ရာဇဝင်ချုပ်ပထမစောင် ၂၀

၂၀:                  ဒါဝိဒ်မင်းကိုယ်တိုင်သည် ယေရုရှလင်မြို့တွင် နန်းစံ၍ (၂ရာ ၁၂:၁) ဗိုလ်ချုပ် ယွာဘအား ရဗ္ဗာမြို့ကို တိုက်ခိုက်သိမ်းပိုက် စေသည်။ ထိုမြို့ ကြံ့ကြံ့ခံသဖြင့် (၂)နှစ်တိုင်တိုင် ဝိုင်းရံတိုက်ခိုက်ကြသည်။ ထိုကာလတွင် ဒါဝိဒ်သည် သူ၏ စစ်သူရဲကောင်းသုံးကျိပ်စာရင်းဝင် ဥရိယ၏ မယားဗာသရှေဘအား မတရားကျင့်သည်။ ၂ရာ ၁၂တွင် ဒါဝိဒ်မင်း၏ ထိုအပြစ်နောင်တရပုံ ရှင်းပြသော်လည်း ဤကျမ်းတွင်မူ အပြစ်ဒုစရိုက်အကြောင်း ချန်လှပ်ထားသည်။ ရဗ္ဗာမြို့သိမ်းပိုက်ပြီးသောအခါ စိန်ရွှေရတနာ အပြည့်အလျှံထားသော ဘုရင့်သရဖူအား ဒါဝိဒ်မင်းထံသို့ ဆက်သသည်။

          ၂၀:  ဤကျမ်းပိုဒ်ရှိ လူသူများသည် စစ်သုံ့ပန်းများကို ဆိုလိုဟန်ရှိသည်။ ဟေဗြဲကျမ်းမူတွင် ထိုမြို့ခံစစ်သုံ့ပန်းများအား အကျဉ်းသား အလုပ်သမားများအဖြစ် စေခိုင်းသည်ဟုဆိုသည် (၂ရာ ၁၂ မှတ်စုကိုကြည့်)။

၂၀:                  လူ့ဘီလူးကြီး (၃)ဦးကျဆုံးခန်းဖြစ်သည်။ ဖိလိတ္တိလူများနှင့် တိုက်ခိုက်ကြစဉ် ဂေဇာတိုက်ပွဲတွင် ဟုရှသိလူ သိဗေခဲ က သာဖ၊ ယာဣယ၏သား ဧလဟာနန်က ဂေါလျတ်၏ ညီ လာခမိ၊ ဂါသတိုက်ပွဲတွင် ခြေလက်ခြောက်ချောင်း စီရှိသော လူ့ဘီလူကြီးအား ဒါဝိဒ်၏တူ ယောနသန် (ရှိမာ၏သား) က တိုက်ခိုက်သတ်ဖြတ်ကြသည်။ ဤကျမ်းချက်ကို Matthew Henry က ဤသို့ဖွင့်ဆိုသည်။

ဒါဝိဒ်၏စစ်သားများသည် သူ့လူကိုယ့်လူ သာမန်ဗလများရှိကြသော်လည်း အဆမတန် ခွန်အားဗလကြီးမားသော လူ့ဘီလူးကြီးများ သတ်ဖြတ်နိုင်ကြခြင်းမှာ သူတို့နှင့်အတူ ဘုရားသခင်ပါရှိခြင်းဖြစ်သည်။ ယုံကြည်သူများသည်လည်း ခွန်အားတန်ခိုးပြည့်စုံသော ဘုရားသခင်နှင့်အတူ ရှိနေသရွေ့ အဘယ်ရန်သူမျှ မှုစရာမဟုတ်။ သာမန်လူများထက် ခြေချောင်း၊ လက်ချောင်း ပိုသော်လည်း ဘုရားသခင်၏ လူများကို ဘာမှ မတတ်စွမ်းနိုင်ပါ။၁၆

Previous Article
Next Article