သုတ္တံကျမ်း ၂၉

၂၉: အကြိမ်ကြိမ်သတိပေးခြင်း ခံရသော်လည်း နောင်ကြဉ်ခြင်းမရှိဘဲ၊ အပြစ်ဒုစရိုက်တွင် ကျင်လည်သူသည် နောက်တခါ မျှော်လင်းချက်အခွင့်အရေးမရှိ။ လုံးဝပျက်စီးခြင်းရောက်သည်။ နောဧလက်ထက်တွင် လူအပေါင်းအား အလီလီအခါခါ သတိပေးခဲ့သော်လည်း ဂရုမစိုက်ကြသဖြင့် ရေလွှမ်းမိုးလာသောအခါ ရုတ်ခြည်းရေနစ် သေဆုံးကြသည်။

တခါက ဧဝ့ဂေလိသတင်းစကား လက်ခံ၍ အကြိမ်ကြိမ်အခါခါ ကြားနာသော်လည်း လက်မခံနိုင်သောသူအား ဧဝံဂေလိဆရာမက “ခရစ်တော်ဘုရားထံသို့ မသွားချင်ဘူးလား”ဟု မေးသည်။ “သူ ငါ့ကိုဘာလုပ်ပေးလို့လဲ၊ သူ့ဟာသူ လူတွေအတွက် သေတယ်လို့ပြောကြတာဘဲ”ဟု ပြန်ဖြေသည်။ ထိုတပတ်တည်းမှာပင် ထိုသူသည် ကံကုန်သွားသည်။ ထိုအဖြစ်အပျက်မှာ လုပ်ကြံဇာတ်လမ်းမဟုတ်။ တိုက်ဆိုင်ခြင်းလည်းမဟုတ်ပါ။ မှန်သောသစ္စာစကား ဖြစ်သည်။

၂၉: အုပ်စိုးသူမင်း၏ ကိုယ်ကျင့်တရားက တိုင်းသူပြည်သားများအပေါ် အရိပ်လွှမ်းမိုးသည်။ ကောင်းသောသူ အာဏာရရှိလျှင် ပြည်သူများဝမ်းသာကြသည်။ ကြီးပွားချမ်းသာကြသည်။ လူယုတ်မာ အာဏာရလာသောအခါ တိုင်းပြည်လည်း ချွတ်ခြုံကျ၍ ဆင်းရဲမွဲတေကြသည်။ မျက်ရည်နှင့်မျက်ခွက် ကပ်နေရသည်။

၂၉: ဉာဏ်ပညာမြတ်နိုးသောသား၊ ခရစ်ယာန်အသက်တာ မွေ့လျော်သောသမီးသည် ဖခင်အတွက် ဝမ်းမြောက်ခြင်းလက်ဆောင် ယူလာသည်။ သို့သော် ဘုရားတရားမသိ၊ ကိုယ်ကျင့်တရားပျက်ပြားသော သားသည် ဖခင်၏ဘဏ္ဍာကို သုံးဖြုန်းသူ ဖြစ်သည်။ ပျောက်သောသား ဇာတ်လမ်းကို ပြန်လည်စဉ်းစားကြည့်ပါ။ ဖခင်၏အမွေကို အချိန်မတန်မီ တောင်းယူ၍ တလွဲသုံးဖြုန်းခဲ့သည်။

၂၉:  တရားတော်နှင့်အညီ အုပ်စိုးသောမင်းသည် တိုင်းပြည်ကို တည်တံ့ခိုင်မြဲစေသည်။ တံစိုးလက်ဆောင်မက်မောသောမင်း၊ လာဘ်ပေး၊ လာဘ်ယူလုပ်သောဘုရင်သည် တိုင်းပြည်ကို ခြူစားစေသူ ဖြစ်သည်။ ပိုးရွလောက်ထိုးသောအစိုးရ ဖြစ်သည်။

