ယေဇကျေလအနာဂတ္တိကျမ်း ၄၀

၅။ အနှစ်တစ်ထောင်ကာလမြင်ကွင်းကျယ်(အခန်း ၄၀၄၈)

(က) ယေရုရှလင်အနှစ်တစ်ထောင်ဗိမာန်တော်(အခန်း ၄၀၄၂)

ဤအခန်းနှင့် လာမည့်အခန်း(၂)ခုတွင် ယေရုရှလင် မြို့၌တည်မည့် ဗိမာန်တော်ပုံစံအသေးစိတ်ကို ဖော်ပြထားသည်။ ဆိုလိုရင်းအတိအကျကို သိရှိနားလည်ရန်ခက်ခဲသော်လည်း ယေဘူယျအားဖြင့် ပုံဖော်နိုင်ပါသည်။ Paul Lee Tan က ဤသို့ရေးထာသည်။

ဤဗိမာန်တော်ဖော်ပြချက်ကို အတိအကျပြန်ယူခြင်းမပြုဘဲ အသင်းတော်၏ပုံဆောင်ချက်အဖြစ်ပုံ ဖော်ကြသည်။ မည်သို့ပင်ဖြစ်စေ၊ ယေဇကျေလကျမ်း၌ အရေးပါသော ပရောဖက်ပြုချက်ဖြစ်ပြီး၊ မိလေနိကာလ ဗိမာန်တော်အတွက် ဖော်ပြချက်၊ ရှင်းလင်းချက်နှင့်အတိုင်းအတာများပါရှိ၍၊ အလွန်အသေးစိပ်သဖြင့်ဗိသုကာ ပုံကြမ်းထုတ်ယူနိုင်သည်။ သမိုင်းဝင်ရှောလမုန်ဘုရင်ဗိမာန်တော်ကဲ့သို့ စနစ်တကျပုံစံချထားခြင်း ဖြစ်သည်။ ဤဗိမာန်တော်အခင်းအကျင်းအတိုင်းအထွာများသည် ဖြစ်နိုင်ဖွယ်မရှိဟု ငြင်းဆိုနေသည့်ကြားမှGardiner က Ellicott’s Commentary on the Whole Bible တွင် ယေဇကျေလ ကျမ်းဖော်ပြချက်အတိုင်း ပုံကြမ်းတစ်ခုကို အောင်မြင်စွာ ဆွဲသားဖော်ပြနိုင်ခဲ့သည်။ Alva J. McClain ကဝိညာဉ်တော်မှုတ်သွင်းလမ်းညွှန်မှု မရှိသော သာမန်အနက်ဖွင့်သူတစ်ဦးက ဗိမာန်တော်ဗိသုကာပုံကြမ်းကို ရေးဆွဲနိုင်လျှင် အနာဂတ်၌ ဘုရားသခင်၏ လမ်းညွှန်မှုဖြင့် ဆောက် လုပ်မည့်ဗိမာန်တော်တွင် အခက်ခဲပြဿနာမရှိနိုင်ဟုမှတ်ချက်ပြုသည်။

 

() မျဉ်းတံနှင့်လူ (၄၀:)

အဖွင့်ကျမ်းပိုဒ်၌ အနာဂတ်ယေရုရှလင်နှင့် မိလေနိဗိမာန်တော်ရူပါရုံကို ယေဇကျေလ လက်ခံရရှိသည်။ ယေရုရှလင်မြို့ ဖျက်ဆီးခံရပြီးနောက် (၁၄)နှစ် ပြည့်သောအခါ ယေဇကျေလသည် အလွန်မြင့်သော တောင်ပေါ်သို့ဆောင်ယူခံရ၍ မြို့တော်နှင့်ဗိမာန်တော်ရူပါရုံကို ခံရသည်။ ကြေးဝါအဆင်းရှိသော လူတစ်ဦးကို မျဉ်းတံကိုင်လျက်တွေ့ရသည်။ ထိုသူက ယေဇကျေလအား မြင်တွေ့ကြားသိသမျှ အသေအချာနှလုံးသွင်းရန်မှာသည်။ ပြီးလျှင် ဣသရေလတို့အား ပြန်ပြောပြရမည်ဟု ပြောဆိုသည်။

 

() အရှေ့ဘက်တံတိုင်းတံခါးပေါက် (၄၀:၁၆)

ဗိမာန်တော်ကို အရှေ့အနောက် ဦးတည်ချက်ဆောက်ထား၍ပင် မဝင်ပေါက်တံခါးမှာ အရှေ့ဘက်၌ရှိ၏။ ဤတံခါးပေါက်မှစတင်ကာ စနစ်ပုံကျ အတိုင်းအထွာ ဖော်ပြသည်။ ဗိမာန်တော်၏ အပြင်ဘက်ပတ်လည် အုတ်တံတိုင်းကို စတင်တိုင်းထွာပါသည် (ငယ်၅)။ ဤတံခါးကို အရှေ့ဘက်ဝင်ပေါက်တံခါးဝ ဟူ၍ခေါ်သည် (အငယ် ၆−၁၆)။

(၃) အပြင်တံတိုင်း (၄၀:၁၇−၁၉)

