ဟေရှာယအနာဂတ္တိကျမ်း ၄၄
၄၄:၁-၅ ဤကျမ်းပိုဒ်များတွင်သူ့လူများအတွက်ထားရှိသောဘုရားသခင် ၏စိတ်သဘောထားနူးညံ့သိမ်မွေ့ပုံတွေ့ရသည်။ ကိုယ်တော်ဘုရား၏ချစ်ခြင်း မေတ္တာသည်သူတို့၏အပြစ်ကိုမမြင်ရက်။ ထို့ကြောင့်ယာကုပ်(ဝင်ကစွက်ကောင်) ဣသရေလ(ဘုရားသခင်၏သားတော်)ယေရှဲရုန(ချီမခြင်း)ဟုခေါ်သည်။ ဘုရားသခင်ကပုံစံသတ်မှတ်ခဲ့ပြီဖြစ်သည့်အတိုင်းကွယ်ကာစောင့်ရှောက်သည်။ ဝိညာဉ်တော်နှင့်ပတ်သက်သောကတိတော်သည်ပင်တေကုတ္တေနေ့တွင်အချို့ တစ်ဝက်ပြည့်စုံခဲ့ပြီဖြစ်သည်။ သို့သော်ခရစ်တော်ဘုရားဒုတိယအကြိမ်ကြွရောက် လာသောအခါမပြည့်စုံသေးသောကတိတော်များအားလုံးပြည့်စုံမည်။ ရေငတ် ပတ်ကြားဘက်လယ်မြေများရေလွှမ်းမိုးမည်။ ဣသရေလစမ်းချောင်းသည် လည်းမြေဆီလွှာရေအဖြစ်စီးဆင်းမည်။ ဣသရေလယာကုပ်၊ဘုရားသခင်တို့၏ အမည်နာမများကိုဂုဏ်ယူဝင့်ကြွားသွာခံယူကြွေးကြော်ကြမည်။ (အပိုဒ်ငယ်၅ သည်တပါးအမျိုးသားများလည်းယေဟောဝါဘုရားနှင့်ဆက်စပ်နှီးနွယ်ကြ မည့်အကြောင်းဘုရားသခင်၏လူများနှင့်ဖက်လှဲတကင်းရှိကြမည့်အကြောင်း ဖြစ်နိုင်သည်။ ဆာ ၈၇:၄-၅နှင့်ယှဉ်ဖတ်ပါ)။
၄၄:၆-၈ ဣသရေလတို့၏ဘုရားယေဟောဝါဘုရားသခင်သည်တဆူ တည်းသောဘုရားသခင်ဖြစ်သည်။ တုနှိုင်းပုံပြုစရာမရှိ။ အတိတ်ကာလတွင် ဣသရေလလူမျိုးပြုခဲ့သောအရာကိုကြည့်ရှု၍၎င်း၊အနာဂတ်တွင်ဖြည့်ဆည်း မည့်အကြံအစည်တော်နှင့်၎င်း၊အခြားဘုရားငယ်၊ဘုရားတုများနှင့်ယှဉ်ကြည့် နိုင်ကြောင်းစိမ်ခေါ်သည်။ ဘုရားသခင်၏လူများသည်ယေဟောဝါဘုရားအား စိုးရိမ်စရာမရှိရ။ ဘုရားသခင်၏သက်သေများဖြစ်သည်။ နောင်တွင်လည်း သက်သေထူကြဦးမည်။ ဣသရေလတွင်အနာဂတ်ကံကြံမ္မာကိုလည်းစီစဉ်ထား ပြီးဖြစ်သည်။ ယေဟောဝါဘုရားသခင်သည်တဆူတည်းသောဘုရားဖြစ်သည်။ ဘုရားရှင်တော်ထံသို့သာခိုလှုံမှီကိုးရာအခြားဘုရားမရှိ။ ထိုအကြောင်းကိုဣသ ရေလတို့နားဝင်အောင်မည်သို့ပြောရမည်နည်း။
