ယောရှုမှတ်စာ ၁၂

() စစ်အောင်မြင်မှုအကျဉ်းချုပ် (အခန်း ၁၂)

          ၁၂: ပထမပိုင်းအခန်းငယ် (၆)ခုတွင် အာမောရိဘုရင် ရှိဟုတ်မင်း၊ ဗာရှန်ဘုရင် ဩဃမင်းအပေါ် မောရှေ၏ အောင်နိုင်မှုကို မှတ်တမ်းတင်ထားသည်။ ဤအောင်မြင်မှုများသည် ဣသရေလတို့၏ အောင်မြင်မှုသမိုင်းကြောင်း အလှည့်အပြောင်းဖြစ်သည်။ တိုက်ခိုက်သိမ်းပိုက်မိသော ယော်ဒန်မြစ်အရှေ့ဘက်ကမ်းနယ်မြေကို ဣသရေလလူမျိုး ၂၁/၂ သို့ခွဲဝေပေးလိုက်သည်။

၁၂:၂၄ ယော်ဒန်မြစ်မဖြတ်ကူးမှီကပင် ဘုရားသခင်က ဣသရေလလူများသို့ ကတိတော်ပြုထားပြီးဖြစ်သည်။ “သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်ထက်၌ အပ်တော်မူသဖြင့် သူ့တို့ဘွဲ့နာမကိုပင် ကောင်းကင်အောက်မှ ပယ်ရှင်းရမည်။ သူတို့ကို မပျက်စီးမီတိုင်အောင် သင့်ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ” (တရား ၇:၂၄)။ ဘုရားသခင် ကတိတော်အတိုင်း ရှင်ဘုရင်ပေါင်း သုံးဆယ့်တစ်ပါး ယောရှုသုတ်သင်ခဲ့သည် (ငယ် ၇-၂၄)။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းတွင် ဖမ်းဆီးသုတ်သင်သည့် ဘုရင်စုစုပေါင်း (၃၁)ပါးရှိသည်။

Previous Article
Next Article