ဟောရှေအနာဂတ္တိကျမ်း ၁၁
၇။ အမျက်ဒေါသကြားမှ ဘုရားသခင်၏ ကရုဏာတော် (အခန်း ၁၁–၁၃)
လာမည့်အခန်း(၄)ခုတွင် စကားပြောသူအား ဘုရားသခင်နှင့်ဟောရှေ ခွဲခြားသိရှိဖို့ လွယ်ကူစေရန်ကျမ်းချက်များကို ထောက်ပြပါမည်။
ဘုရားသခင် ၁၁:၁ – ၁၂:၁
ဟောရှေ ၁၂:၂ – ၆
ဘုရားသခင် ၁၂:၇ – ၁၁
ဟောရှေ ၁၂:၁၂ – ၁၃:၁
ဘုရားသခင် ၁၃:၂ – ၁၄:၃
ဟောရှေ ၁၃:၁၅ – ၁၄:၃
ဘုရားသခင် ၁၄:၄ – ၈
၁၁:၁–၄ ချစ်မြတ်နိုးတော်မူသောကြောင့် ဘုရားသခင်က ဣသရေလအား အဲဂုတ္တုပြည်မှခေါ်ထုတ်သည်(ထွ၊ ၁၂)။ (ဤကျမ်းစကားကို သခင်ယေရှုကလည်း၊ မ၊၁၂:၁၅ တွင် သုံးထားသည်။) ဘုရားသခင်ကခေါ်လေလေ၊ ရုပ်တုနောက်သို့ပြေးလိုက်လေလေနှင့် ပို၍ဆိုးမိုက်ကြသည်။ ဘုရားသခင်က ကြင်နာယုယစွာ ဆက်ဆံသော်လည်း ဧဖရိမ်တို့သည် ဘုရားသခင်၏ကွယ်ကာစောင့်ရှောက်မှုကို နားမလည်နိုင်ကြ။
၁၁:၅–၈ ဘုရားသခင်ထံတော်ပါးမှ ထွက်ပြေးတိမ်းရှောင်ကြသောကြောင့် ယခင်နေရာဟောင်း အဲဂုတ္တုပြည့်သို့ ထပ်မံကျွန်မခံခိုင်းသော်လည်း အာရှုရိပြည်သို့ မောင်းထုတ်ပစ်မည်။ ဣသရေလတို့ မြို့ကြီး ပြကြီးများကို အာဒမာနှင့် ဇေဘိုင်မြို့တို့ကဲ့သို့ လွင်တီးခေါင်ပြင်ဖြစ်သွားအောင် မလုပ်ရက်ကြောင့်ကို ဘုရားသခင်က ဖျောင်းဖျသည်။
၁၁:၉–၁၂ ဤကျမ်းပိုဒ်သည် အနာဂတ်ကာလတွင် ဘုရားသခင်၏ လူမျိုး ပြန်လည်ပေါင်းစည်းသင့်မြတ်၍ သုခမဂ်လာခံစားကြမည့် အစီအစဥ်တော်ဖြစ်သည်။ ဧဖရိမ်ကို တဖန်ပျက်စီးစေတော့မည်မဟုတ်။ ဟေဗြဲကျမ်းတွင်မူ ဤအပိုဒ်ငယ် (၁၂)ကို အခန်းကြီး၁၂၏ ပထမဆုံးအခန်းငယ်အဖြစ် ဖော်ပြထားသည်။ ဣသရေလလူမျိုးသည် မုသာဖြင့်ပြည့်ဝခြင်း၊ ကောက်ကျစ်ယုတ်မာခြင်း၊ ဟောရှေလက်ထက်တွင် ယုဒများသာ ဘုရားသခင် ယုံကြည်ခြင်းကြောင့်၎င်း၊ ဣသရေလနှင့် ယုဒလူမျိုးပေါင်းစည်းမဖော်ပြလိုခြင်းကြောင့်၎င်း၊KJV, NKJV နှင့် NASB ကျမ်းမူများ၌ ထိပ်ဆုံးမှာ မထားချင်ကြခြင်းဖြစ်နိုင်သည်။