၂၉:  မိမိနှင့်သက်ဆိုင်သူ၊ အိမ်နီးနားချင်းများအား စကားအမှန်ပြော၊ မြှောက်ပင့်ပြောသူသည် သူများကို ဒုက္ခရောက်စေသူ ဖြစ်သောကြောင့် မိမိကိုယ်တိုင်လည်း တနေ့ထောင်ချောက်မိလိမ့်မည်။

၂၉:  ဆိုးညစ်သော သူသည် သူတပါးထောင်ချောက်မကြာခဏ ထောင်သောကြောင့် မိမိဆင်သော ထောင်ချောက်က မိမိအား ပြန်မိတတ်သည်။ ဖြောင့်မတ်မှန်ကန်သူသည် တရားတော်နှင့်အညီနေသောကြောင့် ဘေးရန်ကြောက်စရာမရှိ။ စိုးရိမ်ကြောင့်ကြစရာမရှိ။ တေးတကြော်ကြော်ဆို၍ လှုပ်ရှားသွားလာ လုပ်ကိုင်လေ့ရှိသည်။

၂၉: လူကြီးသူကောင်းများသည် မရှိဆင်းရဲသားများ၏ အရေးအရာကို မိမိအမှုကဲ့သို့ခံယူ၍ အားပေးတူညီလေ့ရှိသည်။ လူမိုက်မူကား မသိချင်ယောင်ဆောင်သည်။

၂၉:  ကိုယ်ချင်းစာတရားကင်းမဲ့သူများသည် မြို့သူမြို့သားများအား နေရာမရ၊ မီးရှို့ကြသည်။ ဒေါသအမျက်ဆွပေးသည်။ လှုံ့ဆော်သွေးထိုးကြသည်။ ပညာရှိမူကား ပြည်သူအများအား ငြိမ်သက်ချမ်းသာအောင် ဆောင်ကြဉ်းပေးသည်။

၂၉:  ဤသုတ္တံစကားကို အဓိပ္ပါယ်နှစ်မျိုး ကောက်ယူနိုင်သည်။ လူအများကမူ ပညာရှိက လူမိုက်အား ဆုံးမသောအခါ လူမိုက်က ပြက်ရယ်ပြုသည် ( NKJV,RSV,Berkeley)ဟု နားလည်ရသည်။ ဆုံးမဩဝါဒပေးမှန်း လိမ္မာရေးခြားရှိစေလိုမှန်း လူမိုက်ကမသိ။ အပေးအယူမတည့်နိုင်။

အခြားအနက်ဖွင့်ဆိုခြင်းမှာ ပညာရှိနှင့်လူမိုက် ရင်ဆိုင်တွေ့ဆုံကြသောအခါ လူမိုက်အား အဖက်လုပ်ရန်တွေ့သည့်အတွက် ပညာရှိပင်လျှင် ရယ်စရာဖြစ်လာသည်။ အဓိပ္ပါယ်သိပ်မထူးခြားလှပါ။ နှစ်ခုစလုံး ပညာရှိအနာဘက်က ဖြစ်သည်။

၂၉:၁၀ ဤကျမ်းပိုဒ်တွင်မူ အကောင်းမြင်ဖြင့် ယှဉ်ပြထားသည်။ ASVကျမ်းမူက တမျိုးဖွင့်ဆိုထားသည်။ “ဖြောင့်မတ်သူက ကောင်းရာကောင်းကျိုး စွမ်းဆောင်ပေးသော်လည်း လူမိုက်က သွေးရူးသွေးတန်းမုန်းသည်”ဟု ဆိုသည်။ သွေးရူးသွေးတန်းဆိုသည်မှာ ညစ်ညမ်းဆိုးမိုက်မှုအမျိုးမျိုးကို ဆိုလိုသည်။