၄၄:၉-၁၁ ရုပ်တုဆင်းတုဘုရားတုပြုလုပ်ခြင်း၊ရှိခိုးကိုးကွယ်ခြင်းသည်လူ့ အသိတရားညံ့ဖျင်းခြင်းဖြစ်သည်။ အရှက်တကွဲအကျိုးနည်းဖြစ်ကြဦးမည်။ လူ လက်ဖြင့်လုပ်သောဘုရားများသည်တန်ခိုးမရှိ။ သုံးစားမရပါ။
၄၄:၁၂-၁၇ ပန်းပဲသမားကဖိုထု၍လူချမ်းသာအတွက်ဘုရားလုပ်ပေး သည်။ လိုအပ်သောပုံပန်း သဏ္ဍာပေါ်လာအောင်အချိန်ကုန်လူပန်းထုလုပ်ရသည်။ အလုပ်သမားမောပန်း ၍ခဏနားသောအခါအမောပြေအစာရေဆာစားရသည်။ အနားယူအားဖြည့်ရ သည်။ အကယ်၍စိမ်ပြေနားပြေမလုပ်ဘဲ၊ဖြစ်ကကတ်ဆန်းကသောကမျောထု လုပ်လျှင်ထိုဘုရားရှင်သည်မည်သည့်ပုံပေါက်မည်နည်း။
လယ်သမားကသစ်သားကိုခုတ်ထွင်ဖြတ်တောက်၍ဆူးဆောက်ထု၍သူ ဆင်းရဲအတွက်ဘုရားလုပ်ပေးသည်။ လူလုံးပုံမပေါက်မချင်းတတောက် တောက်ထုလုပ်သည်။ ထိုသူသည်သစ်ပင်တပင်စိုက်၍ကြီးပြင်းလာသောအခါ အချို့အတိုင်းအခက်များကိုထင်းစိုက်မီးလှုံမည်။ တချို့ကိုလောင်စာအဖြစ်သုံး မည်။ တပိုင်းကိုဘုရားအဖြစ်ထုလုပ်မည်။ သူထုလုပ်သောအရုပ်ကိုဘုရားသခင် အဖြစ်ဒူးထောက်၍ပြန်လည်ကိုးကွယ်မည်။ မည်သည့်အဓိပ္ပါယ်ရှိသနည်း။
၄၄:၁၈-၂၀ ထိုသူမိုက်များသည်ဘုရားသခင်ကိုငြင်းပယ်ကြသောကြောင့် မျက်စိကန်းသူများဖြစ်သည်။ သစ်ပင်ကိုကျွန်အဖြစ်သဘောထားလိုက်၊ဘုရား အဖြစ်ကိုးကွယ်လိုက်လုပ်နေကြသည်ကိုမဆင်မခြင်မစဉ်းစားကြ။ တပိုင်းကို အိမ်သုံးပရိဘောဂနှင့်မီးဖိုချောင်သုံးလောင်စာအဖြစ်သုံး၍ကျန်တပိုင်းကိုရှိခိုး ကိုးကွယ်ကြသည်။ ထိုသူများ၏အတွေးအခေါ်ဘဝဒဿနသည်ဖွဲနှင့်ဆန်ကွဲ၊ အိုးတိုက်ဖွဲပြာအဆင့်မျှသာဖြစ်သည်။ မိမိတို့ဝန်ထုတ်ဝန်ပိုးအောက်မှရုန်းကန် လွတ်မြောက်ဖို့မကြိုးစားကြ။ ကြိုးစားရကောင်းမှန်းလည်းမသိကြ။ သူတို့ လက်ထဲတွင်ရှိနေသောရုပ်တုဘုရားသည်ဘုရားမှန်မဟုတ်။ အလိမ်အညာ ဘုရားဖြစ်ကြောင်းလည်းမရိပ်မိကြပါ။
