ယောဘဝတ္ထု ၁၂
၇။ ယောဘ၏ချေပချက် (အခန်း ၁၂-၁၄)
၁၂:၁-၆ ယောဘက သူ့မိတ်ဆွေများ၏ဉာဏ်ပညာအား စွပ်စွဲသည်။
သင်တို့သာလျှင်လူဖြစ်၍
သင်တို့နှင့်အတူဉာဏ်ပညာသေလိမ့်မည်။
ဘုရားသခင်ကို သိကျွမ်းသူများသည် ဉာဏ်ပညာ နှင့်အစွမ်းတန်ခိုးရှိသည်။ သို့သော် ဘုရားတရား ကိုင်းရှိုင်းသူ၏ ဆင်းရဲဒုက္ခခံစားခြင်းနှင့် ဘုရားတရား မသိသူ၏ ကြွယ်ဝချမ်းသာခြင်းကို မည်ကဲ့သို့ဆက်စပ် နားလည်နိုင်မည်နည်း။ “ဒုက္ခရောက်နေသော ငါ့ကိုဟားတိုက်ရယ်မောကြသည်။ ယိုင်လဲနေသူကို တွင်းချပစ်ချင်သည်” (ငယ် ၅ TEV) ဟုဆိုသည်။
၁၂:၇-၁၂ ရေသတ္တဝါ တောသတ္တဝါမှစ၍ ကျေးဌက်သာရကာများက မိမိဖန်ဆင်းရှင်ကို သိရှိကြသည်။ လူကမသိသော်လည်း လျှာကဟင်းအရသာသိသာသည်။ နားသည်စကားအကောင်းနှင့် အပျက်ခွဲခြားတတ်သည်။ သို့ကြောင့် အသက်ကြီး၍ အတွေ့အကြုံရင့်ကျက်သူမှန်လျှင် မိမိအရှင်သခင်ကို ခွဲခြားသိရှိရသည်။
၁၂:၁၃-၂၅ ဘုရားသခင်၏ ဉာဏ်ပညာကျယ်ပြန့်နက်နဲ့ပုံ ခွန်အားကြီးမားပုံတို့ကို ယောဘရှင်းပြသည်။ ဘုရားသခင်က အစီအစဉ်ရှိတော်မူသည့်အတိုင်းအရာ ခပ်သိမ်းကို ဇောက်ထိုးပြောင်းပြန်ဖြစ်စေနိုင်သည်။