ယေဇကျေလအနာဂတ္တိကျမ်း ၂၂
(ဂ) ယေရုရှလင်ညစ်ညမ်းခြင်း ဗျာဒိတ်တော်(၃)ပါး (အခန်း၂၂)
၂၂:၁−၁၂ ယေရုရှလင်၏ အပြစ်ဒုစရိုက်များကို ဖော်ပြသည်။ သွေးချောင်းစီးခြင်း(ငယ်၉) (လူ့အသက်ဖြင့် ယဇ်ပူဇော်ခြင်းလည်းပါနိုင်သည်)။ ရုပ်တုဆင်းတုကိုးကွယ်ခြင်း(ငယ် ၃−၄)၊ လူသတ်ခြင်း၊ သူစိမ်းဧည့်သည်များ၊ မိဘမဲ့ကလေးသူငယ်များနှင့် မုဆိုးမများကိုနှိပ်စက်ခြင်း (ငယ်၇)၊ ဗိမာန်တော်ညစ်ညူးစေခြင်း၊ ဥပုသ်နေ့ပညတ်ချက် ချိုးဖောက်ခြင်း(ငယ်၈)၊ ယုတ်ညံ့သိမ်ဖျင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း(ငယ်၉) ၊ အကျင့်စာရိတ္တညံ့ဖျင်းခြင်း (ငယ်၁၀)၊ သူများအိမ်ယာပြစ်များခြင်း၊ သွေးသားနိးစပ်သူနှင့် ကာမေသုမိစ္ဆာပြုခြင်း (ငယ်၁၁)၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊ ငွေတိုးချေးခြင်း၊ နိုင်လိုမင်းထက်ငွေရခြင်း၊ ဘုရားတရားမေ့ခြင်းများ(ငယ်၁၂) ပြုမှားလျက်ရှိ ကြသည်။
၂၂:၁၃−၂၂ ဤသို့မရိုးမသားစီးပွားရှာခြင်း၊ သွေးချောင်းစီးခြင်း ဒုစရိုက်များကြောင့် ဣသရေလလူမျိုးသည် တပါးအမျိုးသားများအကြားတွင် ပြန့်ကြဲကွဲလွင့် ကြမည် (ငယ်၁၃−၁၆)။ ယေရုရှလင်မြို့သည် ကြေးနီကြေးဖြူများ အရည်အသွေးစစ်မိုက် ကဲ့သို့ဖြစ်သည်။ ဣသရေလအမျိုးသည် ရွှေအရည် ကျိုစစ် သကဲ့သို့ စစ်ဆေးခံရကြမည် (ငယ်၁၇−၂၂)။
၂၂:၂၃−၂၄ တဖန် ဘုရားရှင်က ယေဇကျေလအား သင့်ပြည်သည် မိုးရေမခံရသောပြည် ဖြစ်မည် ဟုမိန့်ကြားသည်။ Taylor ကဤသို့ရှင်းပြထားသည်။
ဗျာဒိတ်တော်တွင် ပါရှိသည့်အတိုင်း ထိုပြည်သည် မိုးခေါင်ရေရှားသော အရပ်ဒေသဖြစ်သည်။ ကျမ်းစာပညာရှင်အများစုက Septuagint ၂၄တွင် မိုးရွာသွန်းစေခြင်းကို “စင်ကြယ်စေခြင်း“ဟု ဆိုသည်။ ထို့ကြောင့်“မိုးရေမခံသောမြေ“မှာ မစင်ကြယ်သောမြေဟု နားလည်သင့်သည်။၂၀
၂၂:၂၅−၃၁ အုပ်စိုးသူမင်းမှစ၍ လူအဖွဲ့အစည်းလူထု လူတန်းစားတိုင်းသည် ထာဝရဘုရားသခင်ရှေ့၌ အပြစ်သားများ ဖြစ်သည်(ငယ်၂၅)။ Septuagint၂၁တွင် မင်းများ “Princes” ဟူသော စကားလုံးကို KJV နှင့် NKJV ကျမ်းမူများ၌ ပရောဖက်များနှင့် ငယ်၂၆တွင် ပါရှိသည့် ယဇ်ပရောဟိတ်များလည်း ပါဝင်သည်။ တရားသူကြီးများ(ငယ် ၂၇)၊ ပရောဖက်များ(ငယ် ၂၈)၊ လူအပေါင်း(ငယ် ၂၉)၊ သည်လည်း အပြစ်သားများ ဖြစ်သည်။ ဘုရားသခင်ရှေ့၌ ရပ်တည်နိုင်အောင် သန့်ရှင်းသူ တစ်ဦးမျှ မရှိ။ ထိုပြည်၌ ယခင်ကလည်းမရှိ၊ ယခုလည်းမရှိ(ငယ် ၃၀−၃၁)။
ဘုရားသခင်သည် လူနှင့်ဘုရားသခင်အကြား ကွာဟမှုကို အခြားနည်းလမ်းကိုသာ မရှာကြံဘဲ ဆက်စပ်ဖြည့်ဆည်းခြင်း နည်းလမ်းကိုသာ ကြံဆသည်။ တစ်စုံတစ်ဦး၏ ပယောဂကြောင့် လူနှင့်ဘုရားသခင်ဝေးကွာ၍ ကွဲပြားခြားခဲ့ပြီ။