အပြင်တံတိုင်း၏ အတွင်းဘက်ခြမ်းမျက်နှာတွင် ကျောက်ပြားစင်္ကြန် လမ်းခင်းထားသည်။ ၆ရာ ၇:၃ နှင့် ဧ၊၁:၆ တို့၌ ဖော်ပြချက်အရ အခန်းငယ်ပေါင်း(၃၀) ဖွဲ့စည်းထားသည်။

(၄) အပြင်တံတိုင်းရှိအခြားတံခါးပေါက်နှစ်ခု (၄၀:၂၀−၂၇)

မြောက်ဘက်တံခါးသည် အရှေ့တံခါးအတိုင်းဖြစ်သည်။ ဝင်လမ်းဘေးဝဲယာတွင် သံလွင်ပင်များစိုက်ပျိုး ထားသည်။ တောင်ဘက်ရှိ အခြားတံခါးပေါက်သည်လည်း ထိုပုံစံအတိုင်းအတာအတိုင်း ဖြစ်သည်။ အနောက်ဘက်တံခါးပေါက်ဝင်လမ်း မခင်းထားပေ။

(၅) အတွင်းတံတိုင်းသို့ဝင်ပေါက် (၃)ခု (၄၀:၂၈−၃၇)

အတွင်းတံတိုင်းတွင် တံခါးပေါက်(၃) ခုရှိသည်။ တောင်ဖက် (ငယ် ၂၈−၃၁)၊ အရှေ့ဖက်(ငယ် ၃၂−၃၄)နှင့် မြောက်ဖက် (ငယ် ၃၅−၃၇) တို့သို့ အသီးသီးရှိကြသည်။

(၆) ဖူဇော်စရာတန်ဆာပလာများ (၄၀:၃၈−၄၃)

မြောက်ဘက်မုခ်ဆောင်၏ တံခါးဝ၌ ယဇ်ကောင်ပြင်ဆင်ရာယဇ်ခုံ (၈) လုံးရှိသည်။ မီးရှို့မည့်ယဇ်ကောင် ခုတ်ထစ်ရာ ကျောက်စားပွဲ (၄) လုံးလည်းရှိသည်။ ထိုစားပွဲခုံပတ်လည်၌ ယဇ်ကောင်အသားနှင့် သံချိပ်၊ ဒါး စသော ကရိယာတန်ဆာပလာများ တင်ရန်နေရာပါရှိသည်။

(၇) ယဇ်ပုရောဟိတ်များအတွက် အခန်းများ (၄၀:၄၄−၄၇)

ယဇ်ပုရောဟိတ်များအတွက် သီးသန့်အခန်းများကိုလည်း တောင်ဘက်နှင့် မြောက်ဘက် မျက်နှာချင်းဆိုင်ဖွဲ့စည်းထားသည်။ တောင်ဘက်သို့ လှည့်ထားသောအခန်းများမှာ ဗိမာန်တော် ဗာဟီရအမှုကိစ္စအဖို့ တာဝန်ရှိသော ယဇ်ပုရောဟိတ်များအတွက် ဖြစ်၍ မြောက်ဘက်သို့ လှည့်ထားသော အခြားအခန်းများမှာ ယဇ်ပလ္လင်ကြီးကြပ်ကွပ်ကဲရသော ယဇ်ပုရောဟိတ်များ (ဇာဒုတ်သားများ) အတွက်ဖြစ်သည်။

(၈) ဗိမာန်တော်မုခ်ဦးဆောင် (၄၀:၄၈−၄၉)

ဗိမာန်တော် မုခ်ဦးဆောင်သို့မဟုတ် ဗိမာန်တော် ဆင်ဝင်သည်ရှောလမုန် ဗိမာန်တော်နှင့် ဆင်တူသည်။ မုခ်ဦးတိုင်များကိုလည်း ယာခိန်နှင့်ဗောဇဟု နာမည်ပေးထားသည် (၃ရာ ၇:၂၁)။

အခန်း(၄၀)သည် ဗိမာန်တော်ဘေးပရဝုဏ်အနေအထားကို ခင်းကျင်းပြသ၍ အခန်း(၄၁)တွင် ဗိမာန်တော်ပင်မဆောင်ကို ပုံဖော်သည်။

အခန်း၄၀−၄၃ပါ အချက်အလက်များက ယုံကြည်သူများအမှုတော်တွင် ပါဝင်ရာ၌ ဘုရားရှင်၏ ညွှန်ကြားချက် အသေးစိတ်ကို ဂရုစိုက်ဖို့သွန်သင်နေသည်။ (ထွ ၂၅:၄၀ကိုလည်းကြည့်)။ အနုစိပ်အတိုင်းအထွာများသည် တိကျသောအဆောက်အဦအတွက် မဟုတ်လျှင် အဓိပ္ပါယ်ကင်းမဲ့ပေလိမ့်မည်။ စာအလင်္ကာစာတန်ဆာမျှအတွက် ဗိသုကာမြောက်အချက်အလက်များက ပိုကဲလွန်းနေသည်။ အစိတ်အပိုင်းသည် ပုံဆောင်ချက်သာဖြစ်ကြောင်း ရှင်းပြချက်များမှာလည်း စိတ်တိုင်းကျကျေနပ်လက်ခံလောက်စရာ မရှိပါချေ။

Previous Article
Next Article