NKJV, JND နှင့် Berkeley ကျမ်းမူများတွင် အဓိပ္ပါယ်တမျိုး ဖွင့်ဆိုကြသည်။ လူမိုက်က သွေးရူးသွေးတန်း လိုက်လံဖျက်ဆီးသော်လည်း ပညာရှိက မပစ်ပယ်။ လူကြီးသူကောင်း စိတ်ထား၍ ကြည့်ရှုစောင့်ရှောက်သည်ဟု ဆိုသည်။

၂၉:၁၁  လူမိုက်သည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိမူကား အဆင်မသင့်မှီ ထိန်ဝှက်ထား၏။ ထိုအကြောင်းကို  Adams  ကဤသို့ ဆွေးနွေးထားသည်။

မဆင်မခြင်ဘဲ စိတ်ရှိသည့်အတိုင်းလုပ်ခြင်း၊ ဘေးဘယ်ညာမကြည့်ဘဲ မဖွယ်မရာပြောဆိုခြင်း၊ ပြုမူလှုပ်ရှားခြင်း၊ ရှေ့နောက်ကျိုးကြောင်းဆက်စပ်မတွေးခြင်း၊ အတိုင်းအတာပမာဏမတွက်ဆဘဲ အရမ်းကာရောလုပ်ခြင်း၊ လက်ထဲတွင် ဘာမှမရှိဘဲ၊ လေလုံးထွားခြင်း သို့မဟုတ် ခေါင်းညိတ်သဘောတူခြင်း၊ အကြောင်းစုံမသိဘဲ နားစွန်းနားဖျားဖြင့် တရားနာခြင်းများသည် အမှားချည်းဖြစ်သည်။၄၂

၂၉:၁၂  ရှင်ဘုရင်သည် စဉ်းစားဆင်ခြင်ခြင်း၊ ဝေဖန်ပိုင်းခြားတတ်ခြင်း အသိဉာဏ်ပြည့်ဝဖို့လိုသည်။ သို့မဟုတ်လျှင် အခါတော်ပေးများက ဘုရင့်အဝင်ကြသော သတင်းစကားများကိုသာ ပြောဆိုကြမည်။ ထိုသို့ ကြံဖန်ဝိုက်လှည့်ပြောဆိုခြင်းဖြင့် တပည့်သားမြေးငယ်သားများသည် လူလိမ်လူညာ ဖြစ်သွားကုန်မည်။

၂၉:၁၃  ညှင်းပန်းနှိပ်စက်သူနှင့် ညှင်းပန်းနှိပ်စက်ခံသူ ဆင်းရဲသားသည် လူ့အဖွဲ့အစည်းတွင် အလွန်ကွာခြားသူများ ဖြစ်သည်။ သို့သော် တန်းတူအခွင့်အရေးညီသောနေရာ ရှိသည်။ ထိုသူနှစ်ယောက်စလုံးသည် ဘုရားသခင်ရှေ့တော်၌ ဘဝတူများ ဖြစ်သည်။ ဘုရားသခင်က ထိုသူ နှစ်ယောက်စလုံးအား မျက်စိတစုံစီ ပေးထားပါသည်။

၂၉:၁၄  ဆင်းရဲသားများကို တရားစီရင်ရာတွင်လည်း မျက်နှာခွဲခြားခြင်းမပြုဘဲ တရားတော်နှင့်အညီ စီရင်သောဘုရင်ကို ဘုရားသခင်က ကွယ်ကာစောင့်ရှောက်သည်။ ထိုဘုရင်၏ ရာဇပလ္လင်သည် သတ်တမ်းရှည်မည်။ စစ်မှန်စွာ တရားစီရင်တတ်သော ဘုရင်၏နာမည်မှာ ယေရှုခရစ်တော်တပါးတည်းသာ ရှိသည်။

