ဓမ္မရာဇဝင် ဒုတိယစောင် ၂၂
(ခ) ဒါဝိဒ်၏ ဆာလံချီးမွမ်းသီချင်း (အခန်း ၂၂)
၂၂:၁–၅၁ ရန်သူများလက်မှ ကယ်နှုတ်ပုံနှင့် ကောင်းကြီးမင်္ဂလာကြွယ်ဝစ္စာ သွန်းလောင်းပုံများကို ကဗျာဖွဲ့ဆိုထားသည်။ ရာဇပလ္လင်နန်းစံချိန်တွင် ဒါဝိဒ်မင်းကိုယ်တိုင် ကလောင်ကိုင်၍ သီဖွဲ့ခြင်းဖြစ်သည်။ ရှောလုခေတ်ကုန်လွန်သွားပြီ။ ဣသရေလ ရန်လည်း ချုပ်ငြိမ်းကုန်ပြီ။ ဣသရေလတနိုင်ငံလုံး စည်းလုံးခိုင်မာလာကြပြီ။ ဤတေးကဗျာ ဆာလံသီချင်း စာသားများကို ဆာလံ ၁၈ နှင့် ဓမ္မသစ်ကျမ်းများတွင် ပုံစံအမျိုးမျိုးဖြင့် ထပ်မံတွေ့ရှိရသည်။ အပိုဒ်ငယ် ၃ တွင်ပါရှိသည့် “ငါကိုးစားသော” ဟူသည့် စကားရပ်ကို ဟေဗြဲ ၂:၁၃ နှင့်၎င်း၊ အငယ် ၅၀ကိုရော ၁၅:၉ နှင့်၎င်း ယှဉ်ဖတ်ကြည့်ပါ။
ဒါဝိဒ်၏ မေရှိယသည် ဖွဲဆိုထားသော ဆာလံသီချင်းတွင် အောက်ပါအချက်အလက် တွေ့ရှိနိုင်သည်။
၁။ ဆုတောင်းသံ နားညောင်းအဖြေပေးဖို့ ဘုရားရှင်ချီးမွမ်းခြင်း (ငယ် ၂:၄)
၂။ ကယ်တင်၍ ဘုရားထံတွင် အနိစ္စသေခြင်း ချုပ်ငြိမ်းမှု (ငယ် ၅:၇)
၃။ ရှင်ပြန်ထမြောက်ခြင်းကို ဟန်တားပိတ်ပြင်သော သေရွာငရဲပြည် ရှာဖွေခြင်းကို ဘုရားသခင် မုန်းတီးသည် (ငယ် ၈:၂၀)
၄။ ဘုရားသခင်က မေရှိယသခင်အား သေခြင်းမှ ရှင်ပြန်ထမြောက်စေရသည့်အကြောင်း (ငယ် ၂၁:၃၀)
၅။ မေရှိယသည် ဒုတိယအကြိမ်ကြွလာသောအခါ ရန်သူများ ဖျက်ဆီးမည့်အကြောင်း (ငယ် ၃၁:၄၃)
၆။ မေရှိယသခင်၏ ဘုန်းတန်ခိုးရှိသော နိုင်ငံတော် အသေးစိတ်ကို ဆာလံ ၁၈ အနက်ဖွင့် ကျမ်းတွင် လေ့လာဖတ်ရှုပါ။