ယောရှုမှတ်စာ ၂၁

() လေဝိမြို့ကြီးများ (အခန်း ၂၁)

          ၂၁:၄၂ ဣသရေလပြည်အနှံ့အပြားတွင် လေဝိမြို့ပေါင်း(၄၈)မြို့ရှိသည် (ငယ်၄၁)။ ဘေးမဲ့မြို့ကြီးများသည်လည်း လေဝိအမျိုးသားများနှင့် ပတ်သက်သည်ဟု ဘုရားရှင် မိန့်ဆိုထားသည် (တော ၃၅:၂-၈)။

ကောဟတ်အမျိုး

(က) အာရုန်၏သားများ (ယဇ်ပုရောဟိတ်များနယ်မြေတွင် ယုဒ၊ ရှိအောင်၊ ဗင်္ယာမိန် လူများအကြား၌ မြို့ပေါင်းတစ်ဆယ့်သုံးမြို့။

(ခ) ကောဟတ်အမျိုး၏ အဓိကနေရာများ၊ ဧဖရိမ်၊ ဒန်နှင့်မနာရှေလူများအကြားတွင် မြို့ပေါင်းတစ်ဆယ် မြို့။

          ဂေရရှုံအမျိုး            ။ ဣသခါ၊ အာရှာ၊ နဿလိနှင့် မနာရှေ၊ လူတစ်ဝက် နေသော နေရာများကြားတွင် မြို့ပေါင်း တစ်ဆယ့်သုံးမြို့။

          မေရာရိအမျိုး          ။ ရုဗင်၊ ဂဒ်နှင့်ဇာဗုလုန် လူမျိုးများအကြားတွင် မြို့ပေါင်းတစ်ဆယ့်နှစ်မြို့။

ယုဒနှင့်ရှိမောင်လူမျိုးများမှလွဲ၍ အခြားလူမျိုးများတွင် လေးမြို့စီရှိသည်။ ယုဒနှင့်ရှိမောင် နှစ်မျိုးကြားတွင် (၉)မြို့ရှိ၍ နဿလိအမျိုးတွင် (၃)မြို့ရှိသည်။

ဘေးမဲ့ခိုလှုံရာမြို့များကို လေဝိအမျိုးလက်ထဲသို့ အပ်နှံထားသည် (ငယ် ၁၃၊၂၁၊၂၇၊၃၂၊၃၆၊၃၈)မှာ ယာကုပ်သို့ ပရောဖက်ပြုချက် ပြည့်စုံခြင်း ဖြစ်သည် (က၄၉:၅-၇)။ လူထုပရိသတ်အား သွန်သင်မှုကို ပိုမိုထိရောက်ပံ့ပိုးစေသည်။

၂၁:၄၃ ဤကျမ်းပိုဒ်ကို အခြားကျမ်းချက်အလင်းထဲမှာ ဖတ်ရှုရသည်။ ဣသရေလမမြေသည် အဲဂုတ္တုမြစ်မှ ဥဖရတ်မြစ်ထိကျယ်ပြန့်သည်ဟု ဆိုလိုခြင်းမဟုတ်။ သွားနိုင်သမျှမြေအကျယ်ဝန်းကို ကတိတော်အတိုင်း ယောရှုက ဣသရေလလူများသို့ ခွဲဝေပေးသည်ဟု ဆိုလိုပါသည် (ယောရှု ၁:၃)။

၂၁:၄၄ အပိုဒ်ငယ် ၄၄ကိုလည်း ဂရုတစိုက်ဖွင့်ဆိုရသည်။ ကတိတော်မြေပေါ်တွင် ခါနန်လူများ လုံးဝဥဿုံချုပ်ငြိမ်းခြင်းမရှိသေးပါ။ ကောက်သင်းကောက်စရာတစ်ယောက်စ၊ နှစ်ယောက်စ ကျန်ရှိနေသေးသည်။ ဣသရေလလူတို့အား ရန်သူကို အောင်မြင်ခွင့်ပေးထားပြီးဖြစ်သည်။ အကယ်၍ ရန်သူများကို အောင်နိုင်ခွင့်မပေးခဲ့ပါက ယခုကဲ့သို့ နေနိုင်ကြမည်မဟုတ်။

          ၂၁:၄၅ ပြုခဲ့သောကတိတော်များ ပြည့်စုံသည်။ တစ်ခုမှ ချို့ယွင်းချက်မရှိပါ။ ဘုရားသခင်၏ ကတိတော်ကို ဖူးမျှော်ကြည့်ပါ။ သို့သော်လည်း ဣသရေလလူဘက်ကမူ ကတိတည်ခြင်းမရှိကြ။

Previous Article
Next Article