ဝတ်ပြုရာကျမ်း ၂

() ဘောဇဉ်ပူဇော်ခြင်း (အခန်း )

          ဘောဇဉ်ပူဇော်ခြင်း (Heb.minhãh) သည် မုန့်ညက် သို့မဟုတ် သက်သက် သို့မဟုတ် ဆီနှင့် နံ့သာမွှေးထပ်ထည့်ရသည် (ငယ် ၁)။ ချက်ပြုတ်ကြော်လှော်ခြင်းမဟုတ်။ မုန့်ညက်လက်တစ်ဆုပ်၊ ဆီ၊ လောဗန်တို့ကို ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ခြင်းဖြစ်သည် (ငယ် ၂)။ ပုံစံ (၃)မျိုးဖြင့် မုန့်ပြုလုပ်နိုင်သည်။ (၁)မီးဖို၌ ဖုတ်ခြင်း (ငယ် ၄) (၂)သံပြားပေါ်တွင် ဖုတ်ခြင်း (ငယ်၅)၊ (၃)အိုးကင်း၌ကြော်ခြင်း (ငယ် ၇)၊ တို့ ဖြစ်သည်။ KJV နှင့် RSV ကျမ်းမူတို့က “ဒယ်အိုးဖြင့်ကြော်သောမုန့်” ဟု ဆိုသည်။ သို့သော်ယုံကြည်သူ အများစုကမူ ပေါင်းသောမုန့်ဟု ယုံကြည်ကြသည်။ ထိုမုန့်ညက် လုပ်သောဂျုံမှုန့်သည် မိမိလယ်ကွက်မှ အဦးသီးသော အသီးကို မီးနားတွင်ထား၍ မြန်မြန်ခြောက်စေသောအနှံ ဖြစ်သည် (ငယ် ၁၄)။ အပိုဒ်ငယ်(၁၂)သည် သီးသန့်ပူဇော်ခြင်းဖြစ်သည်(၂၃:၁၅-၂၁)။ တဆေးပါသော မုန့်ညက်ကိုမူကား ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ခြင်းမပြုရ။

တဖန်ပူဇော်သက္ကာ ပူဇော်ရာတွင် တဆေးနှင့်ပျားရည်မပါရ (ငယ်၁၁)။ ဆိုလိုသည်မှာ အပိုမဆလာ မလို။ သဘာဝအချိုအစိမ့်အရသာ သက်သက်ဖြစ်ရသည်။ သို့သော် ဘုရားသခင်နှင့် ဣသရေလတို့အကြားတွင် ပဋိညာဉ်ပုံဆောင်သော ဆားထည့်ရသည်။ ထိုဆားကို ပဋိညာဉ်ဆား (ငယ်၁၁)ဟု ခေါ်သည်။ ဘုရားသခင်နှင့်ဣသရေလတို့အကြား ထားရှိသောပဋိညာဉ်သည် မပျက်ပြယ်နိုင်ဟု အနက်ရသည်။ (တော ၁၈:၁၉၊ ၆ရာ ၁၃:၅၊ ယေဇ ၄၃:၂၄ တို့ကိုကြည့်)။

ယဇ်ပူဇော်သူ၏ တာဝန်ဝတ္တရား။ ပူဇော်စရာဘောဇဉ်ကို မိမိအိမ်တွင် အဆင်သင့်ပြင်ဆင်၍ ယဇ်ပူဇော်ရာသို့ ယူဆောင်ပြီး၊ ယဇ်ပုရောဟိတ်ထံ အပ်နှံရသည် (ငယ် ၂၊၈)။

ယဇ်ပုရောဟိတ်တာဝန်ဝတ္တရား။ ယဇ်ရောဟိတ်က ယဇ်ပလ္လင်ပေးသို့ ပူဇော်ပေးရသည် (၆:၁၄)။ ပူဇော်စရာဘောဇဉ် လက်တစ်ဆုပ်စာကို ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ပေးသည် (ငယ် ၂၊၉)။

ယဇ်ပူဇော်စရာဝေခွဲခြင်း။ ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ရသော ဘောဇဉ်သည် အမွှေးနံ့သာများနှင့်တကွ ဘုရားသခင်အတွက် လောင်ကျွမ်း၍ နံ့သာမွှေးဖြစ်သွားသည်။ ကျန်သောမုန့်ညက်များကို ယဇ်ပုရောဟိတ်က ပိုင်ဆိုင်သည် (ငယ် ၃၊၁၀)။ ယဇ်ပုရောဟိတ်သည် ပေါင်းသောမုန့်ဖြစ်စေ၊ ဒယ်ဖြင့် ကြော်သော မုန့်ဖြစ်စေ၊ အိုးဖြင့်ချက်သော မုန့်ဖြစ်စေ ပိုင်ဆိုင်သည် (၇:၉)။ ဆီဖြင့် ရောထားပြီးသော မုန့်ညက်ဖြစ်စေ၊ မရောသေးသော မုန့်ညက်အခြောက်ဖြစ်စေ အားလုံး ယဇ်ပုရောဟိတ်နှင့်သက်ဆိုင်သည် (၇:၁၀)။ ဘောဇဉ်ပူဇော်ရတွင် ပူဇော်သူအတွက် ဝေစုမကျန်။

ဘောဇဉ်ပူဇော်သက္ကာပြုသူသည် ဤသို့ပူဇော်ရသောကြောင့် ဤမုန့်၊ လောဗန်၊ ဆီများကဲ့သို့ ဘဝကောင်းကျိုးချမ်းသာရသည်။ လယ်ယာခြံထွက်သီးနှံပေါကြွယ်ဝသည်ဟု ခံယူသည်။

ဘောဇဉ်ပူဇော်သက္ကာသည် ကယ်တင်ရှင် ယေရှုသခင်၏ ကိုယ်ကျင့်တရားပြည့်စုံခြင်း (စင်ကြယ်သောမုန့်ညက်)၊ ဒုစရိုက်ကင်းစင်ခြင်း၊ (တဆေးမဲ့)၊ သန့်ရှင်းသော ကြွယ်ဝခြင်(ဆီ)တို့ကို ပုံဆောင်သည်။ ဆေးဆရာတစ်ဦးက ဤသို့ဖွဲ့ဆိုထားသည်။

လူ့ဘဝအသက်တာကား မေတ္တာဖက်၍မွှေးရနံ့သို့ စင်ကြယ်စွာ လူ့ဘဝအသက်တာ၊ လောကဆူးခြုံတောမှ မွှေးသင်းရာ၊ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော် ဘုန်းအသရေဖြာ ကိုယ်တော်ဘုရားခြေတော်ရင်းမှာ ပျပ်ဝပ်ကိုးကွယ်ပါရစေလား။

F-A Allaben.

Previous Article
Next Article