ယောနဝတ္ထု ၃
၃။ ဘုရားသခင်၏နှုတ်ကပတ်တော်ဟောကြားခြင်း(အခန်း၃)
(က) ကြောက်မက်ဖွယ်ရာ တရားစီရင်ခြင်း (၃:၁–၄)
ဘုရားသခင်က ယောနအား နိနေဝေမြို့သို့ တဖန်စေလွှတ်သည်။ နောင်ကြဉ်သွားပြီဖြစ်သဖြင့် ဤတခေါက်တွင်မူ အပိုးကျိုးစွာနာခံသည်။ မြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက်၊ နောက်ရက်ပေါင်း(၄၀)လွန်သော် နိနေဝေမြို့ပျက်စီးမည့်အကြောင်း တလမ်းဝင် တလမ်းထွက် လိုက်လံဟောပြောသည်။
(ခ) မြို့တော်အဝှမ်းနောင်တရကြခြင်း(၃:၅–၉)
ငါးဘုရားကို ကိုးကွယ်နေကြသော နိနေဝေသားများသည် ယောန၏ စကားကို ကြားကြသောအခါ ထိတ်လန့်ကြသည်။ လူမိုင်းတွင် ထိုသတင်းစကားမျိုးမကြားဘူးကြသဖြင့် စိုးရိမ်ထိတ်လန့်ကြသည်။ လမ်းသွားလမ်းလာများမရှိ။ လူခြေတိတ်သွားသည်။ ယောနသည် နိနေဝေသားများအတွက် အတိတ်မိတ်ယူဆောင်သူဖြစ်သည်။ မြို့တော်နှင့်အဝှမ်း နောင်တရလျက် ထာဝရဘုရားသခင်ကို အကြီးမြတ်ဆုံးဘုရင်မှသည်အယုတ်ညံ့ဆုံးသူအထိ ယုံကြည်ကြသည်။ လူရောတိရစ္ဆာန်များပါ အစာရှောင် ဥပုသ်စောင့်ကြသည်။ ဘုရင်ကိုယ်တိုင် လျှော်တေ အဝတ်ဝတ်၍ ပြာပုံတွင်ထိုင်သည်။
(ဂ) တရားစီရင်ခြင်းမှုပယ်ရှားခြင်း (၃:၁၀)
ထိုသို့ယုံကြည်ခြင်း၏ ရလဒ်ကြောင့် နိနေဝေမြို့သည် ချမ်းသာရာရသွားသည်။ သို့သော်လည်း အမျိုးမမှန် ပင်မသန် ဆိုစကားအတိုင်း အာရှုရိသားများက ခွေးမြီးကောက်ကျည်တောက်စွပ်သကဲ့သို့ ဖြစ်ကြ၏။ နကိုယ်မူလလမ်းဟောင်းသို့ ပြန်သွားကြသဖြင့် နှစ်ပေါင်း(၁၅၀) ကြာလာသောအခါ မြို့တော်သည် တိမ်ကောပပျောက်သွားသည်။