ဟဗက္ကုတ်အနာဂတ္တိကျမ်း ၁

၁။ အကျင့်ပျက်ယွင်းကြသောယုဒလူမျိုးများအပေါ် ဘုရားရှင်အရေးမယူခြင်းအား ပရောဖက်က နားမလည်နိုင်ခြင်း(:)

ကျမ်းစာတစ်အုပ်လုံးတွင် ဟဗက္ကုတ်က သူ့ပုခုံးပေါ်သို့ကျရောက်သော ကြီးလေးသည့် တာဝန် (ဗျာဒိတ်NKJV Marg) ကို ထုတ်ဖော်ရေးသားသည်။  အငယ်၂-၄ ၌ ယုဒလူမျိုးအကြား၌ မတရားသောအမှု၊ လုယက်ခြင်း၊ အနိုင်အထက်ပြုကျင့်ကြခြင်း၊ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်း၊ မတရာသဖြင့် ဆုံးဖြတ်ခြင်း စသည့်အမင်္ဂလာများကို အဘယ့်ကြောင့်ကြည့်နေသနည်းဟု ဘုရားသခင်ထံစောဒကတက်သည်။  ထိုအသရေယုတ်သူများကို အဘယ်ကာလတိုင်အောင် ပြစ်ဒဏ်မပေး၊ အရေးမယူဘဲ နေတော်မူမည်နည်းဟု မေးမြန်းသည်။ ထို့သို့ အမေးမြန်းထူသောကြောင့် ဟဗက္ကုတ်ကို အချို့ကျမ်းစာပညာရှင်များက “ဓမ္မဟောင်းခေတ်၏ သံသယသောမ”ဟု ကင်ပွန်းတတ်ကြသည်။

ပထမအပိုဒ်ငယ်(၁၁)ပိုဒ်သည် ဘုရားသခင်နှင့် ဟဗက္ကုတ်တို့အကြား အပြန်အလှမ်မေးမြေးဖြေကြားကြသော စကားများဖြစ်သည်။

၂။ ယုဒလူမျိုးအားအရေးရန် ဗာဗုလုန်တို့ကို အသုံးပြုမည့်အကြောင့း ဘုရားသခင်၏ ဖြေကြားချက် (:၁၁)

ဟဗက္ကုတ်၏ စောဒကဟစကားကို အငယ် ၅-၁၁ တွင် ဘုရားရှင်ကပြန်လည်ဖြေကြားထားသည်။ ခါလဒဲစစ်တပ်ကြီးအားအသုံးပြု၍ ယုဒပြည်ကို ပြစ်ဒဏ်ပေးမည်။ ခါလဒဲများသည် လျင်မြန်သွက်လက်သည်၊ ရက်စက်သည်၊ ဥစ္စာဓနတပ်မက်သည်။ ကြမ်းတမ်းသည်။ ခက်ထန်းသည်။ ထိုဗာဗုလုန်သားများသည် အစာငတ်သွေးဆာနေသော ဝံပုလွေများထက်ရက်စက်ကြသည်။ ရှင်ဘုရင်မင်းစိုးရာဇာများကိုလည်း မညှာတာ၊ ပြက်ယယ်ပြုလေ့ရှိသည်။ သူတို့တန်ခိုးအာဏာသာ သူတို့ဘုရားဖြစ်သည်။ ထိုအကြောင်းကို Feinberg က ဤသို့ထောက်ခံထားသည်။

ထိုခါလဒဲများသည် စစ်ပွဲများစွာကို အောင်မြင်ခဲ့ကြသည်။ လေဟုန်တိုက်၍ပစ္စည်းများ လွင့်စင်ကုန်သကဲ့သို့ မြင်မြင်သမျှကို ပြောင်သလင်းခါအောင် လုယက်ယူငင်သွားကြမည်။ ခါလဒဲတို့၏ အောင်ပွဲနှင့်အတူ သူတို့အပြစ်သည် ဘုရားသခင်ရှေ့တွင် တောင်ပုံယာပုံ မို့မောက်နေသည်။ အကြောင်းမှာ သူတို့တိုက်ခိုက်ကျွန်ပြု၍ ခိုကိုးရာမဲ့နေသူတို့အပေါ် တရားလက်လွတ် ပြုကျင့်ကြသည်။

