ယေရမိအနာဂတ္တိကျမ်း ၅

() ယုဒတို့၏ အပြစ်ဒုစရိုက်တရား စီရင်မည့်အကြောင်း (အခန်း၅)

: ယေရုရှလင်မြို့တွင် ဖြောင့်မတ်စင်ကြယ်သူ တစ်ယောက်မျှ ရှိလျှင် ယေရုရှလင်မြို့ကို တရားမစီရင်၊ အပြစ်ခွင့်လွှတ်မည်ဟု ဆိုသည်။ ယေရမိက လည်း ဆုံးမခြင်းကို မနာခံငြင်းပယ်သူများ၊ အသိတရား ခေါင်းပါးသူများ အကြား၌ တစ်ယောက်မှ ရှာမတွေ့။ ထို့ကြောင့် သတိတော်ပေးထားသည့်အတိုင်း ငတ်မွတ်နေသောခြင်္သေ့၊ ဝံပလွေရိုင်း၊ ကျားသစ်တို့၏ စီရင်ဆုံးမခြင်း ခံကြရတော့မည်။ တစ်ကြိမ်တခါက တိတော်ပြုထားသောလူများအပေါ်သို့ ဘုရားသခင်၏ သစ္စာတရားသည် ခိုင်မြဲပါသည်။ သံယောဇဉ် မဖြတ်နိုင်ပါ။ ခွင့်လွှတ်ဖို့ အမြဲတမ်း အဆင်သင့် ရှိသည်။ သို့သော် ယုဒများက “မှားမိပါသည်”ဟု ဝန်ခံခြင်း မပြု။  ဘုရားရှင်ကို သစ္စာဖောက် တရားတု၊ တရားယောင်၊ ရုပ်တုဆင်းတုနောက်သို့ တကောက်ကောက် ပါသွားကြသည်။ အကျင့်စာရိတ္တ ဖောက်ပြန်ကြပြီတကား။

() ယေရုရှလင်မြို့ ပျက်သုဉ်းမည့်အကြောင်း နိမိတ်ပေးခြင်း(အခန်း၆)

:၁၀၁၃ ရန်သူများအား ကျူးကျော် စီးနင်းခွင့်ပြုလိုက်ပြီ။ (သို့သော်  ပျက်စီးခြင်းကို မစဲစေနှင့်)။ ဣသရေလနှင့် ယုဒလူများသည် ဘုရားသခင်ကို ကြက်သီးမွှေးညှင်း ထအောင် ဆန့်ကျင်ငြင်းပယ်၍ ပရောဖက်များကလည်း လေသက်သက်ဟောကြသည်။

:၁၄၁၉ ယေရမိ၏ ဤပရောဖက်ပြုချက်သည် မီးကဲ့သို့ ပူပြင်းတောက်လောင်၍ လောင်စာကဲ့သို့သော လူအပေါင်းကို တောက်လောင်စေသည်။ ယုဒ  ပြည်အား သိမ်းပိုက်ဖျက်ဆီးပစ်ရန် ဗာဗုလုန်တို့ကြွချီလာကြပြီ။ သို့သော်လည်း ထိုချေမှုန်းသုတ်သင်ခြင်းသည် ယုဒပြည်အား ဆုံးခန်းတိုင် မရောက်စေသေးပါ။  မိမိနေရပ်ဌာနေတွင် တိုင်းတပါးလူမျိုးကြား ဘုရားတုကို  ကိုးကွယ်ကြသကဲ့သို့ ရပ်ဝေးမြေခြားတွင် ဘုရားစစ်ဘုရားမှန်ကို ပြန်လည်အောက်မေ့ ရှိခိုးကြမည့် အချိန်ရောက်လာဦးမည်။

:၂၀၃၁ ဘုရားသခင်၏ လူများထုံထိုင်းမိုက်ရိုင်းပုံသည် အံ့ဩလောက်သည်။ ပင်လယ်သမုဒ္ဒရာက နှုတ်ကပတ်တော်ကို နာခံသော်လည်း ဘုရားသခင်၏လူများက မနာခံ။ ကြောက်လန့်ရိုသေခြင်း မရှိကြ မိုးဦး၊ မိုးနှောင်းရွာစေလျက်သီးနှံဖြစ်ထွန်းစေသောအရှင်သခင်ကို ချစ်ကြောက်ရမှန်း မသိကြ။ ထိုသို့ ဆိုးသွမ်းမိုက်ရိုင်းသူများကို ဘေးမဲ့လွှတ်ထား၍ မဖြစ်။ ကျောင်းမှန်းဂန်မှန်းသိအောင် ဆုံးမရမည်။ ဆန်ရင်းနာနာ ဖွတ်ရမည်။ အသုံးမကျ အပုန်ကန်မှုများကို လိမ္မာရေးခြားရှိအောင် ပြုပြင်တည့်မတ်ပေးရမည်။ ထိုအကြောင်းကို Kelly က ဤသို့မှတ်ချက်ပြုထားသည်။

ရွေးချယ်တော်မူသောလူမျိုး၏ မိုက်ကန်းမှုသည် ဆုံးခန်းတိုင်သည်ရောက်ပြီဟု မထင်မှတ်။အံ့ဩကုန်နိုင်ဖွယ်ရာ ဆိုးမိုက်ကြသည်။  ပေရောဖက်များက အမှားမှားအယွင်းယွင်း ပြောချင်သမျှလျှောက်ပြောရကြသည်။ ယဇ်ပုရောဟိတ်များက စည်းစနစ် မထိန်းသိမ်းကြ။ သို့သော်လည်း ဘုရားသခင်၏ လူများက ထိုသူများကို ယုံစားနေကြဆဲ။ အဆုံးမှာ မည်သို့ ရှိကြမည်နည်း”( ငယ် ၃၀၊၃၁)

အကျင့်စာရိတ္တ၊ အယူအဆ ဖောက်ပြားမှောက်မှားကုန်ပြီ။  အဖတ်ဆယ်စရာမရှိတော့ပါ။  သို့သော်လည်း ဘုရားသခင်သည် ချက်ချင်းလက်ငင်း အပြစ်တရားမစီရင်သေး။၅

Previous Article
Next Article