ယောဘဝတ္ထု ၄၁

(၃) လေဝိသန်ငါးကိုကြည့်ခိုင်းခြင်း အခန်၄၁

ဘုရားသခင်သည် ယောဘ၏ ဆင်ခြေဆင်လက်များကို တည့်တိုးအဖြေမပေးပါ။ “သင့်ထက်အဆ ပေါင်းများစွာ တန်ခိုးကြီး၍ အမှုလက္ခဏာပြုနိုင်သောသူ၏ ဉာဏ်ပညာမြင့်မားပုံနှင့် ချစ်ခြင်းမေတ္တာသည် ကျပ်ပြန့်ပုံကို သိရှိဝန်ခံစေရမည်” ဟုဆိုသည်။

၄၁:၁-၉ ဘုရားသခင်၏ ဖန်ဆင်းထားသော သတ္တဝါများတွင် အများနှင့်မတူ တမူထူးခြားသောသတ္တဝါမှာ လေဝိသန်ငါးဖြစ်သည်။ ထိုငါး အကြောင်းကို ယောဘ အဘယ်မျှ သိရှိသနည်း။ ဘုရားသခင်က သိစေချင်သည်။ “လက်နှင့်ထိရုံမျှထိကြည့်ပါ။ နောက်တဖန်ရန်ပြုစရာ အကြောင်းရှိတော့မည်မဟုတ်”(ငယ် ၈ TEV)။ လေဝိသန်ငါးဆိုသည်မှာ ရှေးဦးခါနန်စာပေများတွင် တွေ့ရသော “ဦးခေါင်းခုနှစ်လုံးရှိသည့် ပင်လယ်နဂါးဖြစ်သည်”။ Anderson က “ဝေလိသန်ငါးသည် ဒဏ္ဠာရီပုံပြင်ထဲက ရေသတ္တဝါမဟုတ်”၄၀ ဟုဆိုသည်။

အင်္ဂလိပ်စကားလုံးတွင် အသုံးနေသော Thursday, January နှင့် Hell များသည်လည်း ဗာဟိရဝါဒီမှ ယူဆောင်လာခြင်းဖြစ်သည်။ မူရင်းစာပေတွင် အမှန်တကယ်ရှိသည် ဟုမယုံကြည်ကြ။ ယနေ့ခေတ်ကာလ တွင်ထိုသတ္တဝါရှိခဲ့သည်ဟု အတည်ပြုနိုင်သော်လည်း ဘုရားသခင်က ယောဘအား စိမ်ခေါ်ခြင်းဖြစ်သောကြောင့် မရှိတန်ရာဟု မဆိုနိုင်ပါ။ ယနေ့ကာလတွင် မြင်တွေ့နိုင်သော နိုင်းလ်မြစ်၀ှမ်းဒေသရှိ မိကျောင်းမျိုးနှင့် ဆင်တူယိုးမှားဖြစ်နိုင်သည်။

ဗေဟာမုတ်ကို ကုန်းသတ္တဝါဟု ယူဆလျှင် ဝေလိသန်ငါးသည် ရေသတ္တဝါကို ကိုယ်စားပြုပါမည်။ လေဝိသန်ကို ငါးမျှားချိတ်၊ ကြိုး၊ ပိုက်ကွန်များဖြင့် ဖမ်းဆီး၍ မရနိုင်ပါ။ အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူ၍မရနိုင်သကဲ့သို့ ယဥ်ပါးအောင်လည်း မလုပ်နိုင်ပါ။ ဓားလှံ လက်နက်ကြီးကိုင်၍ ဘယ်သူမှ အနားသို့ မသီ၀ံ့ကြ။

၄ဝး၁၀-၁၁ ဘုရားရှင်က မေးခွန်းအလေးအနက်ထုတ်သည်။ ဘုရားသခင်ဖန်ဆင်းထားသော ထိုသတ္တဝါရှေ့မှာ ရပ်တည်နိုင်စွမ်းမရှိကြလျှင် ထိုသတ္တဝါကို ဖန်ဆင်းသော အရှင်သခင်ရှေ့တွင် မည်သည့် လူသားရပ်တည်နိုင်စွမ်းရှိသနည်း။ အပြင်ပန်းသဏ္ဠာန် ခွန်အားဗလသာ သူ့ကိုမနိုင်လျှင် နှလုံးရည် အတွင်းခွန်အားနှင့်ပြည့်ဝသော အရှင်သခင်ကို မည်သို့ပြိုင့် ဝံ့မည်နည်း။ထိုအကြောင်းကို Kline ကဤသို့ဆိုသည်။