၂၉:၁၅ ဤကျမ်းပိုဒ်ကို ယနေ့ခေတ်ကာလပညာရှင်များက အကြီးအကျယ် ကန့်ကွက်ဝေဖန်ကြသည်။ အထူးသဖြင့် လူ့အခွင့်အရေး ဒီမိုကရေစီသမားများ ဖြစ်သည်။ ကြိမ်လုံးဟူသည်မှာ အပြစ်ဒဏ်ပေးခြင်း၊ ဆုံးမဆိုသည်မှာ နှုတ်ဖြင့် ပြောဆိုပဲ့ပြင်ခြင်း ဖြစ်သည်။ နှစ်ခုစလုံးပါမှသာလျှင် မိဘများဝတ္တရား ကျေပွန်သည်။ သားသမီးများ လိမ္မာရေးခြားရှိသည်။ ကလေးသူငယ်ပြုစုထိန်းသိမ်းရေး ကျွမ်းကျင်သူ စိတ်ပညာရှင်များကမူ ကန့်ကွက်ကြသည်။

၂၉:၁၆  အရည်အချင်းမပြည့်မှီသူများ အာဏာရရှိလျှင် တိုင်းနိုင်ငံတွင် ရာဇဝတ်မှု၊ ဒုစရိုက်မှု ပေါများလာသည်။ သို့သော် ဉာဏ်ပညာရှိသူများ အာဏာရရှိလာသောအခါ တဖန်ပြိုလဲပျောက်ကွယ် သွားကြမည်။ ထိုကဲ့သို့ပင် အဖွဲ့အစည်းနှင့် အသင်းတော်များတွင်လည်း ဦးစီးဦးဆောင်သူသည် အမြော်အမြင်ပြည့်ဝ၍ ပါးနပ်ရမည်။ စီမံခန့်ခွဲနားလည်ရမည်။ ခေါင်းဆောင်မှုပညာ ရှိရမည်။

၂၉:၁၇  သားသမီးများ၏ ငယ်စဉ်တောင်ကျေးကလေးဘဝ၌ ကောင်းစွာပြုပြင်ဆုံးမပါ။ သားသမီးများ၏ လိမ္မာမှုသည် မိဘများ၏ ရွှင်လန်းချမ်းမြေ့ရာ ဖြစ်သည်။ သားသမီးများသည် မိဘတို့၏ ခေါင်းကိုက်ဝေဒနာဖြစ်သကဲ့သို့ ရွှင်လန်းချမ်းမြေ့ရာ ဆည်းလည်းကလေးများလည်း ဖြစ်သည်။

၂၉:၁၈  ဗျာဒိတ်တော်မရှိလျှင် လူတို့သည် အကျိုးနည်းကြသည်။ တရားတော်ကိုစောင့်သော သူများသည် ပျော်ရွှင်ကြသည်။ ဗျာဒိတ်တော်ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် (၁ရာ ၃:၁ ကိုကြည့်) ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြည်ညိုလေးစားလိုက်နာခြင်းမရှိသော အသိုင်းအဝိုင်းသည် တောရိုင်းတိရစ္ဆာန်များ ဖြစ်သည်။ ဗျာဒိတ်တော် နာခံလိုက်လျှောက်သူများမူကား ကောင်းကြီးမင်္ဂလာခံစားကြသည်။

၂၉:၁၉ ခေါင်းမာသော၊ ထုံပေပေနေတတ်သော၊ ပြန်မပြောနားမထောင်သော အစေခံကျွန်များ၏ သဘောသဘာဝ ရှင်းပြသည်။ ထိုသူများကို နှုတ်ဖြင့်ခိုင်းရုံနှင့် မလုံလောက်။ သခင့်၏စေခိုင်းချက်၊ လိုလားချက်ကို နားလည်သော်လည်း လိုက်မလုပ်ကြ။ ထို့ကြောင့် သခင်ယေရှုက “ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်ဟု အဘယ်ကြောင့် ခေါ်ကြသနည်း” (လု ၆:၄၆)ဟု ဆိုထားသည်။

