မိက္ခာအနာဂတ္တိကျမ်း ၁

၁။ ဣသရေလနှင့်ယုဒများအပေါ် အမျက်တော်ကျရောက်မည့်အကြောင်း(အခန်း၁)

: ထာဝရဘုရားသခင်သည် ကျိန်းဝပ်တော်မူရာ ဗိမာန်တော်ထဲက ကောင်းကြီ:ပေးခဲ့ရာမှ ယခုအခါတွင် ဆန့်ကျင်ရာအရပ်၌နေ၍ အပြစ်စီရင်တော်မူမည့်အကြောင်း တိုင်းသူပြည်သားလူများတို့အား ကျေညာမောင်းခတ်သည်။

          : အထူးသဖြင့်ရှမာရိနှင့် ယေရုရှလင် အားအပြစ်စီရင်မည်.။ အဘယ့်ကြောင့်ဆိုသော် ထိုမြို့များသည်ရုပ်တုဆင်းတုကိုးကွယ်ခြင်း၌ မွေ့လျော်နေကြပြီ။ အပြစ်စီရင်ရာနေ့ရက်ရောက်သောအခါ ရှမာရိတို့သည် မီ:ရှေ့မှာ ဖယောင်းကဲ့သို့၎င်း၊ ချောင်းထဲသို့ဆင်းသော ရေကဲ့သို့၊ တောတောင်တို့သည်အရည်ပျော်၍၎င်း၊ ချိုင့်တို့သည် အက်ကွဲကြသကဲ့သို့ ၎င်း ခံစားကြမည်။ မြို့ရိုးကျောက်တို့ကို ဖြိုပစ်၍ ချိုင့်ထဲသို့ သွန်ပစ်၍ ရုပ်တုဆင်းတုရှိသမျှ တို့ကိုချိုးပစ်မည်။

          : ိက္ခာသည် ဝမ်းနည်းပက်လက် ခြုံးပွဲငိုချမည်။ တောခွေးကဲ့သို့အူ၍ ငှက်ကုလားအုပ်ကဲ့သို့အော်မြည်တမ်းတမည် ။ ထိုဝမ်းနည်းငိုကြွေးခြင်းကို မဖြေဆည့်နိုင်သဖြင့် မိုးသောက်ယံမှသည် ညဉ့်နက်တိုင်အောင် မျက်ရည်ကျနေမည်။

          :၁၀၁၄ အပိုဒ်ငယ် ၁၀ မှ ၁၆ သည် လေးနက်သော မြည်တမ်းစကား ဖြစ်သည်။ အာရှုရိစစ်သည်များ ကျူးကျော် ဝင်ရောက်လာမည့်အကြောင်း ဖြစ်သည်။ ထိုကာလ၌ ဣသရေလနှင့် ယုဒတို့၏ ထင်ရှားသောမြို့ပြကြီးများမှာ ဂါသ၊ ဗေသောဖရာ၊ ရှဖိရ၊ ဖာနာန်၊ ဗေသဇေလ၊ မာရုတ်၊ ယေရုရှလင်၊ လာခိရှ၊ အာခဇိပ်၊ မရေရှနှင့် အဒုလံတို့ ဖြစ်ကြသည်။ အာရှုရိစစ်သည်များသည် ချဉ်းနင်းဝင်ရောက်လာတော့မည်။ ဤကျမ်းပိုဒ်များသည် စကားထာ၊ စကားလိမ်များဖြင့် တန်ဆာဆင်ထားသည်။ Moffatt ကအောက်ပါအတိုင်း အနက်ဖွင့်ဆိုထားသည်။

မျက်ရည်ကျ၍ မျက်ရည်မြို့တော်ဟုခေါ်ကြမည့်(ဂါသ)’

ဖုံထဲသို့ ပြာကျ၍ ပြာပုံမြို့ဟုတွင် ရမည့်(ဗေသောဖရာ)

ကျီလန့်စာစား၍ စိုးရိမ်ရကြမည့် သောကမြို့တော် (ရှိရ)

စိုးရွံ့တုန်လှုပ်ချောက်ခြားနေရမည့် (ဇာနာန်)

ဆောက်တည်ရာမရသော(ဗေသဇေလ)

မျော်လင့်ချက်ကင်းမဲ့သော (မာရုတ်)

မဆွက ကြမ္မာရှိသည့်အတိုင်း မြို့ရိုးတံခါးပြိုလဲ ပျက်စီးမည့် (ယေရုရှလင်)

မြင်းခွာသံတဖျောင်းဖျောင်းဆူညံမည့် (လာခိရှ)

အပြစ်ဒုစရိုက်မွေးထုတ်ပေးရာ ဇိအုန်သမီးများ၏ ဣသရေလအချက်အချာမြေ။

ဇိအုန်သမီးတို့၊ ဂါသမောရေရှကို စွန့်ခွါကြလော့။ဣသရေလမင်းများသည်လည်း အစဉ်နှုတ်ဆွံ့ကြလေပြီ(အာခဇိပ်)

၁:၁၅-၁၆ ကျူးကျော်ဝင်ရောက်သူများက အောင်ပွဲခံကြသဖြင့် စစ်ရှုံးသော ဣသရေလများသည် အဒုလံသို့ သေပြေးရှင်ပြေးထွက်ပြေးကြရမည်။ ဣသရေလတို့သည်သေဆုံးသွားသော သားသမီးများကို ကြေကွဲသတိရကြလျက် ဦးပြည်းခေါင်းတုံးပြောင် အောင်ရိတ်ကြမည်။ သို့ဖြင့် သူတို့နယ်အားလုံးမှ သိမ်းဆည်း ဖမ်းသွားခြင်းခံကြရမည်။

Previous Article
Next Article