၄၄:၂၁-၂၃ ထာဝရဘုရားသခင်သည်ဣသရေလတို့အားဖန်ဆင်းထားသူ ဖြစ်ကြောင်းမမေ့လျှော့ဖို့သတိပေးထားသည်။ ဣသရေလများသည်ဘုရားသ ခင်၏အစေခံများဖြစ်သည်။ ဣသရေလတို့ဘဝ၌ကြုံတွေ့ရသောတိမ်ညို၊တိမ် မဲများကိုလည်းဖယ်ရှားပေးသည်။ ဝန်ထုတ်ဝန်ပိုးများအောက်မှဆွဲထုတ်ပြီးအထံတော်သို့စိုးမိုးကြရန်ဖိတ်ခေါ်သည်။ ဖန်ဆင်းထားသောသတ္တဝါတိုင်းအထံ တော်တွင်ဟစ်ကြွေးသီဆိုပြဖို့ဖိတ်မန္တကပြုသည်။ ဘုရားရှင်သည်ယာကုပ်အ မျိုးအားကယ်နှုတ်ခဲ့ပြီ။
၄၄:၂၄-၂၇ ဘုရားသခင်သည်ရွေးကောက်ထားသောလူနည်းစုတို့၏ရွေး နှုတ်ရှင်၊ယေဟောဝါဘုရား၊ဖန်ဆင်းရှင်၊အကွယ်အကာ၊ပြန်လည်အားဖြည့်သူ ဖြစ်သည်။ မိစ္တာဆရာတို့၏ဟုပ္ပန်မိတ်ပယ်ပျောက်သူ၊ဗေဒင်သမားများကိုရူး သွပ်စေသူဖြစ်သည်။ ဉာဏ်ပညာ၏အရှင်သခင်လည်းဖြစ်သည်။ ပရောဖက် ဟောကြားခဲ့သည့်အတိုင်းယုဒပြည်နှင့်ယေရုရှလင်သည်ပြိုလဲပျက်စီးမည်ဖြစ် သော်လည်းပြန်လည်ထူထောင်နလံထူကြမည်ဟုအတည်ငြိမ်သည်။ ဘုရားသ ခင်၏လူများသည်သူတပါးဖမ်းဆီးခေါ်ဆောင်သွားရာမှပြန်လာ၍ကုရုမင်းထံ ခိုလှုံကြမည်။
၄၄:၂၈ ကုရုမင်းအကြောင်းအရောဖက်ပြုချက်များသည် မမွေးဖွားခင်နှစ် ပေါင်း၁၅၀မှ၂၀၀ ကြားကာလဟောကြားချက်ဖြစ်သည်ဘုရားသခင်ကထိုသူကို’ငါ၏သိုးထိန်း’ဟုခေါ်ဆိုခြင်းသည်အံ့ဩဖွယ်ရာဖြစ်သည်။
တဖန်ဘုရားသခင်၏လူများအား ဗာဗုလုန်လက်ထဲမှပြန်လည်ခေါ်ထုတ် လာပြီးဗိမာန်တော်ဆောက်လုပ်ခွင့်ပေးခြင်းသည်လည်းအံ့ဩကုန်နိုင်ဖွယ်ဖြစ် သည်။ ဂျူးသမိုင်းဆရာ Josephusကဤသို့ဆိုထားသည်။
ကုရုမင်းသည်နှစ်ပေါင်း၂၁၀ခန့်ကဟေရှာယ၏ပရောဖက်ပြုချက်များကို ဖတ်ရှု၍ဗိမာန်တော်ဆောက်လုပ်မည့်အရေးသိရှိခြင်းဖြစ်သည်။ ထိုအကြောင်းကိုယေရုရှလင်ဗိမာန်တော်မပျက်စီးမှီနှစ်ပေါင်း၁၄၀ခန့်တွင်ဟေရှာယပရော ဖက်ပြုထားသည်။ ထို့ကြောင့်ထိုပရောဖက်ပြုချက်ကိုကုရုမင်းဖတ်ရှုမိသည်။ ဘုရားတရားနှင့်ဆိုင်သောအသိတရားဖြစ်၍လက်ခံကြည်ညိုသည်။ ထိုပရော ဖက်ပြုချက်ကိုမေ့မရအောင်အသိတရား၌စွဲလန်းသည်။၅၃