရှိ ရှုရိလူများအား အောင်မြင်မည့် နိမိတ်လက္ခဏာ ဖြစ်သည်။ ကြမ်းပြင်အား ရိုက်ခိုင်းရာ ယောရှမင်းက (၃)ကြိမ် ရိုက်သဖြင့် သုံးကြိမ်သာနိုင်မည်။ ငါးခါခြောက်ခါရိုက်လျှင် တသက်လုံးနိုင်မည်ဟု ဆိုသည်။ သို့သော်လည်း ဘုရားသခင်၏ စကားတော် နာခံဖို့ လိုသည်ဟု မှာသည်။ ယောရှမင်း၏ လုပ်ဆောင်မှုများသည် အနာဂတ် လမ်းညွှန်ချက် ဖြစ်သည်။ ဧလိရှဲကွယ်လွန်ခြင်းသည် မြောက်ပိုင်းနိုင်ငံ၏ ကံကြမ္မာ ပြိုလဲပျက်စီး ခြင်းဖြစ်သည်။

၁၃:၂၀၂၁  ဧလိရှဲကွယ်လွန်ပြီးအခါလည်သော နွေဦးကာလတွင် မောဘလူများက ဣသရေလပြည်ကို ကျူးကျော်တိုက် ခိုက်လာကြသည်။ ဣသရေလ လူများသည် အလောင်းတလောင်းအား သင်္ဂြိုဟ်စဉ် မောဘကျူးကျော်တပ်များ ဝင်လာ၍ ထိုအလောင်းကောင်အား ဧလိရှဲ၏ အုတ်ဂူဟောင်းထဲသို့ ပစ်ချကြသည်။ ထိုလူသေကောင်သည် ဧလိရှဲ၏ အရိုးစုနှင့် ထိတွေ့သောအခါ အသက်ပြန်ရှင်ပြီး မတ်တပ်ရပ် နေသည်။

၁၃:၂၂၂၅  ဤကျမ်းချက်တွင် ဧလိရှဲ၏  နှောင်းပိုင်းဘဝ အနှစ်ငါးဆယ်၊ ယေဟုအား ဘီစီ ၈၄၁ ခုနှစ်တွင် ဘိသိက်ပေးခြင်း (အခန်း ၉) မှ ဘီစီ ၇၉၅ ခုနှစ်တွင် ကွယ်လွန်သည့် အချိန်ထိ ကာလကို ပြန်လည် စားမြုံ့ပြန်ခြင်းဖြစ်သည်။ သူ၏ နောက်ဆုံးပရောဖက် ပြုချက်မှာ သေလုနီးခုတင်ပေါ်မှ စစ်အောင်မြင်မည့် အကြောင်း (အငယ် ၂၇)ဖြစ်သည်။ နောက်ဆုံး အံ့ဖွယ်နိမိတ်လက္ခဏာမှာ သူသေလွန်ပြီးမှ အရိုးစုက ပြန်လည် ထမြောက်စေခြင်း (အငယ် ၂) ဖြစ်သည်။ ဧလိရှဲ၏ ပရောဖက်ပြုချက်များသည် ပြည့်စုံခဲ့သည်။ ယောရှမြို့ကြီးများ . ဟာဇေလက ဣသရေလများ လက်ထဲမှ ပြန်လည်နှုတ်ယူခြင်းများ ပြည့်စုံခဲ့သည်။

Previous Article
Next Article