ဟောရှေအနာဂတ္တိကျမ်း ၈

() ရုပ်တုကိုးကွယ်ခြင်းကြောင့် ကျူးကျော်တိုက်ခိုက်ခံရမည်ဟု သတိပေးခြင်း (အခန်း၈)

၈:၁-၃ အာရှုရိတို့သည် ရွှေလင်းယုန်သို့မဟုတ် လင်းတကဲ့သို့ ဣသရေလလူမျိုးတို့အား ထိုးနှက် တိုက်ခိုက်မည်။ ဣသရေလတို့သည် ဘုရားရှင်ပေးထားသော ပဋိညာဉ်တရားကို ဖောက်ဖျက်ကြသောကြောင်း ကြမ္မာငင်မည့်​နေ့ရက်ကာလ နီးကပ်လာပြီ။ သို့သော်ဘုရားသခင်ကို သိရှိပါသည်ဟု နှုတ်ဖျားမှ ဆိုတတ်ကြသည်။

: ဣသရေလနိုင်ငံနှင့် ယုဒနိုင်ငံထူထောင်ခြင်း၌ ဘုရားသခင်၏ အစီအမံတော်မပါရှိပါ။ ရုပ်တုဆင်းတု ကိုးကွယ်ကြခြင်းက ဘုရားသခင်ကိုအမျက်ဒေါသ ထွက်စေပါသည်။ ထို့ကြောင့် ဘုရားရှင်က “အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းကို နာမလည်ဘဲ ဒုံးဝေးကြမည်နည်း”ဟု ကရုဏာဒေါသသော ဆိုထားပါသည်။

          :၁၀ လေပွေထဲတွင် အဖျင်းအမှော်များ လွင့်စင်သကဲ့သို့ ဧဖရိမ်လူမျိုးသည် တပါးအမျိုးသားများအကြားတွင် လွင့်စင်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဧဖရိမ်ကို ရန်မူသော အာရှိုရိအမျိုးသား တပါးအမျိုးသားများက မဟာမိတ်ပြု ကူညီထားသည်။ ထိုသူများကိုလည်းဘုရားရှင်က အရေးယူဦးမည်။ ဣသရေလအမျိုးသည် တိမ်မြှုပ်သွားလေပြီ။ (တိမ်ကောစပြုပြီ NKJV Marg)

          :၁၁၁၄ ဣသရေလတို့၏ ရုပ်တုဆင်းတုကိ အားကိုးကြသည်။ ယုဒတို့သည် မြို့ရိုးခံတပ်များကို တည်ဆောက်ကြသည်။ သို့​သော် ထိုအမှုအရာအားလုံးကို ဘုရားသခင် ဖျက်ဆီးမည်။ ပြည်သူပြည်သားများ ဆင်းရဲစွာ ခံကြရမည်။

Previous Article
Next Article