ယေဇကျေလအနာဂတ္တိကျမ်း ၁

၁။ ယေဇကျေလအား ဘုရားရှင်ကခေါ်ယူခွဲခန့်ခြင်း (::၂၁)

(က) ယေဇကျေလအခြေအနေ (:)

          ကျမ်းဖွင့်ဖွင့်ချင်းမှာပင် ယေဇကျေလသည် ဖမ်းဆီးခံ သုံ့ပန်းအကျဥ်းသားအဖြစ် တနယ်တကျေး ရောက်ရှိနေရသော်လည်း ဇာတိချက်ကြွေ ယေရုရှလင်မြို့ကြီး ပျက်သုဉ်းမည့်အကြောင်း ၆−နှစ်/၇−နှစ်ခန့် ကြိုတင်ပရောဖက်ပြုနိုင်ခဲ့သည်။ထိုစဉ်က ယေဇကျေလသည် (“သက္ကရာဇ်သုံးဆယ်ပြည့် စာသားအရ) အသက် ၃၀−ခန့် ဖြစ်လိမ့်မည်။ ကျမ်းစာစောင်ရှေ့ပိုင်း အခန်း ၂၄ ခုကို ယေရုရှလင်မြို့ မပျက်သုဉ်းမီ၊ ဗာဗုလုန်သို့ ပထမအကြိမ် ဖမ်းဆီးခါ်ဆောင်ခြင်းပြီး နောက်ပိုင်းကြားကာလ၌ ရေးသားခြင်းဖြစ်သည်။

()ပလ္လင်ပေါ်၌ ဘုန်းတော်ဖြင့်စံပယ်သော ဘုရားရှင်ရူပါရုံ (:၂၇)

အခန်း(၁) သည် ဖမ်းဆီးကျွန်ဖြစ်ခံရသူများထံသို့ ဘုရားသခင်ထင်ရှားပြသည့် ရူပါရုံဖြစ်သည်။ ပထမဦးစွာ မြောက်ဘက်မှမိုးတိမ် ထွန်းလင်းသော မီးစက်ကြီးမြင်ရသည်။ ထိုမီးစက်ထဲတွင် မျက်နှာလေးဘက်စီ၊အတောင်လေးခုစီရှိသော သတ္တဝါလေးကောင် (ခြင်္သေ့၊ နွား၊ လင်းယုန်၊လူ) တွေ့ရသည်။ အတောင်များအောက်တွင် ဖြောင့်တန်းသော ခြေထောက်များနှင့် လက်များရှိကြသည်။ ထိုသတ္တဝါများသည် ဘယ်ညာအလှည့်ဘဲ ရှေ့တည့်တည့်တူရူ သွားကြသည်။ ထိုသတ္တဝါများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း၊အံ့ဖွယ်တန်ခိုး၊လျှင်မြန်ခြင်းနှင့် ဉာဏ်ပညာတော်တို့ကို ဖော်ကျူးသည်။ တိုင်းနိုင့်ငံ၊ လူမျိုးတို့က တိမ်တိုက်အထက် ပလ္လင်တော်မှာ စံပယ်သောဘုရားရှင်ကို မေ့လျော့နေသည်။ ဖန်ဆင်းရှင် ဘုရားသခင်အစား ထိုဖန်ဆင်းခံ သတ္တဝါလေးပါးကို ဝတ်ပြုကိုးကွယ်ကြသည်။

မိုးတိမ်အထက် ပလ္လင်တော်အပေါ်၌ ဘုရားသခင်သည် ဘုန်းတော်ဖြင့် စံပယ်တော်မူသည်ကို မြင်၏။ သတ္တဝါလေးပါး၏ နံဘေးတွင်ရထားဘီး တစ်ခုစီရှိ၏။ ဘီးတစ်ခုစီအတွင်း၌ ကန့်လန့်ထောင့်ချိုး(ဟန်ချက်ညှိ) ဘီးတစ်ထပ် တပ်ထားဟန်ရှိ၏။ သတ္တဝါတို့၏ စိတ်ဝိညာဉ်သည် ဘီး၌ရှိ၏။ ထိုပလ္လင်ရထားကို သတ္တဝါလေးပါးက ဆွဲကြသည်။ ဘီးများသည်မြေကြီးပေါ်မှာရှိ၍ သတ္တဝါ လေးပါးကပြင်ညီတစ်ချက်ကို ထမ်းထားကြသည်။ ပြင်ညီပေါ်၌ ပလ္လင်တော်ရှိသည်။ ဤသည်ကား ပရောဖက်ပြုဖို့ရာ ဘုရားသခင်ကယေဇကျေလသို့ ဖော်ပြသော ဘုန်းရူပါရုံ ဖြစ်သည်။

ထိုရူပါရုံ ကျမ်းချက်က F. W. Faber အားခန့်ညားသော ဓမ္မတေးတစ်ပုဒ်သီဖွဲ့ရန် လှုံ့ဆော်ခဲ့သည်။

ယေဇကျေလက ၄၃:၃၌ “ငါမြင်သောရူပါရုံသည် မြို့တော်ကို ဖျက်ဆီးရန်လာသောအခါ၊ သူ…”(NKJV Marg) ဖြစ်သည်ဟု ရှင်းပြသည်။ တနည်းဆိုသော် ယေရုရှလင်မြို့ကို တရားစီရင်ရန် မြောက်ဖက်အရပ်မှ ဘုရားဘုန်းတော် ကြွလာခြင်းကို သရုပ်ဖော်ခြင်းဖြစ်သည်။ မြောက်အရပ်မှ ဗာဗုလုန်တို့သည် ဘုရားသခင်စေလွှတ်သော ကိုယ်စားလှယ်ဖြစ်သည်။

Previous Article
Next Article