ယေဇကျေလအနာဂတ္တိကျမ်း ၃၈

() ဣသရေလ၏ အနာဂတ်ရန်သူများပျက်စီးမည့်အကြောင်း (အခန်း ၃၈၊၃၉)

၃၈:၁၆ ဘုရားသခင်သည် ဂေါဂနှင့် မဟာမိတ်များကိုစုစည်းသွေးဆောင်ပြီး ခေါ်လာမည်(ငယ်  ၁-၆)။ ဂေါဂသည် ရောရှပြည်၃၆၊ မေရှက်ပြည်၊ ကုဗလပြည်တို့၏ အရှင်သခင်ဖြစ်သည်။ အချို့က ရုရှားပြည် မော်စကိုနှင့် တိုဘော့လ်တို့၏ ရှေးဟောင်းအမည်နာမအခေါ် ဖြစ်သည်ဟု ဆိုလိုသည်။ ဖြစ်နိုင်ဖွယ်ရှိသော်လည်းအထောက်အထားမခိုင်မာပါ။ သူတို့သည် ဣသရေလကိုဖြတ်လျက် တောင်ဘက်အရပ်သို့ ရွှေ့လျားသွားကြမည်။ ယုဒမြို့ရွာများသည် ခြံစည်းရိုးမရှိသော်လည် ဘေးရန်လုံခြုံကြမည်။ ဘုရားသခင်သည် ဣသရေလတို့၏ ရန်သူများအကြောင်းအား နှစ်ပေါင်းထောင်ချီ၍ ကြိုတင်သိထားနှင့်ပြီ ဖြစ်သည်။ မိမိလူများကို ကယ်တင်နုတ်ဆောင်ရန် စီမံချက်ရှိထားနှင့်ပြီး ဖြစ်ကြောင့် ယုံကြည်သူများအား သက်သာခြင်းရစေပါသည်။

၃၈:၁၇-၂၃ ထိုသို့ဖြင့် ဂေါဂနှင့် အင်အားစုသည် ကမ္ဘာမြေအနှံ့တွင် ပြည့်နှက်လှုပ်ရွလာကြမည်။ သို့သော်လည်း ဘုရားသခင်၏ သဝန်တိုမှုနှင့် အမျက်ဒေါသသင့်ရောက်မည်။ ကြောက်မက်ဖွယ် မြေငလျင်ကြီးလှုပ်ခတ်မည်။ ကာလနာရောဂါ၊ သွေးချောင်းစီးစစ်ပွဲ၊ ရေလွှမ်းမိုးခြင်း၊ မိုးသီးမိုးဥရွာသွန်းခြင်း၊ လောင်မီးကျခြင်း (ငယ်၁၇−၂၃)တို့ကြောက်ရွံ့တုန်လှုပ်ကြမည်။

ဘုရားသခင်၏ လူမျိုးတော်အား ရန်ဘက်ပြုသူများ ပျက်စီးမည့်အကြောင်းကို ဟေရှာ ၅၄:၁၇ တွင်လည်း “သင့်တဘက်၌ လက်နက်တစုံတရာ အထမမြောက်ရ။ သင့်ကို တရားတွေ့သော သူမည်သည်ကား အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် အမွေတော်ခံရ၍ ဖြောင့်မတ်ခြင်းသို့ရောက်လိမ့်မည်ဟု ဆိုထားပါသည်။

Previous Article
Next Article