ယောဘဝတ္ထု ၃၀
၃ဝး၁-၈ ယခုမူကားမလောက်လေးမလောက်စား၊ မိမဆုံးမ ၊ ဖမဆုံးမသားများက ငါ့ကိုစော်ကားပြောင်လှောင်နေကြပြီ။ တချိန်က သူတို့အဖေများ ငါသိုးထိန်းခွေးနေရာတွင် မထားချင်သူများဖြစ်သည်။ စုတ်ပြတ်ချိနဲ့၍ ကြုံရာကောက်စားသူများ ဖြစ်သည်။ လူတကာကို ရန်တွေ့ပစ္စည်းမဲ့ဒေါသပေါက်ကွဲသူများဖြစ်သည်။ နေရာအတည်အကျမရှိ။ခြေသလုံး အိမ်တိုင်တည်သော တေလေဂျပိုးများဖြစ်သည်။
၃ဝး၉-၁၅ ယခုတွင်မူကားယောဘသည် “လူငယ်လူရွှယ်များ၏ အဖျက်သီချင်းနောက်ပြောင်စရာ ရွံရှာဝေးဝေးရှောင်စရာ၊ ပုံနှိုင်းစရာ၊ ခြေထောက်ဖြင့်ကန်ကျောက်စရာ၊ လမ်းပိတ်ဟန့်တားစရာ” ဖြစ်နေပြီ။ မျက်နှာကို တံတွေးဖြင့်ထွေးနေကြပြီ။ တချိန်ကယောဘ၏ကျက်သရေမျက်နှာထားများသည် တိမ်သလ္လာဖုံး၍ ပျောက်ကွယ်ကုန်ပြီ။
၃ဝး၁၆:၂၃ ခန္ဓာကိုယ်ပေါ်မှ အနာစိမ်းများသည် ကိုက်ခဲနာကျင်လွန်းသဖြင့် သက်သာလိုသက်သာငြား ပြာပုံထဲလူးလိပ်နေပြီ။ သေဖို့အဆင်သင့် ပြင်စောင့်နေသည်။ သို့သော် ဆုတောင်းချက်မပြည့်စုံ။ သေလုမတတ် နာကျင်ဝေဒနာခံစား၍ သေဖို့တတွင်တွင်ဆုတောင်းသော်လည်း ဆုတောင်းမပြည်။
၃ဝး၂၄-၃၁ သေလုမတတ်ခံစား၍ သေချင်သော်လည်း မရောက်နိုင်။ အနာရောဂါသာလျှင် လူးလှိမ့်ခံစားနေရသည်။ သူတပါးကို မေတ္တာ ဂရုဏာထားသော်လည်း တန်ပြန်အကျိုးသက်ရောက်မှုမခံစားရ။ အထီးကျန်ခြင်းနှင့် လူရာမသွင်း ဝိုင်းကြဉ်ခြင်းသာခံရသည်။ အနာရှိန်ကြောင့် ခန္ဓာကိုယ်တုန်လှုပ်နေကဲ့သို့ စိတ်နှလုံးသည်လည်း ချောက်ခြားနေသည်။ ယောဘကဲ့သို့သော် လူမှန်အား ဘုရားသခင်သည် အဘယ်ကြောင့် တောခွေး၊ ကုလားအုပ်ငှက် များနှင့် ဆွေမျိုးစပ်ပေးချင်သနည်။