ယေရမိမြည်တမ်းစကား ၄
၅။ အတိတ်နှင့်ပစ္စုပ္ပန်ကာလတွင် ယုဒတို့ကွာခြားမှု(၄:၁−၂၀)
အတိတ်က ယေရုရှလင်မြို့ စည်းစိမ်ချမ်းသာပုံနှင့် မျက်မှောက်ကာလတွင် သနားစဖွယ် မျက်စိသူငယ် နားသူငယ်ဖြစ်ပုံကို ယှဉ်ပြထားသည်။ ဗိမာန်တော်ပျက်စီးသွားပြီ။ သားသည်မိခင်များကလည်း သားသမီးများကို ကမ္ဘာမီးလောင်ချနင်းကုန်ပြီ(ငယ်၃−၄)။ လူများအငတ်ဆင်းရဲဖြင့် သေကြေကြသည် (ငယ်၅)။ အပြစ်ဒဏ်က ကြီးလေးသည်(ငယ်၆)။ မင်းညီမင်းသားများသည်လည်း လူမြင်ကွင်းတွင် လေးစားခြင်း အသိမှတ်ပြုခြင်းမရှိ (အငယ်၇−၈)။ ကမ္ဘာမီးလောင်စားစရာမရှိတော့သောကြောင့် သားသည် မိခင်များရင်တွင်းဖြစ်သားသမီးများကို ချက်စားကြသည်(ငယ်၁၀)။ မိန်းမများ သားဖျက်ရိုးထုံးစံမရှိဟု ယုံမှားကြသကဲ့သို့ ယေရုရှလင်မြို့တွင်းသို့ အဘယ်ကျူးကျော် ရန်သူများမဝင်ရောက်နိုင်ဟု ထင်မှတ်ကြသည် (အငယ်၁၂)။ ထိုသို့ အတွေးခေါ်မှောက်မှား၍ မြို့တော်ကြီး ပြိုလဲပျက်သုဉ်းခြင်းသည် ပရောဖက်အတုများ၊ အမှားပရောဖက်မများ၏ သွန်သင်ဟောကြားချက်နှင့် ပြည်သူတို့၏ အကျင့်ဆိုးများကြောင့် ဖြစ်သည်(ငယ်၁၃−၁၆)။ အဲဂုတ္တုပြည်ကို အားကိုးကြသော်လည်း အားကိုးရကျိုးမနပ်၊ အချည်းနှီးဖြစ်သည်(ငယ်၁၇)။ ဗာဗုလုန်သားများအလုံးအရင်းဖြင့် ချင်းနင်းဝင်ရောက်လာကြသည်(ငယ်၁၈−၁၉)။ ဘိသိက်ပေးထားသော ဇေဒေကိ ဘုရင်သည်လည်း ဖမ်းဆီးခြင်းခံနေရပြီ(ငယ်၂၀)။
၆။ အနာဂတ်မျှော်လင့်ချက်၊ ဧဒုံပျက်ဆီးခြင်းနှင့် ယုဒတို့ပြန်လည်နလံထူခြင်း(၄:၂၁−၂၂)
ယေရုရှလင်မြို့ ပြိုလဲပျက်စီးသောကြောင့် ဧဒုံသမီးများပျော်ရွှင် ကခုန်ကြသည်။ သို့သော်လည်း သူများဒုက္ခရောက်သည်ကို ဝမ်းသာသောအပြစ် ဒုစရိုက်ကြောင့် ဧဒုံသမီးပျိုများလည်း အရေးယူအပြစ်ပေးခြင်းခံ ရမည်။ ဇိအုန်တောင်သည် ပြန်လည်ဖွံ့ဖြိုး နလံထူရမည်။