ယေဇကျေလအနာဂတ္တိကျမ်း ၁၇
(ဏ) လင်းယုန်နှစ်ကောင်ပုံဥပမာ (အခန်း ၁၇)
၁၇:၁−၆ ဘုရားသခင်သည် ပရောဖက်ယေဇကျေလအား ဣသရေလအမျိုးသားများသို့ စကားထာဝှက်စေ၏။ ထူးခြားသော အဆင်းအရောင်ရှိ၍ အမွှေးထူ၊ တောင်ပံကြီ:မားသော လင်းယုန်ကြီးတစ်ကောင်သည် လေဗနုန်တောင်သို့လာပြီး အာရဇ်ပင်အကိုင်းအညွှန်းကို ချိုးလျက် ကုန်သွယ်ရာပြည်သို့ ချီဆောင် စိုက်ပျိုးသည်။ မျိုးစေ့များကိုလည်း ရေများရာလယ်မြေ၌ စိုက်ပျိုးကာ မိုးမခပင်ကဲ့သို့ ထားသည်။ နိမ့်သောစပျစ်နွယ်ပင်သည် အခက်အလက်တို့ကို ရွှေလင်းယုန်အောက်သို့ အမြစ်ထိုးသဖြင့် အကိုင်း အခက်စုံလင်သော စပျစ်နွယ်ပင် ဖြစ်လာသည်။
၁၇:၇−၁၀ အခြားရွှေလင်းယုန်တစ်ကောင်ရောက်လာသည်။ ထိုစပျစ်ပင်ပုသည် ကြီးထွားသီးပွင့်သော်လည်း ရှင်သန်အောင်မြင်ခွင့်မရ။ အသီးဆွတ်၊ အမြစ်ဆွဲနုတ်ခံရ၍ ညှို့နွမ်းသွေ့ခြောက်သေဆုံးမည်။
၁၇:၁၁−၂၁ ထိုစကားထာ၏ အဖြေကို ဘုရားရှင်ကိုယ်တော်တိုင် အနက်ပြန်ဖော် ပေးသည်။ ပထမရွှေလင်းယုန်ကြီးမှာ ဗာဗုလုန်ဘုရင် နေဗုခပ်နေဇာ ဖြစ်သည်(ငယ်၊၁၂)။ အမြင့်ဆုံးအခက် ယုဒဘုရင် ယေခေါနိကို ချိုးဆိတ်၍ ယေရုရှလင်(လေဗနုန်)မှ ဗာဗုလုန်(ကုန်သွယ်ပြည်) သို့ခေါ်ဆောင်သွားသည်။ မင်းပျိုမင်းလွင်ဇေဒကိကို သစ္စာရေတိုက်၍ ယုဒပြည်သို့ ပြန်လွှတ်သည်(ငယ်၊၁၃)။ ဇေဒကိသည် နိမ့်သော စပျစ်ပင်ဖြစ်သည်။ အညွှန့်အနွယ် အပွါးစည်ရှည်ထွက်သော်လည်း အခြားရွှေလင်းယုန် (အဲဂုတ္တုပြည်) အောက်သို့ရောက်ပြန်သည်။ အဲဂုတ္တုက ယုဒပြည်အား ဗာဗုလုန်လက်ထဲမှ ပြန်ယူသည်။ နေဗုခပ်နေဇာမင်းနှင့် ဖွဲ့သော ပဋိညာဉ် ချိုးဖောက်(၄ရာ၊ ၃၆:၁၃) ခြင်းမှာ ဘုရားသခင်၏ ပဋိညာဉ်ကို ချိုးဖောက်ခြင်းနှင့် အတူတူ ဖြစ်သည်(ငယ်၊၁၉)။ ထို့်ကြောင့် ဇေကိသည် ဗာဗုလုန် သို့ပါတော်မူ၍ ထိုအရပ်၌ ကံကုန်သည်။ အဲဂုတ္တုမင်းဟောဖရလည်း မကယ်နိုင်ခဲ့ပေ(အငယ်၊၁၆−၂၁)။
၁၇:၂၂−၂၄ ဤကျမ်းပိုဒ်များ၌ မေရှိယသခင်ပေါ် ထွန်းလာမည့်အကြောင်း(အညွှန့်တက်ခြင်း) ကတိတော် တွေ့ရသည်။ အမြင့်ဆုံးမှာနုသောအညွှန့်ကိုချိုးယူ၍ အမြတ်ဆုံးမှာစိုက်ပျိုးသဖြင့် အသီးအပွင့်ဖြစ်ထွန်းဝေဆာလျက် လူမျိုးကို ငတ်မွတ်မှုမှလွတ်ကင်း ဖူလုံစေမည်(ငယ်၊၂၃)။ ဘုရားသခင်သည် သူ့လူများကို အမိမဲ့သား ရေနည်းငါးပမာ မျက်စိသူငယ် နားသူငယ် ပစ်၍မထား။ ကယ်တင်ရှင်မေရှိယကို စေလွှတ်မည်။ ဤသမ္မာတရားကိုစွဲကိုင်၍ ယနေ့ယုံကြည်သူများသည် အချင်းချင်း နှစ်သိမ့်အားပေး ကူညီနိုင်ကြရမည်။ Carl F. Keil ကအောက်ပါအတိုင်း မှတ်ချက်ပြုသည်−
ဒါဝိဒ်မင်း၏ စံအိမ်တော်သည် အိမ်တကာထက်မြင့်သလို အာရဇ်ပင်သည် အခြားသစ်ပင်တကာထက် ငွါးစွင့် မြင့်မားသည်။ ထိုအပင်အညွှန့်ကို ဆွတ်ယူစိုက်ပျိုးခြင်းမှာ မေရှိယကိုယ်တော် တိုင် တည်ထောင်ရုံမျှမဟုတ်။ မေရှိယကိုယ်တိုင် ဆင်းသက်အုပ်စိုးမည့် အမှတ်လက္ခဏာ ဖြစ်သည်။ အငယ်၂၃၌ အမြင့်ဆုံးသော ဣသရေလတောင်ကုန်းဆိုသည်မှာ ဘုရားသခင်ကိန်းဝပ်ရာ ဇိအုန်တောင် ဖြစ်သည်။ ကမ္ဘာမြေပေါ်ရှိတောင်ကြီးတောင်ငယ်တို့၏ ထိပ်ခေါင်(ဟေရှ၊၂ ) ဖြစ်သည်။ ဘုရားရှင်၏ အာရဇ်ပင်မှာ အကိုင်းအခက်များဝေဆာ ဖြစ်ထွန်းသောကြောင့် နိုင်ငံတော်၌ အမြင့်ဆုံးသော သစ်ပင်−မေရှိယကိုယ်တော်တိုင် ဖြစ်သည်။ သစ်ပင်တို့ သဘာဝအတိုင်း အသီးအပွင့် ဝေဆာ ဖြစ်ထွန်းသည်။ အရိပ်ပေးသည်။၁၈
သခင်ယေရှုခရစ်တော် ကြွလာခြင်းသာလျှင် ဤလောကသားများ၏အပြစ်ဒုစရိုက်များကို မျှော် လင့်ချက်ပေးနိုင်ပါသည်။