၂၉:၂၀ သုတ္တံစကားပေါင်း အမျိုးမျိုးကြားသိခဲ့ကြပြီ။ ကြိုတင်မစဉ်းစား၊ မိမိဘာပြောလိုက်မှန်း မသိဘဲ မဆင်မခြင်ပြောဆိုသူထက် လူမိုက်လူအက ပိုကောင်းသည်။ မိမိကိုယ်ကို ပညာရှိသူ ထင်မှတ်သူ (၂၆:၁)နှင့် တဂိုဏ်းတည်း ဖြစ်သည်။

၂၉:၂၁  ငယ်ရွယ်သောကာလမှစ၍ ကျေးကျွန်အား အလိုလိုက်လျှင် သူ့ကိုယ်သူသားဟု ထင်မှတ်ခံယူမည်။ ရှိသမျှကို သူပိုင်ပစ္စည်းဟု အောက်မေ့မည်။ ခွေးကလေးသနားလို့ကျွေးမွေး၊ လူကိုပါးလျက်၊ နားလျက်လုပ်မည်။ အိမ်ပေါ်အီးတတ်ပါမည်။

သားဟူသောစကားလုံးသည် ဤနေရာတွင် အဓိပ္ပါယ်အပေါ်လွင်ပါ။ အဓိပ္ပါယ်တမျိုး ရှိကောင်းရှိနိုင်သည်။

၂၉:၂၂ ဤလူ(၂)မျိုးကို တချိန်တည်းတပြိုင်တည်းတွင်ဖြစ်စေ၊ တယောက်စီဖြစ်စေ တွေ့ကောင်းတွေ့ဖူးကြပေလိမ့်မည်။ စိတ်ဆိုးသူသည် ပတ်ဝန်းကျင်တခုလုံးကို မရိုဖရဲဖြစ်အောင် ပြုလုပ်၍ ဒေါသကြီးသူသည် အမှားဆင့်ကာဆင့်ကာ ကျူးလွန်တတ်သည်။

၂၉:၂၃  မာနကြီးသူသည် ဂုဏ်အသရေပျက်ရကိန်း ရှိသည်။ စိတ်နှလုံးနှိမ့်ချအောက်ကျို့သူသည် မရိုးနိုင်။

ပရောဖက်ဆာစမစ်တို့အဖွဲ့ ဝီးဟောင်းတောင်ထိပ်ပေါ်သို့ တက်ကြသည်။ တောင်ထိပ်ရောက်ခါနီးတွင် တောက်တက်လမ်းပြသည် အနားသို့ရောက်လာ၍ စကားစမြည်ပြောကြသည်။ ပတ်ဝန်းကျင်ရှုမျှော်ခင်း ကြည့်ကြသည်။ ပရောဖက်ဆာသည် တောင်ထိပ်သို့ ရောက်ဖူးသောကြောင့် အားရဝမ်းသာဂုဏ်ယူနေသည်။ ထိုအခိုက်လမ်းပြသမားက လှမ်းဆွဲရာဖင်ထိုင်ရက် ကျသွားသည်။”အိုဆရာ၊ သင့်ဒူးခေါင်း ဘယ်လိုဖြစ်သွားသလဲ၊ သင့်ဒူးခေါင်းမှလွဲ၍ မိမိကိုယ်ကို မထိန်းနိုင်တော့ဘူးလား”ဟု ဆိုသည်။ လူ့ဘဝ၏ အမြင့်မားဆုံးသော အရည်အချင်းသည် အသိဉာဏ်ပညာလား၊ ချစ်ခြင်းမေတ္တာလား၊ သို့မဟုတ် လောကအောင်မြင်မှုလား၊ ဂုဏ်ပကာသနလား၊ စဉ်းစားကြည့်ပါ။

(Choice Gleanings)

