ယေဇကျေလအနာဂတ္တိကျမ်း ၁၀
(စ) ယေရုရှလင်မြို့အား တရားစီရင်ရ် ဘုရားရှင်ဘုန်းတော်၌ ကြွလာခြင်းသရဓပါရုံ (အခန်း၁၀)
အခန်း၁၀သည် အခန်း၂နှင့် ဆက်စပ်သည်။ ရထားပလ္လင်တော်၊ သတ္တဝါလေးပါး (ဤကျမ်းပိုင်းတွင်ခေရုဗိမ်ဟုသုံးနှုန်း)နှင့် ဘုရားဘုန်းတော်တို့ပါရှိသည်။ အခန်း−၁မှာ ပြည်ပရောက်ယုဒလူများသို့ လိပ်မူထားခြင်း ဖြစ်၍ ယခုကျမ်းပိုဒ်က ယေရုရှလင်မှ ပုန်ကန်သူများကို ရည်ရွယ် ပစ်မှတ်ထားသည်။
၁၀:၁−၂ ဘုရားသခင်က ပိတ်အဝတ်ကို ဝတ်သောသူအား ရထားဘီးနှင့် ခေရုဗိမ်ကြားရှိ မီးခဲများကို ယူ၍ ယေရုရှလင်မြို့ပေါ်သို့ ကြဲချစေသည်။ ဆိုလိုသည်မှာ ယေရုရှလင်မြို့ပေါ်သို့ ဘုရားသခင်၏ အမျက်တော်သွန်းလောင်းခြင်း ဖြစ်သည်။
၁၀:၃−၅ ဤကျမ်းပိုဒ်များသည် ၉:၃ ၌ပါရှိသော ဘုရားသခင်၏ ဘုန်းတော်မိုးတိမ် အကြောင်းကိုစကားညှပ်အဖြစ်ထပ်မံဖော်ပြသည်။
၁၀:၆−၁၇ ခေရုဗိမ်နှင့် ရထားပလ္လင်၏ ဘီးများကို မျက်စိထဲမြင်ယောင်လာအောင် ဤကျမ်းပိုဒ်က အသေးစိတ်ရှင်းပြထားသည်။ အငယ် ၁၄ တွင် ခေရုဗိမ်၏မျက်နှာဟု ဖော်ပြရာ ၁:၁၀ အတိုင်းဆိုပါက နွားမျက်နှာနှင့်တူပေမည်။
၁၀:၁၈−၁၉ ဘုန်းတော် မိုးတိမ်တိုက်သည် အိမ်တော်တံခါးခုံမှ ဘုရားသခင်၏ အိမ်တော်ရှေ့တံခါးထိအောင်အနှံ့ လှုပ်ရှားသွားလာ၏။
၁၀:၂၀−၂၂ ခေရုဗိမ်သည် အခန်း(၁) ခေဗာမြစ်ကမ်းနဘေးတွင် ယေဇကျေလ တွေ့မြင်ခဲ့သော သတ္တဝါနှင့်တူညီသည်။
ဤရူပါရုံက ကျွန်ုပ်တို့ကို ဘုရားသခင်၏ ထူးကဲသောဘုန်းတော်၊ ဉာဏ်ပညာတော်နှင့် မြင့်မြတ်ထယ်ဝါမှုတို့မှ သတိတရားကင်းလွတ်မသွားစေဖို့ သွန်သင်ပေး နေပါသည်။