ယေရမိအနာဂတ္တိကျမ်း ၂၆
(ဃ) ပြည်သူများသို့ ယေရမိ သတိပေးစကား (အခန်း၂၆)
၂၆:၁–၁၁ ပြည်သူများ နောင်တမရကြလျှင် ရှိလောရွာကဲ့သို့ ဖြစ်စေမည့်အကြောင်း ဗိမာန်တော် အဝင်ဝတွင် ရပ်၍ စုဝေးရောက်ရှိလာသူများအား သတိပေးရန် ဘုရားရှင်က ယေရမိအား စေခိုင်းသည်။ (လူ့ဘက်မှ ကတိတည်လျှင် ဘုရားသခင်သည် ဘယ်သောအခါမှ ချို့ယွင်းချက် ရှိသော ကတိပေးလေ့မရှိ (အငယ်၃)။ ဘုရားသခင်သည် ကတိတော်ပျက်သုဉ်းခြင်း မရှိပါ)။ ယဇ်ပုရောဟိတ်များ”ပရောဖက်များနှင့် ပုရိသတ်များက ယေရမိအား ခြိမ်းခြောက်ရန်မူလာကြသည်။
၂၆:၁၂–၁၉ သို့သော်လည်း ယေရမိသည် ကြောက်ရွံ့စိုးရိမ်ခြင်း မရှိပါ။ ပရောဖက်သတိပေးစကား ဆက်ပြောသည်။ ယေရမိစကား ကြားနာကြပြီးသောအခါ မှူးမတ်များနှင့် ပရိတ်သတ်များသည် သဘောပေါက်ကြသဖြင့် ယေရမိအား အကာအကွယ် ပေးကြသည်။ မောရရှရွာသား မိက္ခာကလည်း ထိုတရားမျိုး ရဲရဲဝံ့ဝံ့ ဟောကြားခဲ့သည်။ သို့သော် ရှင်ဘုရင်က သေဒဏ်မပေးခဲ့ဟု ဆိုကြသည်။
၂၆:၂၀–၂၄ ဤကျမ်းပိုဒ်များသည် အထက်ဖေါ်ပြပါကျမ်းပိုဒ် နှင့်ဆန့်ကျင်သောအယူအဆ ဖြစ်သည်။ ပရောဖက်ယေရမိကဲ့သို့ပင် ယေဟောကိမ်မင်းလက်ထပ်၌ ပရောဖက်ဥရိယ တရားဟောခဲ့ရာ ကွပ်မျက်ခြင်း ခံရသည်။ သို့သော်ရှဖန်၏ သားအဟိကံသည် ယေရမိအား သေဒဏ်မပေးသည့်အပြင် ကွယ်ကာစောင့်ရှောက်သည်။