ဝတ်ပြုရာကျမ်း ၁၅

() တစ်ကိုယ်လုံးရောဂါပျံ့လျှင် စင်ကြယ်ခြင်း (အခန်း ၁၅)

          ၁၅:၁၈ အခန်းကြီး(၁၅)တွင် လူ့ခန္ဓာကိုယ်၌ မစင်ကြယ်ခြင်း လူ့သဘာဝအတိုင်း ဖြစ်သော်၎င်း၊ ရောဂါအရသော်၎င်း၊ ဖြစ်ပေါ်လာပုံတို့ကို ရှင်းပြထားသည်။ အပိုဒ်ငယ် ၁-၁၂တွင် တစ်ချိန်လုံး ရိနာကျ၍ ပြည်စိုနေသော ရောဂါရှင် မသတီ ဖယ်ရှားရမည့်အကြောင်း ရေးထားသည်။ အပိုဒ်ငယ် ၁၃-၁၅တွင် စင်ကြယ်ခြင်းအကြောင်း၊ ငယ် ၁၆-၁၈တွင် လူ့ခန္ဓာကိုယ်မှ မစင်ကြယ်သောအရေထွက်ခြင်း (ငယ် ၁၈)ကို ပြဌာန်းထားသည်။ မတော်တဆထွက်ခြင်းကို (ငယ် ၁၆-၁၇)တွင်၎င်း၊ မိမိစိတ်ဆန္ဒအတိုင်းထွက်ခြင်းကို ငယ်၁၈တွင်၎င်း ရှင်းပြထားသည်။

၁၅:၁၉၃၃ အငယ် ၁၉-၂၄ တွင် မိန်းမများ၏ ထုံးစံအတိုင်း မစင်ကြယ်ခြင်းကို ပြဌာန်းထားသည်။ ထိုလစဉ် မစင်ကြယ်ခြင်းအတွက်ယဇ်ပူဇော်စရာမလို။ အငယ် ၂၅-၃၀တွင် တစ်လတစ်ခါထုံးစံအတိုင်း မဟုတ်သော သွေးထွက်သံယိုအနာရောဂါ အကြောင်းရေးထားသည်။ သာမန်သွေးရိုးသားရိုးမဟုတ်။ အပိုဒ်ငယ် ၃၁-၃၃သည် အခန်းကြီးတစ်ခုလုံးအား ခြုံငုံ၍ ပြန်လည်ရေးသားခြင်းဖြစ်သည်။

Previous Article
Next Article