ယေဇကျေလအနာဂတ္တိကျမ်း ၄၁
(၉) သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံးဌာန (၄၁:၁−၄)
သန့်ရှင်းရာဌာနတော်၏ အကျယ်အဝန်းအတိုင်းအတာမှာ ရှောလမုန်ဗိမာန်တော်၏ သန့်ရှင်းရာဌာနတော်နှင့် အရွယ်ပမာဏတူ၍၊ ကန္တာတောခရီးကြမ်းမှ တဲတော်၏ နှစ်ပြန်ကျယ်ဝန်းသည်။ မျဉ်းတံကိုင်ဆောင်သောသူက ယေဇကျေလအား သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်သွားသည်။ အသန့်ရှင်းဆုံးဌာနတော်ထဲသို့မူ ထိုသူတစ်ဦးထဲ ဆက်ဝင်သွားသည်။ ရှေးက ဗိမာန်တော်ထဲသို့ ဝင်ရောက်ခြင်းကို ကန့်သတ်ချက်ရှိသည်(ဟေဗြဲ ၉:၈−၁၂၊၁၀:၁၉ တို့ကိုကြည့်ပါ)။ ထိုခေတ်ကာလ ဗိမာန်တော်အား နှစ်ပိုင်းကန့်ထားသကဲ့သို့ မိလေနိ(နှစ်တထောင်)ဗိမာန်တော်တွင်လည်း ဆက်လက် ကန့်သတ်ဦးမည်။
(၁၀) ပရဂုဏ်ဝင်းဘေးနံရံခန်းများ (၄၁:၅−၁၁)
ဗိမာန်တော်သည် ထုထည်ကြီးမားကျယ်ဝန်းသည်။ အထပ်(၃)ထပ်ရှိ၍ အထပ်တိုင်းတွင် အခန်း(၃၀)စီရှိသည်။ အခန်းအဆင့်ဆင့် အမြင့်သို့ တက်သွားတိုင်း ပို၍ ကျယ်ဝန်းလာသည်။ အောက်ဆုံးအဆင့်မှ ပင်မဆောင်သို့ချဉ်းကပ်လေ ပိုမြင့်လေဖြစ်၍ လှေကားထစ်ပုံစံ တက်သွားဟန်ရှိသည်(အငယ် ၇)
(၁၁) ဗိမာန်တော်အနောက်ဘက်အဆောက်အဦ (၄၁:၁၂)
ဗိမာန်တော်အနောက်ဖက်တံစက်မြိတ်နှင့် တဆက်တည်းကပ်လျက် သီးသန့်အဆောက်အဦးတလုံးရှိသည်။ ထိုအဆောက်အဦသည် အနံအတောင် ၇၀၊ အလျားအတောင် ၉၀ ကျယ်ဝန်းသည်။ မည်သည့်အတွက်အသုံးပြုသည်ကို မရှင်းပြပါ။
(၁၂) ဗိမာန်တော်၏အတိုင်းအတာပမာဏ(၄၁:၁၃−၁၅)
ယေဇကျေလဖော်ပြသည့် ဗိမာန်တော်အကျယ်အဝန်းပမာဏမှာ အလျားအတောင်(၁၀၀)နှင့် အနံအတောင်(၁၀၀) ဖြစ်သည်။
(၁၃) ဗိမာန်တော်အတွင်းပိုင်းမွမ်းမံပြင်ဆင်ပုံ(၄၁:၁၆−၂၆)
ဗိမာန်တော်အတွင်း၌ တိုင်များသည် အနုပညာလက်ရာမြောက်စွာထုလုပ်ထားသည်။ ပြတင်းပေါက်တိုင်နှင့် ပြတင်းကျည်းဘောင်များသည် ပန်းနွယ်ပန်းခြူး ကနုတ်အိမ်များဖြင့် လှပနုရွသည်။
အဆောက်အဦအတွင်းပိုင်းကို ခေရုဗိမ်နှင့် သံလွင်ပင်များဖြင့် ပတ်လည်အလှ တန်ဆာဆင်ထားသည်။ ဘုရားသခင်၏သန့်ရှင်းစင်ကြယ်ခြင်း သင်္ကေတဖြစ်သော ခေရုဗိမ်(က၊၃ကိုကြည့်)၏ ခြင်္သေ့ပျိုမျက်နှာမှာ သံလွင်ပင်ဖက်သို့မျက်နှာ လှည့်ထားသည်။ အခြားတဘက် လူ့မျက်နှာမှာ အခြားသံလွင်ပင် တစ်ပင်က်သို့ မျက်နှာလှည့်ထားသည်။ သံလွင်ပင်သည်အောင်မြင်ခြင်းနှင့် ဖြောင့်မတ်ခြင်း၏ ကက္ခဏာအဖြစ်ကျမ်းစာ ဖော်ညွှန်းထားသည်။
သစ်သားဖြင့်ပြုလုပ်ထားသော ယဇ်ပလ္လင်ကို”ထာဝရဘုရားရှေ့တော်မှာ မုန့်တင်သောစားပွဲ”ဟု ယေဇကျေလက ပြောသည်။
အတွင်းဗိမာန်တော်တွင် တံခါးနှစ်ပေါက်ရှိ၍ တံခါးရွက်နှစ်ရွက်စီရှိသည်။ တံခါးရွက်များအပြင်ဖက်၌ ခေရုဗိမ်နှင့် စွန်ပလွံပုံထွင်းထားသည်။
မုခ်ဦးအထက်တွင် သစ်သားထုပ်တင်ထားသည်။ ကုလားကာ၊ သေတ္တာတော်နှင့် ယဇ်ပုရောဟိတ်ကြီးများ အကြောင်း မတွေ့ရှိရပါ။ ထိုကုလားကာကို ကရာနီတော်က နှစ်ခြမ်းပြဲစေပါသည်။ သေတ္တာတော်တန်ခိုးသည် ခရစ်တော်၌ ပြည့်စုံသွားသည်။ ခရစ်တော်ဘုရားသည် အမြင့်ဆုံးသော ယဇ်ပုရောဟိတ် မင်းဖြစ်တော်မူသည်။