ယေရမိအနာဂတ္တိကျမ်း ၅၀

(စျ)ဗာဗုလုန်အမျိုး (အခန်း၅၀၅၁)

          ၅၀:၁-၁၆ ဤအခန်းကြီးနှင့် လာမည့်အခန်းတို့တွင် ဗာဗုလုန်သားများအား တရားစီရင်မည့်အကြောင်း ရေးထားသည်။ မေဒိများက ဗာဗုလုန် သားများအနိုင်ယူ ဖမ်းဆီးခေါ်ဆောင်ခြင်းဖြင့် ပရောဖက်ပြုချက် တစ်ချို့တစ်ဝက်ပြည့်စုံသွားပြီ။ သို့သော် ကျန်ကြွင်းသောအချက်များသည် အနာဂတ်ကာလတွင် ပြည့်စုံသည်။

ယေရမိအနာဂတ္တိကျမ်းတွင် ဗာဗုလုန်ဟူသော စကားလုံးကို (၁၆၄)ကြိမ် သုံးထားသည်။ ထိုတိုင်းပြည်သည်လည်း မြောက်ဘက်တိုင်းနိုင်ငံများက တိုက်ခိုက်အနိုင်ယူကြမည်။ ဗာဗုလုန်နိုင်ငံ အပြစ်တရား စီရင်ခြင်းခံရမည့်ကြောင်း၊ ပထမဦးဆုံး အကြိမ်ရေးထားသည်။ ဗာဗုလုန်နိုင်ငံ ပြိုလဲပျက်စီး သွားသောကြောင့် ကွဲလွင့်နေသော ဂျူးလူမျိုးများ၊ ဖမ်းဆီးခြင်းခံရသော ယုဒလူမျိုးများ နေရင်းဌာနေသို့ ပြန်ရောက်ကြမည်။ တိုင်းနိုင်ငံသားပေါင်းစုံ ပါဝင်သော ဗာဗုလုန်တပ်ပြိုလဲမည်။ အပိုဒ်ငယ်(၁၁) တွင်ခါလဒဲစစ်သားများ သို့ဦးတည် ပြောဆိုသည့် “သင့်မိခင်” ဟူသောစကားသည် ဒေသခံများကို ဆိုလိုသည်။ BBCကျမ်းသည် ဟေရှာယ၁၃:၁၄၂၂ကို ကိုးကား၍ ဗာဗုလုန် ပျက်စီးမည့်အကြောင်း တင်ပြသည်။

၅၀:၁၇၃၄ အစိပ်စိပ်အမွှာမွှာ ပြန့်ကြဲနေသော ဣသရေလသိုးများကို မြေဩဇာကောင်းမွန်၍ မြက်ခင်းနုနု စိမ်းလန်းစိုပြေသောနေရာတွင် ပြန်လည်စုစည်းနေရာချထားမည်။ အပိုဒ်ငယ်၂၀-၃၂တွင် ဗာဗုလုန်များအပေါ် ဘုရားသခင်၏ အမျက်ဒေါသ ကျရောက်မည့်အကြောင်း ရေးထားသည်။ သို့နောက် ပိုင်းတွင် ဣသရေလနှင့် ယုဒလူများကို ဘုရားသခင်ကို အမှတ်ရတော်မူမည်။  သူတို့အပြစ်များကိုလည်း ခွင့်လွှတ်တော်မူမည်။

၅၀:၃၅၄၆ ဗာဗုလုန်သားများသည် ဓါးဘေးလှံဘေး စောင့်နေသူများ ဖြစ်သည်။ နယ်ချဲ့ စစ်တိုက်သမားများက ဝင်ရောက်တိုက်ခိုက်၍ တလှည့်ဖျက်ဆီးကြမည်။ ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်ခံစားကြမည်။ ဗာဗုလုန်ပြိုလဲခြင်း အကြောင်းကို အနယ်နယ်အရပ်ရပ်ရှိ လူမျိုးများက ကြားသိလိမ့်မည်။ အပိုဒ်ငယ် ၄၁-၄၆သည် ယုဒနှင့် ဧဒုံလူမျိုးနှင့် သက်ဆိုင်၍ (၆:၂၂-၂၄၊၉:၁၉-၂၂) သည် ဗာဗုလုန်သားများအကြောင်း ဖြစ်သည်။

Previous Article
Next Article