ကျမ်းချက်၏အဓိကအချက်ဖြစ်သည်။ ယောဘသည်သူ့ အစွမ်းအစမပြည့်စုံမှုကို သဘောပေါက်သွားသည်။ ဖန်ဆင်းထားသောသတ္တဝါကို မအောင်မြင်လျှင် ထိုသတ္တဝါဖန်ဆင်းရှင်ကို မော်ကြည့်ဖို့ရန် မထိုက်တန်။၄၁

၄၀း ၁၂-၃၄ လေ၀ိသန်၏ခွန်အား ဗလသည် အံ့မခန်းလိလိသန်မာသည်။ မာကြောခိုင်ခံ့သော အရေခွံရှိသည်။ ခုတ်ထစ်၍မရ။ ပါးစပ်နှင့်သွားများသည်လည်း အလွန်အရောင်ထွက်သည်။ ဓားလှံများဖြင့်အရေခွံမတိုး။ သူမျက်လုံးစုံ၊ ပါးစပ်နှင့် နှာခေါင်းများမှ ရောင်စဥ်လျှံတောက်၍ ကြောက်မက်ဖွယ်ရာဖြစ်သည်။ အရိုးအသားအကြောများလည်း တိုးမပေါက်အောင် ခိုင်ခံ့မာကြောသည်။ ကြောက်စိတ်အလျင်းမရှိ။ စိတ်နှလုံးခက်ထန်မာကြောသည်။ မည်သည့် ဓားလှံလက်နက်ကိုမှ ဂရုမစိုက်။ ဖုတ်လေသည့် ငါးပိ ရှိသည်ဟု မအောက်မေ့။ သူသွားရာ စွပ်ကြောင်းနောက်တွင် ရေမျက်နှာပြင်အရောင်ထွက်သည်။ နေရောင်ထဲ မှန်ကွဲမှန်စများကဲ့သို့ အရောင်တောက်သည်။ ပွက်သည့် ‌ရေနွေးအိုးပမာ ရေကိုလျှံစေသည်။ ရေပြင်တခုလုံး လှုပ်ရှား ဘောင် ဘင်ခတ်စေသည်။ အရှေ့တိုင်းစကားအရဆိုလျှင် “ရေသတ္တဝါဘုရင်မီးကျောင်းမင်း၏ မာန်မာနအပေါ်၌ မင်းမူသည်။ ၄၂

ဤကျမ်းချက်တွင် ဒိုင်နိုဆော်နှင့် တောရိုင်းတိရစ္ဆာန်များ၏ ခွန်အားဗလကြီးမားပုံနှင့် ကြောက်မတ်ဖွယ်ရာကောင်းပုံများကို ဘုရားသခင်ကိုယ်တိုင် ထုတ်ဖော်ရှင်းပြခဲ့သည်။ ထိုသတ္တဝါများအားလုံးသည် ဘုရားသခင်၏လက်ရာတော်များဖြစ်သည်။ ခွန်အားဗလကြီးထွားကြ သည်။ ထိုသို့သော ကြောက်မတ်ဖွယ်သတ္တဝါများ ကုန်းမှာ ဗေဟမုတ်၊ ရေမှာလေဝိသန် ရှိကြသကဲ့သို့ လူများကို ဘေးရန်မပြုနိုင်သော သမင်ဒရယ်များနှင့် တွားသွားသတ္တဝါငယ်များလည်း ရှိသည်။ ဘုရားသခင်၏လက်ရာတော် ဘုန်းတန်ခိုး ဉာဏ်ပညာတော်များသည် လူ့အသိစိတ်ဖြင့် လိုက်မမှိအောင် ကြီးမားလွန်းသည်။

Previous Article
Next Article