အို၊ အိုးသငယ် ဘုရားရှင်၊ အကျွန်ုပ်အား

အနားတော်သို့ သိမ်းဆည်းတောမူပါ

ကိုယ်တော်ထံပါးသာလျှင် ငြိမ်သက်စွာ

ခိုလှုံကွယ်ကာရာ ဖြစ်သည်။

ဒုက္ခရန်သူ ပြဿနာဘေးပတ်ချာလည်မှာ

ကြောက်ရွံဖွယ်ရာ ဝိုင်းရံကြပါသည်။

ကျေးဇူးတော်အားဖြင့် လုံခြုံစေပါ။

ကိုယ်တော်ထံပါးမှာသာလျှင် ခိုလှုံပါရစေ။

James G Deck

၂၉:၂၄  သူခိုးကို အားပေးလက်ခံသူ၊ သူခိုးနှင့်အလိုတူပါသူသည် မိမိအသက်ဘေးအန္တရာယ် ရန်ရှာသူ ဖြစ်သည်။ သူခိုး၏ အကြီးဆုံးရန်သူသည် ခိုးဖော်ခိုးဖက်၊ အားပေးအားမြောက်သူ ဖြစ်သည်။ အကယ်၍ တရားရုံးမှာ ဖော်ကောင်လုပ်လျှင် အားလုံးဘဝပျက်ကုန်မည်။ မှန်ကန်စွာ မထွက်ဆိုလျှင် တရားတော်ကိုမစောင့်၊ မုသာစကားပြောသူ ဖြစ်သည်။ မောစီ စီရင်ထုံးတွင် တရားရုံး၌ ကျမ်းသစ္စာကျိန်ဆိုရန် မှန်ကန်စွာ သက်သေခံရန် ငြင်းဆန်သူသည် တရားရုံးတော်ကို မထီမဲ့မြင်ပြုသူ ဖြစ်သည်။ ထို့ကြောင့် အရေးယူအပြစ်ဒဏ်ထိုက်သင့်သည် (တရား ၅:၁ ကိုကြည့်)။

၂၉:၂၅  အရှက်အကြောက်ကြီးခြင်း၊ စိုးရိမ်မှုများခြင်းသည် အန္တရာယ်တမျိုး ဖြစ်သည်။ အားနည်းချက်ရောဂါတမျိုးဖြစ်၍ လူတောမတိုးနိုင်။ ခရစ်တော်ကို ယုံကြည်လျှင် ပတ်ဝန်းကျင်က ကဲရဲ့ပစ်ပယ်မည်စိုးသောကြောင့် ငရဲပြည်လားသည့် လူသန်းပေါင်းများစွာ လွန်ခဲ့ကြပြီ။

ဘုရားသခင်ကို ချစ်ကြောက်ရိုသေသူသည် ဘဝလုံခြုံသည်။ William Gwmall က “အမှန်တကယ် ကြောက်ရွံ့မည့်သူသည် ဘုရားသခင်ဖြစ်သော်လည်း ဘုရားကို စတိမျှသာကြောက်ပြီး လူကို ပိုကြောက်ကြသည်”ဟု ဆိုသည်။

၂၉:၂၆  လောကလူသားများက အုပ်စိုးမင်းအား ပြဿနာပေါင်းစုံ ဖြေရှင်းနိုင်သူဟု ထင်မှတ်ကြသည်။ သို့သော်လည်း တရားမျှတမှုသည် ဘုရားသခင်ထံတော်ပါးမှ ဆင်းသက်လာခြင်း ဖြစ်သည်။

၂၉:၂၇  မတရားသောသူနှင့်ဖြောင့်မတ်သောသူအကြားတွင် ဧရာမကွာခြားမှု မရှိပါ။ ဖြောင့်မတ်သူက မတရားသူအား မသတီသကဲ့သို့၊ မတရားသောသူကလည်း ဖြောင့်မတ်သူအား မလိုမုန်းတီးသည်။ ထို့ကြောင့် တရားသောသူက မတရားသောသူအပေါ်၊ မတရားသူက တရားသူအပေါ် ထားရှိသောအမြင်သည် အတူတူနှင့် အနူနူ ဖြစ်သည်။

ဤနေရာတွင် ရှောလမုန်၏ သုတ္တံစကား ဆုံးသည်။

 

Previous Article
Next Article