ယေရမိအနာဂတ္တိကျမ်း ၃၉

()     ယေရုရှလင်ပျက်သုဉ်းခြင်း (အခန်း ၃၉)

၃၉:၁၀ ဗာဗုလုန်သားများ၏ လက်ချက်ဖြင့်  ယေရုရှလင်မြို့ သည်ဘီစီ ၅၈၆ ခုနှစ်တွင် ပြိုလဲပျက်စီးသည်။  ဇေဒကိ၊မင်းညီမင်းသား များ၊ စစ်သားများ ထွက်ပြေးကြသော်လည်း မလွတ်။  ရိဗလသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြသည်။  ဘုရင်သားတော်များကို ကွပ်မျက်သည်။  ဘုရင်ကြီး၏ မျက်လုံးများ ထုတ်ပစ်သည်။  လက်လုပ်လက်စား၊ ဆင်းရဲသား ငမွဲငသေများကိုသာ ယေရုရှလင်တွင် ချန်ထားပြီး ၊ ရှိသမျှ စည်းစိမ်ရတနာများကို လုယူသိမ်းဆည်းသွားကြသည်။  ယေရုရှလင်မြို့ လည်းပျက်စီးသွားသည်။

၃၉:၁၁၁၄ ဗာဗုလုန်ဘုရင် နေဗုခပ်နေဇာမင်းတရားကြီး၏ ညွှန်ကြားချက်အရ ကိုယ်ရံတော် တပ်မှူး နေဗုဇာရဒန်သည် ယေရမိအား ညှဉ်းဆဲခြင်း မပြု။ ကောင်းမွန်စွာ ဆက်ဆံပြုစုသည်။  အချုပ်ဖြင့်မထား၊လွတ်လပ်စွာ ထားသဖြင့် အဟိကံ၏သားဝေဒီလိထံတွင် ယုံကြည်စိတ်ချစွာ နေခွင့် ရသည်။

၃၉:၁၅၁၈ ယေရမိသည် ကုရှင်အမျိုးသားဧဒမေလက်အား ဘုရားသခင်က အသက်ဘေးအန္တရာယ်မရှိ၊  လုံခြုံစွာ ရှိစေမည့်အကြောင်း ပရောဖက်ပြုသည်။  အသက်ဘေးရန် ရောက်သောကာလ၌ လုံခြုံမှုပေးမည် ဟုဆိုသည်။  အပိုဒ် ၁၅-၁၈ သည် ၃၈း၁၃ နောက်နားတွင် ရှိလျှင် ပိုမိုဆက် စပ်မည်။

Previous Article
Next Article