မိက္ခာအနာဂတ္တိကျမ်း ၂

၂။ ဖိနှိပ်စက်တတ်သော လူချမ်းသာတို့၏ကံကြမ္မာ(:၁၁)

          : အပြစ်စီရင်ရသည့်အကြောင်းကို ဤကျမ်းပိုဒ်တွင် ရှင်းပြထားသည်။ လူချမ်းသာများသည် သူဆင်းဲများ၏ အိမ်ယာ၊ ပစ္စည်းများကို အပိုင်သိမ်းယူဖို့အမြဲကြံ၍ ကြံစည်သည့် အတိုင်းလုပ်ဆောင်ကြသည်။ စစ်ပြုကျူးကျေ်သူများကလည်း ထိုနည်းတူစွာ ကြံစည်ပြုကျင့်ကြသဖြင့် ထိုလူချမ်းသာများ ၏စည်းစိမ်ဥစ္စာများမှာ သူခိုးလက်မှ သူဝှက်လုခံကြသည့်နှယ် ဖြစ်မည်။ လူချမ်းသာများလက်ထဲတွင် ဘာမျှမကျန်ကြွင်းကြ။

          : လူအပေါင်းက ထိုကဲ့သို့သော နာပျော်ဖွယ်မကောင်းသည့်စကား မပြောရန်မိက္ခာအား တားမြစ်ကြသည်။ မိက္ခာက “ဘုရားသခင်၏ဝိညာဉ်တော်ကို တားမြစ်လိုကြသလော။ ဤအမှုသည်ဘုရားရှင်၏ တရားစီရင်မည့်အကြောင်းဖြစ်သည်။ ကိုယ်တော်၏ စကားတော်သည် လူကောင်းများကို ကောင်းချီးကိုသာ ပေးမည်မဟုတ်လော” ဟု ပြန်ပြောလိုက်သည်။

          :၁၁ ဘုရားလူများသည် အပြစ်ဒုစရိုက်ကျူးလွန်၍  အကျင့်တန်ကြသောကြောင့် ယေဟောဝါဘုရား၏ ရန်သူများနှင့်တူကြလေပြီ။ အဝတ်အစားပစ္စည်းများကို လုယူ၍ မိန်းမနှင့်ကလေး သူငယ်များကို နေအိမ်မှမောင်းထုတ်ကြသည်။ သူတို့နေရာဒေသကို ညစ်ညူးစေသောကြောင့် ဖျက်ဆီးခြင်းခံရကြမည်။ မုသာပရောဖက်များ တိုက်ကျွေးသော (အမျက်တော်) စပျစ်ရည်နှင့်သေရည်ကို အလွယ်တကူခံယူသောက်သုံးကြမည်။

၃။ ပြန်တည်ဆောက်မည့်အကြောင်းကတိ(:၁၂၁၃)

တရားစီရင်ခြင်းပြီ:ဆုံးသောအခါ ကျန်ကြွင်းသော ဣသရေလများကို ဘုရားရှင်တော် ပြန်လည်စုစည်းမည်။ အရပ်ရပ်ကွဲလွင့်နေသူများ ပြန်လည်ခေါ်ယူမည်။ ဘုရားရှင်နှင့်ပေါင်းဖက်ရန် အဟန့်အတားများကို ဘုရားရှင်ကိုယ်တိုင် ဖယ်ရှားမည်။ ကိုယ်တော်နှင့်ပြန်လည် မိတ်သဟာယပြုရမည်။

Previous Article
Next Article