ယောဘဝတ္ထု ၁၁
၆။ ဇောဖာ၏စကားဦး (အခန်း ၁၁)
၁၁း ၁-၁၂ နေမတ်သားဇောဖာသည် ငါးစိမ်းသည်ကဲ့သို့ ကက်ကက်လန်ပြန်ရန်တွေ့တတ်သော နူတ်သီးကောင်းသူဖြစ်သည်။ သူ့စကားကို အချက်ကျကျပြန်ဖြေရလောက်အောင် အနှစ်မရှိ။ ပေါက်လွှတ်ပဲစားစကားဖြစ်သည်။ ယောဘ၏တတိယမိတ်ဆွေ စကားကို Ridout က ဤသို့ဆိုသည်။
ဇောဖာသည် ကြက်တူရွှေးနှုတ်သီးပိုင်ရှင်ဖြစ်သည်။ ကက်ကက်လန့် နှုတ်လှန်ထိုးတတ်သည်။ မောရှေမိန်းမကဲ့သို မသိစိတ်တွင် ဘုရားတရား ပစ်မှားသူဖြစ်သည်။ ယောဘ၏ ခန္တာကိုယ်ပေါ်မှ အနာရောဂါများအား တမျိုးမြင်၍အပြစ်ရှာသူဖြစ်သည်။ ငှက်အနေဖြင့်ပြောရလျှင် သစ်တောက်ငှက်ကဲ့သို့ နာကျင်အောင် ထိုးဖောက်နိုင်သူဖြစ်သည်။၁၄
ယောဘက ဘုရားသခင်ပြုမူသောအမူအရာဟု မြင်သော်လည်း ဇောဖာကမူ ဆန့်ကျင်ဘက်အမျှော်အမြင်ရှိသည်။ ဘုရားတရားမရှိခြင်းက သူ့အားမေးခွန်းပေါင်းများစွာပြန်မေးစေသည်။ ငယ် ၁၂ သည် ပစ်ပစ်ခါခါ တစ်တစ်ခွခွပြောရက်သည်။ ဇောဖာက ယောဘအား သူ့စကားကို “မြည်ကလူမွေးဦးနောက် မရှိသော လူမိုက် (ယောဘ) လည်း အသိတရားဝင်လာလိမ့်မည်”ဟုဆိုသည်။
၁၁:၁၃-၂ဝ ယောဘအတွက်အကောင်းဆုံးနည်းလမ်းသည် အပြစ်ဒုစရိုက်များကို ဖယ်ရှားခြင်းဖြစ်သည်။ သို့မသာလျှင် ဘုရားသခင်က ငြိမ်သက်ချမ်းသာခြင်းပေးမည်။ သို့မဟုတ်လျှင်မူကား ပျက်စီးခြင်းမှ လွတ်မြောက်ရာလမ်းမရှိ။