၃။ ယုဒလူမျိုးအားအရေးယူရန် ပိုမိုဆိုးယုတ်ကောက်ကျစ်သည့်လူမျိုးကို ဘုရားသခင်ရွေးချယ်မှုအပေါ် စောဒကတက်ခြင်း (:၁၂၁၇)

ဘုရားသခင်၏အဖြေစကားကြားရသောအခါ ဟဗက္ကုတ်ရင်ထဲမရွှင်၊ ဘဝင်မကျနိုင်သောကြောင့် ဘုရားသခင်ထံ ဒုတိယမ္ပိ စောဒကတက်ရပြန်သည်။ ဆိုးညစ်သော ယုဒလူမျိုးကို ဆုံးမရန် သူတို့ထက်သာ၍ ဆိုးယုတ်သောသူကို အဘယ်ကဲ့သို့ရွေးချယ်ရသနည်း။ ဆိုးယုတ်ခြင်းအမှုကိုကြည့်မြင်ရန် သန့်ရှင်းသောမျက်စိတော်ရှိလျက်ပင် ဘုရားသခင်သည် သူတို့၏ အဓမ္မဒုစရိုက်ကို မမြင်ရသလောဟု ဟဗက္ကုတ်မိမိအသိဉာဏ်တစ်ထွာတစ်မိုင်ဖြင့် ငြင်းချက်ထုတ်မိသည်။ ဗာဗုလုန်သားများဆိုးယုတ်ကြသည်မှာ သံသယဖြစ်ဖွယ်မရှိ။ သို့သော်ဗာဗုလုန်ထက် ယုဒလူများ၏ ဆိုးညစ်မှုကပိုကြီးမားသည်။ အမြင့်ဆုံးသောဘုရားသခင်ကို သိလျက်နှင့် ဆန့်ကျင်ကြသည်။ ဘုရားရှင်သည် ထိုဆိုးယုတ်သော ဗာဗုလုန်သားများအား ငါးမျှားချိတ်နှင့် ပိုက်ကွန်ကိုပေးလျက် ဖမ်းဆီးမည်။ ထိုသူများသည် ရုပ်တုဆင်းတုကိုးကွယ်ကြခြင်းဖြင့် ဝလင်စွာစားကြရသည်။ တိုင်းနိုင်ငံသား-သားသတ်သမားများသည် ဆုံးစမထင် အစဉ်တည်တံ့မည်လော။ J. E. Evans က ဤသို့ရှင်းပြထားသည်။

ပုံခိုင်းနှိုင်းချက်ဖြစ်(ခါလဒဲ) တံငါသည်အဖြစ် တင်စားထားသည်။ လူများသည်ပိုက်ထဲမိသော ငါးများနှင့်တူသည်။ တံငါသည်သည်မိမိအား ချမ်းသာကြွယ်ဝစေသော ပိုက်ကွန်ကို အလေးအမြတ်ထား၍ ကိုးကွယ်သည်။ ဤပုံဥပမာတွင် ကမ္ဘာလောကကို ပင်လယ်၊ လူမျိုးကိုငါးများ၊ နေဗုခပ်နေဇာက တံငါသည်၊ ပိုက်ကွန်မှာ ခါလဒဲ စစ်သည်တော်တို့၏ စစ်ရေးစွမ်းရည် (တန်ခိုးအာဏာ) တို့ဖြစ်သည်။ တန်ခိုးအာဏာက စစ်အောင်ပွဲများဖြင့် ချမ်းသာကြွယ်ဝမှုကို ဆောင်ကြဉ်းပေးသည်။

Previous Article
Next Article